Latest News

Monday, July 10, 2017

မရှုပ်မလုပ်မပြုတ် အတွေးအခေါ်အတွက် ဒီမိုကရေစီမှာ နေရာမရှိနိုင်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဓါတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးဖေ့ဘုပ်စာမျက်နှာ
ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ မလိုအပ်တဲ့ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဖယ်ရှားနိုင်ဖို့အတွက် ၀န်ကြီးဌာနတစ်ခုနဲ့ တစ်ခုအကြား ဌာနအချင်းချင်းအကြား ပူးပေါင်းလုပ်ဆောင်မှုတွေမှာ အဟန့်အတားဖြစ်စေတဲ့ အတွေးအခေါ် အစဉ်အလာတွေကို ပယ်ဖျက်ပေးဖို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ဒီမိုကရေစီ စနစ်မှာ မလုပ် ၊ မရှုပ် ၊ မပြုတ်တွေအတွက် နေရာမရှိနိုင်ပဲ ပြည်သူ့ဝန်ထမ်းတွေဟာ ပြည်သူကရွေးချယ်ထားတဲ့ အစိုးရအပေါ် တာဝန်ခံရန်လိုအပ်ကြောင်း နေပြည်တော်က MICC 2 ခန်းမမှာ ဒီကနေ့ ကျင်းပတဲ့ နိုင်ငံ့ဝန်ထမ်းပြုပြောင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက် ထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောပါတယ်။

အခမ်းအနားနဲ့ အတူ ၀န်ထမ်းများ ယုံကြည်ချက် ၊ ခံယူချက်နဲ့ စိတ်ဓါတ်မြင့်မား တက်ကြွလာစေရေးအတွက် ကမ္ဘာ့နိုင်ငံများက ကျင့်သုံးတဲ့နည်းလမ်းတွေကို လေ့လာဆွေးနွေးခြင်းနဲ့ ၀န်ထမ်းများ စိတ်အားထက်သန်တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော်မြှင့်တင်ပေးခြင်း အသိပညာမျှဝေမှုဖိုရမ်ကိုလည်း ကျင်းပခဲ့ပါတယ်။

ဘီဘီစီမြန်မာပိုင်း

BBC Burmese
https://www.facebook.com/bbcburmese/

No comments:

Post a Comment