Latest News

Saturday, July 1, 2017

လွှတ်တော်အသီးသီး၏ လုပ်ငန်းအရပ်ရပ်များ အောင်မြင်နေပြီး တရားစီရင်ရေးကဏ္ဍကို ပြည့်ပြည့်၀၀ မပြုပြင်နိုင်သေးကြောင်း ဦးဝင်းထိန်ပြောကြား

လွှတ်တော်အသီးသီး၏ လုပ်ငန်းအရပ်ရပ်များ အောင်မြင်နေပြီး တရားစီရင်ရေးကဏ္ဍကို ပြည့်ပြည့်၀၀ မပြုပြင်နိုင်သေးကြောင်း ဦးဝင်းထိန်ပြောကြား


ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တို့၏ လွှတ်တော်လုပ်ငန်းအရပ်ရပ်များ အောင်မြင်နေကြောင်း၊ တရားစီရင်ရေးကဏ္ဍကို ပြည့်ပြည့်၀၀ မပြုပြင်နိုင်သေးကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

ဇွန် ၃၀ ရက်က နေပြည်တော် လွှတ်တော်အစည်းအဝေးကျင်းပနေမှုကို လာရောက်လေ့လာသည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းသားများနှင့် တွေ့ဆုံရာတွင် ဦးဝင်းထိန်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အသီးသီးက လွှတ်တော်လုပ်ငန်းအရပ်ရပ်တွေလည်း အောင်မြင်နေခဲ့ပါပြီ။ တရားစီရင်ရေးကဏ္ဍကိုတော့ ကျွန်တော်တို့ ပြည့်ပြည့်၀၀ မပြုပြင်နိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုရင် အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍကိုတော့ ကျွန်တော်တို့ ပြုပြင်ဖို့လိုသေးတယ်။ ကြိုးစားဖို့လိုသေးတယ်”ဟု ဦးဝင်းထိန်က ပြောကြားသည်။

ထို့အပြင် ဦးဝင်းထိန်က NLD အစိုးရသည် ပြည်သူလူထုစားဝတ်နေရေးအတွက် အလုပ်အကိုင်များများစားစား ဖန်တီးမပေးနိုင်သေးကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

“နောက်တချက်က ပြည်သူလုထုရဲ့ စားဝတ်နေရေး တိုးတက်ဖို့အတွက် အလုပ်အကိုင်ဖန်တီးမှု များများစားစား မလုပ်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုရင် အစိုးရတာဝန်ယူပြီဆိုကတည်းက စီးပွားရေးလုပ်ပုံလုပ်နည်း၊ လုပ်ထုံးလုပ်နည်းတွေ လုံးဝပြောင်းသွားတယ်။ ဘယ်လိုပြောင်းသွားလဲဆိုတော့ အရင်အစိုးရလက်ထက်တုန်းက ဗိုလ်ချုပ်ကြီးဟောင်းတွေက သင့်ရာ၊ သင့်ရာ လူနဲ့အပေးအယူလုပ်ပြီးတော့ ဆောင်ရွက်ကြတော့ ဆုံးဖြတ်ချက်က မြန်တယ်။ အဂတိတရားကိုတော့ ထည့်မပြောနဲ့တော့၊ အလုပ်တွေ ဖြစ် တယ်”ဟု ဦးးဝင်းထိန်က ဆက်လက်ပြောကြားခဲ့သည်။

ထွန်း(နေပြည်တော်)/News Watch

No comments:

Post a Comment