Latest News

Monday, July 31, 2017

ပြည်သူတွေ အထိတ်တလန့် ဖြစ်အောင် မီးလောင်ရာလေမပင့်ဖို့  တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးမှူးမေတ္တာရပ်ခံ

ပြည်သူတွေ အထိတ်တလန့် ဖြစ်အောင် မီးလောင်ရာလေမပင့်ဖို့  တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးမှူးမေတ္တာရပ်ခံ

လတ်တလောမှာ ဖြစ်ပွါးနေတဲ့  လူတုပ်ကွေး ကူးစက်ရောဂါနဲ့ ပတ်သတ်ပြီး ပြည်သူတွေ အထိတ်တလန့် ဖြစ်အောင် မီးလောင်ရာလေမပင့်ဖို့  ဧရာဝတီတိုင်းဒေသကြီးပြည်သူ ကျန်းမာရေးဦးစီးမှူးဒေါက်တာထွန်းမြင့်က မေတ္တာရပ်ခံအသိပေးလိုက်ပါတယ်။

မက်စ်(နှာခေါင်းစည်း)က Essential Need မရှိမဖြစ်လိုအပ်တဲ့ အရာတော့ မဟုတ်ဘူးအဲ့ တော့ တစ်ချို့ တွေလည်း မက်စ်တွေဝေနေတာတွေ့ ရပါတယ် ဆိုတော့ ပြည်သူလူထုက မက်စ်မှမရှိရင်မလုံခြုံတော့ ဘူးလို့ ခံစားရနိုင်တယ် ဒါ့ကြောင့် လူမှုရေးအဖွဲ့ တွေကိုလည်း မေတ္တာရပ်ခံပါတယ် ဟု ၄င်းကပြောပါတယ်။

ဇူလိုင်လ(၃၁)ရက်နေ့ က ပုသိမ်မြို့ တိုင်းဒေသကြီ့း ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနတွင်ပြုလုပ်သော A(H1N1) လူတုပ်ကွေးရောဂါ အသိပေးရှင်းလင်းပွဲ မှာပြောဆိုလိုက်တာပါ။

လတ်တလောဖြစ်ပေါ်နေတဲ့  လူတုပ်ကွေးကူးစက်ရောဂါနဲ့ ပတ်သတ်ပြီး လူထူထပ်သော နေရာများမသွားရန် လက်ကိုမကြာခဏဆေးရန် အားရှိသောအစာအဟာရများစားသုံရန်၊အိပ်ရေးဝအောင်အိပ်ဖို့ နှင့် ကိုယ်ခံအားကောင်းအောင်နေဖို့ မှကြားထားသလို ဖျားနာခြင်းများဖြစ်ပါက သိသိချင်းဆေးရုံဆေခန်းများမှာဆေးကုသမှု ခံယူဖို့ ကအဓိကဖြစ်တယ်လို့ ဆရာဝန်တွေကပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ဖိအားတွေသိပ်မပေးပဲ အားပေးကူညီဖို့ ကိုလည်း ဒေါက်တာထွန်းမြင့်က ထည့်သွင်းပြောဆိုခဲ့ ပါတယ်.။

ဧရာဝတီတိုင်းဒေသကြီးမှာ A(H1N1)ကူးစက်ခံသူ(၁၃)ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိလာပြီးဖြစ်တယ်လို့  ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ(၃၁)ရက်နေ့ က A(H1N1) လူတုပ်ကွေးရောဂါ အသိပေးရှင်းလင်းပွဲ မှာပြောဆိုထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသောလက်ကမ်းစာစောင်များတွင်
*ရာသီတုပ်ကွေးရောဂါပိုးသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ပါသည်။
*အဆိုပါရောဂါသည် အချို့ လူများတွင် ရောဂါလက္ခဏာများ ပိုမိုပြင်းထန် နိုင်ပါသည်။
*နှာချေတိုင်း ၊ချောင်းဆိုးတိုင်း ၊ ပါးစပ်နှင့် နှာခေါင်းကို သေချာစွာ ဖုံးအုပ်ပါ။
(လက်ကိုင်ပ၀ါ /တစ်ရှူး/တစ်ခါသုံးပါးစပ် နှာခေါင်းစည်း တို့ ကို အသုံးပြုနိုင်ပါသည်)
*မိမိအနီးတွင် နှာချေ ၊ချောင်းဆို ခြင်းရှိပါကလည်း အထက်ပါနည်းအတိုင်းကာကွယ်ပါ။
*နှာချေ၊ချောင်းဆို ပြီးချိန်နှင့် ရောဂါလက္ခဏာရှိသူများ အားထိတွေ့ ကိုင်တွယ် ပြီးချိန်တိုင်း ရေနှင့်ဆပ်ပြာတို့ ဖြင့် သေချာစွာလက်ဆေးပါ။
*မိမိတုပ်ကွေးဖြစ်ပွါးသည်ဟု သံသယရှိပါက အခြားသူများသို့  ကူးစက်မှုမှ ကာကွယ်ရန်
-မိသားစုနှင့် နီးကပ်စွာနေထိုင်ခြင်း
-ကျောင်း၊ဈေး၊လုပ်ငန်း ခွင့် လူထူထပ်သော နေရာများသို့  သွားလာခြင်းတို့ ကိုရှောင်ကြဉ်ပါ။
ဟုပါရှိသည်။

မျိုးမင်းပိုင်

No comments:

Post a Comment