အမေရိကန်သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့ အကြီးအကဲ ရာထူးမှနုတ်ထွက်
အမေရိကန်သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့ အကြီးအကဲ ရှောင်စပိုက်ဆာ ရာထူးမှနုတ်ထွက်သွားကြောင်း သိရပါတယ်။ စပိုက်ဆာဟာ သမ္မတဒေါ်နယ်ထရန့်က အိမ်ဖြူတော်ဆက်ဆံရေးအဖွဲ့ အကြီးအကဲခန့်အပ်မှုအပေါ် ကန့်ကွက်တဲ့အနေဖြင့် ရာထူးမှနုတ်ထွက်ခဲ့ခြင်း ဖြစ်တယ်လို့ အမေရိကန်သတင်းတွေက ဆိုပါတယ်။
သမ္မတထရန့်က အိမ်ဖြူတော်ဆက်ဆံရေး အကြီးအကဲတစ်ဦး အသစ်ခန့်အပ်ခဲ့ခြင်းအပေါ် စပိုက်ဆာက မနှစ်သက်ခဲ့ကြောင်း New York Times သတင်းက ပြောပါတယ်။ ထရန့်က အကြံပေးနဲ့ Wall Street ရင်းနှီးမြှုပ်နှံသူ အန်သိုနီ စကာရာမူစီကို ၎င်းရဲ့ ဆက်ဆံရေးအဖွဲ့ အကြီးအကဲအဖြစ် အသစ်ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက စွက်ဖက်ခြယ်လှယ်ခဲ့ကြောင်းနဲ့ ထရန့်ရဲ့ မဲဆွယ်စည်းရုံးမှုအဖွဲ့ဟာ ရုရှားနဲ့ ပူးပေါင်းကြံစည်ပြီး ရွေးကောက်ပွဲမှာအသာရအောင် လုပ်ဆောင်ခဲ့ခြင်းရှိ မရှိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာခဲ့ပြီးနောက် ထရန့်က အိမ်ဖြူတော်ဆက်ဆံရေးအဖွဲ့ အကြီးအကဲ အသစ်ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။
New York Times ရဲ့ အဆိုအရ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့ အကြီးအကဲ စပိုက်ဆာက အန်သိုနီကို ဆက်ဆံရေးအဖွဲ့ အကြီးအကဲအဖြစ် န့်အပ်မှုအပေါ် သဘောမတူခဲ့ကြောင်းနဲ့ ကြီးမားတဲ့ အမှားတစ်ရပ်ဖြစ်ကြောင်း ယုံကြည်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment