Latest News

Sunday, July 23, 2017

အကျဉ်းထောင် ခုနစ်ခုမှာ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျနေတဲ့ သူ ၇၀ ရာခိုင်နှုန်းကျော်ရှိ

အကျဉ်းထောင် ခုနစ်ခုမှာ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျနေတဲ့ သူ ၇၀ ရာခိုင်နှုန်းကျော်ရှိ

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ၀င်ရောက်စစ်ဆေးခဲ့တဲ့ အကျဉ်းထောင်ရှစ်ခုမှာ ကျဉ်းကျနေတဲ့ပအကျဉ်းသားတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်က မူးယစ်ဆေးဝါးအမှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေဖြစ်လို့ အစိုးရအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးအသွင် ဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေးကော်မရှင်က အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဇူလိုင် ၂၁ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရေးသားထားတဲ့ နှစ်ပတ်လည် အစီရင်ခံစာတင်သွင်းရာမှာ အခုလိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။

‘‘ထောင်တွေမှာ မူးယစ်ဆေးအမှုကြောင့် အကျဉ်းကျတဲ့သူတွေက အများဆုံးဖြစ်နေတာကို တွေ့ရတယ်။ မူးယစ်ဆေးဝါးကတော့ အမျိုးသားရေးအသွင်ဆောင်ရွက်ရမယ့်သဘောလို့ ကျွန်တော်တို့တွေ့ရတယ်’’ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်  ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောပါတယ်။


နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင်ရှစ်ခုမှာ အကျဉ်းသားပေါင်း ၈,၄၆၆ ဦးရှိတဲ့အထဲက ၆,၂၆၂ ဦးက မူးယစ်ဥပဒေကြောင့် အကျဉ်းကျခံနေရသူများဖြစ်တာကို တွေ့ရှိခဲ့ရတယ်လို့ လူ့အခွင့်အရေး ကော်မရှင်က ဆိုပါတယ်။

အကျဉ်းသား၁၀ ဦးမှာ ခုနစ်ဦးက မူးယစ်ဆေးအမှုကြောင့် အကျဉ်းကျနေတာဖြစ်ပြီး မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျခံနေရသူတွေက မြစ်ကြီးနား အကျဉ်းထောင်မှာ အများဆုံးဖြစ်ပြီး မြင်းခြံအကျဉ်းထောင်မှာ ဒုတိယအများဆုံးဖြစ်ကာ ရွှေဘို အကျဉ်းထောင်မှာ တတိယအ များဆုံးဖြစ်တယ်လို့ ကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Source : 7DayDaily

Duwun

No comments:

Post a Comment