Latest News

Saturday, July 15, 2017

ထိုင်းမှ နေရပ်ပြန်လာသောလုပ်သား ဂိတ်သုံးခုစာရင်းအရ လေးသောင်းကျော်

ထိုင်းမှ နေရပ်ပြန်လာသောလုပ်သား ဂိတ်သုံးခုစာရင်းအရ
လေးသောင်းကျော်

ထိုင်းရောက် တရားမဝင်မြန်မာလုပ်သားများ နေရပ်ပြန် လာမှုသည် အစိုးရက နယ်စပ်ဂိတ် ပေါက်သုံးခုမှ ကောက်ခံထား သော စာရင်းအရ ၁၅ ရက်အတွင်းလေးသောင်းခန့်ရှိပြီး ထိုင်းနိုင်ငံ အတွင်းမှ နေရပ်ပြန်လာလိုသူ မြန်မာလုပ်သားအချို့သည် ထိုင်း အလုပ်ရှင်များက လုပ်အားခမပေးသောကြောင့် ပြန်လာရန်  အခက်တွေ့နေကြောင်း သတင်းရရှိသည်။

 နေရပ်ပြန်လာလိုသော် လည်း ထိုင်းအလုပ်ရှင်များက လုပ်အားခမပေးသဖြင့် အခက်အခဲ များကြုံ၍ တိုင်ကြားမှု ယခုရက် ပိုင်းတွင် မကြာခဏ ကြုံနေ ကြောင်း ထိုင်းရောက်မြန်မာလုပ် သားများအရေး ကူညီပေးနေ သော မြန်မာအဖွဲ့အစည်းများက ပြောသည်။


‘‘အခုပြဿနာတွေတက်နေ တာက အလုပ်သမားတွေက ပြန် ချင်ကြတယ်။ ဒါပေမဲ့ အလုပ်ရှင် တွေက သက်သက်ရစ်ထားတာ။ သူတို့လုပ်အားခတွေ ရှင်းမပေး ဘူး။ အဲဒီတော့ ပြန်လာချင်တဲ့ သူ တွေက ပြန်လာမရဖြစ်နေတယ်။ ဒီရက်ပိုင်း အဲဒီလိုတိုင်ကြားလာ တာ ခဏခဏပဲ။ ကျွန်တော်တို့က လည်း ရနောင်းဂိတ်ရောက်နေ တယ်။ အခုပြန်ပြီး အဲဒါတွေ ဖြေ ရှင်းပေးရမယ်’’ဟု ထိုင်းရောက် မြန်မာလုပ်သားများအရေးကူညီ ပေးနေသော AAC မဟာမိတ်အ ဖွဲ့မှ ကိုရဲမင်းက ပြောသည်။

‘‘အဲဒီလိုလုပ်အားခတွေ ဖြေ ရှင်းမပေးလို့ ပြဿနာတက်နေကြ တယ်လို့ ထိုင်းအထက်မှာ ဖြစ်နေ တယ်ဆိုတာ ကြားတယ်။ ဒါပေမဲ့ တချို့အလုပ်ရှင်တွေက ပေးပေ မယ့် ကန်ထရိုက်တွေက မပေးတာလည်းရှိတယ်။ တချို့အလုပ်ရှင် တွေကလည်း သက်သက်မပေး တာလည်း ရှိတယ်’’ဟု ထိုင်း ရောက် မြန်မာလုပ်သားများအ ရေး ကူညီပေးနေသော ထိုင်းနိုင်ငံ အခြေစိုက်ပညာရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း (FED) မှ ကိုဇော်မင်းဦးကလည်း ပြော သည်။

ဇူလိုင်လဆန်းက နေရပ်ပြန်လာကြသော မြန်မာလုပ်သားအ ချို့ကို 7Day Daily သတင်းစာ က မေးမြန်းရာ ထိုင်းအလုပ်ရှင် များက လုပ်အားခများရှင်းမပေး သောကြောင့် လုပ်အားခမရဘဲ နေရပ်ပြန်လာသူများလည်း ရှိခဲ့သည်ဟု ဆိုသည်။

ထိုင်းရောက် တရားမဝင် မြန်မာလုပ်သားများ နေရပ်ပြန် လာသူစာရင်းသည် ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၁၃ ရက်အထိ မြဝတီမြို့ရှိ ကျောက်လုံးကြီးဂိတ်မှ ၃၁,၀၀၀ ကျော်၊ ဘုရားသုံးဆူ ဂိတ်မှ ၄,၄၀၀ ကျော်နှင့် ကော့သောင်းဂိတ်မှ ၃,၀၀၀ ကျော် စုစုပေါင်း ၁၅ ရက်အတွင်း ၄၀,၀၀၀ခန့်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနတာဝန်ရှိသူ က ပြောသည်။ သို့သော် ထိုင်းမှ မြန်မာသို့ လုပ်သားများ ပြန်ဝင် လာသော ဂိတ်ဆယ်နှင့်ချီရှိသည်။

နေရပ်ပြန်လာသူ ယင်း ထက်ပိုများကြောင်း ထိုင်းရောက် မြန်မာအဖွဲ့အစည်းများက ပြောကြားသည်။

မဟာချိုင်အခြေစိုက် မြန်မာ လုပ်သားများအရေးကူညီပေးနေ သည့် AAC မဟာမိတ်အဖွဲ့က နေရပ်ပြန်သွားကြသည့် မြန်မာ လုပ်သားများ ၇၀,၀၀၀ ကျော် ရှိကြောင်း ခန့်မှန်းထားသည်ဟု ယင်းအဖွဲ့မှ ကိုရဲမင်းက ပြော သည်။
7Day News

No comments:

Post a Comment