Latest News

Saturday, July 22, 2017

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပန်းဈေးကျလာ

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပန်းဈေးကျလာ

သပြေပန်းတွေက မှော်ဘီ၊ လှည်းကူး၊ ညောင်နှစ်ပင်စတဲ့ ဒေသတွေက အများဆုံးဝင်ရောက်ပါတယ်

ရန်ကုန်၊ ဇူလိုင် ၁၉- အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပန်းဈေးက သိသိသာသာ ကျဆင်းလာတယ်လို့ ပန်းရောင်းချ သူအများစုကို မေးမြန်းမှုတွေအရ သိရပါတယ်။

ဂန္ဓမာပန်း


ဝါဆိုလပြည့်နေ့ မတိုင်ခင်အချိန်က  ဂန္ဓမာပန်းတစ်စည်းကို  ၃၅၀ဝကျပ် ခန့်ရှိပေမဲ့ ဝါဆိုလပြည့်နေ့ နောက်ပိုင်းဖြစ်တဲ့ အခုရက်ပိုင်း အတွင်းမှာတော့ ၂၅၀ဝကျပ် ခန့်သာ ရှိတယ်လို့ သိရပါတယ်။
အခုလအတွင်းက ဂန္ဓမာပန်းပေါ်ချိန် နှောင်းပိုင်းဖြစ်တာကြောင့် ရော၊ မိုးရက်ဆက်တိုက်ရွာနေတာ ကြောင့် ရောပေါင်းပြီး ဂန္ဓမာပန်းဈေးက အပွင့်အရွယ် အစားပေါ် မူ တည်ပြီး ကျပ် ၁၂၀ဝ ကနေ ကျပ် ၂၅၀ဝ ခန့်သာ ရှိတယ်လို့ သိရပါ တယ်။

ပန်းတိမ်ငိုပန်း

ပန်းတိမ်ငိုပန်းကတော့ အခုရက်ပိုင်းအတွင်း ဆယ်ခိုင်စည်း တစ်စည်းကို လက်ကားဈေး အများဆုံး ၆၀ဝကျပ်ကနေ အနည်း ဆုံး ၃၀ဝကျပ်အထိသာ ရှိပါတယ်။

သပြေပန်း

သပြေပန်းမှာ အမျိုးအစားစုံ ရှိပြီး အာဆီယံသပြေ၊ အောင်သ ပြေ၊ ရွှေသပြေ၊ ကံ့ကော်၊ သပြေစတဲ့ သပြေပန်းတွေက မှော်ဘီ၊ လှည်းကူး၊ ညောင်နှစ်ပင်စတဲ့ ဒေသတွေက အများဆုံးဝင်ရောက်တာ ဖြစ်ပါတယ်။
အာဆီယံသပြေပန်းဈေးက ဝါဆိုလပြည့်နေ့ မတိုင်ခင်က တစ်စည်းကို လက်ကားဈေးငွေကျပ် ၁၀ဝကျော်ရှိရာကနေ အခုရက်ပိုင်း မှာ ၅၀ကျပ်ခန့်အထိ ဈေးကျခဲ့ပြီး တချို့သပြေအညွန့်ပြတ်အစည်းတစ်စည်းကို ငွေကျပ် ၁၀နဲ့ ၂၀ ကျပ်ခန့်သာ ရှိတယ်လို့ သိရပါတယ်။

နှင်းဆီပန်း

အခုရက်ပိုင်းအတွင်းမှာတော့ တောင်ကြီးနှင်းဆီပန်း ၁၀ ပွင့်စည်း တစ်စီးကို ၁၀ဝ၀ကျပ်ကနေ ၃၀ဝ ကျပ်အထိ ကျဆင်းလာတာ ဖြစ်ပါ တယ်။

အရောင်အသွေးပေါ်မူတည် ပြီး ဈေးကွာဟချက်ရှိပြီး မိတ်ကပ် ရောင်၊ ပန်းဆီရောင်၊  ချိုချဉ်ရောင်၊ လိမ္မော်ရောင်စတဲ့ အရောင်နဲ့ နှင်းဆီပန်းစည်းကတော့ ၁၀ ပွင့်စည်းတစ်စည်းကို ကျပ် ၇၀ဝ ခန့် ရှိပါ တယ်။

မှော်ဘီ၊ လှည်းကူးစတဲ့ ဒေသတွေက ဝင်ရောက်လာတဲ့ ခြံစိုက် နှင်းဆီ၊ ဆူးမဲ့နှင်းဆီအနီ၊ ရေမွှေး နှင်းဆီစတဲ့ နှင်းဆီပန်းတွေကတော့ လက်ကားဈေး ဆယ်ပွင့် စည်းတစ်စီးကို အများဆုံး ၂၀ဝ ကျပ်ကနေ အနည်းဆုံး ၁၅၀ကျပ် သာ ရောင်းရတယ်လို့ သိရပါတယ်။

မှတ်ချက်။ ။ ဇူလိုင်လ ၁၇ ရက်နေ့ စံပြဈေး၊ ကားကြီးဂိတ်ရှိ လက်ကားရောင်းချတဲ့ ပန်းဆိုင်တွေမှာ သွားရောက်မေးမြန်းခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။

မေသော်တာမောင်

Kumudra


No comments:

Post a Comment