၈၆ နှစ် စောရဘွားဘွား ခိုးမှုနဲ့ နောက်တစ်ကြိမ် အဖမ်းခံရ
၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းက ရတနာခိုးမှုတွေ ကျူးလွန်နေတဲ့ အမေရိကန်အမျိုးသမီးကြီးတစ်ဦးဟာ အသက် ၈၆ နှစ် ရောက်မှ ခိုးမှုနဲ့ ထပ်အဖမ်းခံရပြန် တယ်လို့ သိရပါတယ်။
ဒေါရစ္စပိန်းဟာ ဂျော်ဂျီယာပြည်နယ် ချမ်ဘလီးမြို့မှာရှိတဲ့ Walmart စတိုးဆိုင်တစ်ဆိုင်မှာ ၈၆့၂၂ ဒေါ်လာ တန်ဖိုးရှိ ပစ္စည်း တွေနဲ့အတူ အဖမ်းခံခဲ့ရတာဖြစ် တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူ့ကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါ တယ်။ သူဟာ ဆိုင်ကနေပစ္စည်း အလစ်သုတ်မှုနဲ့ အရင်တစ်ခေါက် အဖမ်းခံရတုန်းက စောင့်ကြည့် ကိရိယာ ခြေကျင်းတစ်ခု တပ်ဆင်ခံထားရပါတယ်။
ပိန်းဟာ ခိုးမှုတွေကြောင့် ထောင်အကြိမ်ကြိမ် ကျခံရဖူးပါ တယ်။ သူဟာ လက်ဝတ်ရတနာ ဒေါ်လာ နှစ်သန်းဖိုး ခိုးယူခဲ့ဖူးတယ်လို့ ယူဆရပါတယ်။
သူက ဆေးအရောင်းကောင်တာ၊ အီလက်ထရွန်းနစ်နဲ့ ကုန်စိမ်း နေရာတွေက ပစ္စည်းအတော်များ များ ခိုးယူခဲ့တာကို ဆိုင်ဝန်ထမ်းက သတိထားမိခဲ့ပါတယ်။
သူ့ရဲ့ရှေ့နေကတော့ “အရင်က အမှုတွေနဲ့ယှဉ်ရင် ကွာခြားချက်က အသိသာကြီးပါ၊ အခုက တန်ဖိုးကြီးရတနာပစ္စည်းတွေကိစ္စ မဟုတ်ဘူးလေ၊ တစ်နေ့တစ်နေ့ အသက်ဆက်နိုင်ဖို့ စားရေးသောက် ရေးနဲ့ ဆေးဝါးအထောက်အပံ့လို အပ်နေတဲ့ ၈၆ နှစ်အရွယ် အဘွားအိုတစ်ယောက်အကြောင်းပါ”လို့ ပြောပါတယ်။
ပိန်းဟာ မကြာသေးမီက အတ္တလန္တာဆင်ခြေဖုံးတစ်ခုမှာရှိတဲ့ အရောင်းဆိုင်ကြီးတစ်ခုမှာ ဒေါ် လာ ၂၀ဝ၀ တန် စိန်လည်ဆွဲတစ်ကုံးကို ခိုးယူခဲ့ပြီးနောက် နေအိမ် အကျယ်ချုပ်ချမှတ်ခံရကာ မြို့တွင်း ဧရိယာတစ်ဝိုက်က ဈေးဝယ် စင်တာတွေကို ဝင်ရောက်ခွင့်ပိတ်ပင်ခံရပါတယ်။
သူဟာ ၂၃ နှစ်အရွယ်က ပထမဆုံး စိန်ထည်ခိုးယူခဲ့ပြီးနောက် ပိုင်း နာမည်တု ၂၂ ခုထက်မနည်း သုံးစွဲခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ကျောက်မျက်ရတနာကုန်သွယ်ရေးအဖွဲ့ဖြစ်တဲ့ The Jeweler’s Security Alliance ကတော့ ၁၉၇၀ အလွန်နှောင်းပိုင်းနှစ်တွေလောက်ကတည်းက အရောင်း ဆိုင်တွေမှာ သူ့အကြောင်း သတိပေးစာတွေ ပေးပို့ခဲ့ရတယ်လို့ ပြော ပါတယ်။
“ကျွန်မနောင်တတော့ ရခဲ့ပါ တယ်၊ ဒါပေမဲ့ နေရတာလဲ ပျော်ခဲ့ တယ်˘လို့ ၂၀ဝ၅ ခုနှစ်က အေပီ သတင်းဌာနနဲ့ ထောင်တွင်းအင်တာဗျူးတစ်ခုမှာ ပိန်းက ပြောခဲ့ပါတယ်။ သူလုပ်ခဲ့တာတွေဟာ တစ်ခါမှ ငွေအတွက်ကြောင့် မဟုတ်ခဲ့ ဘူးလို့လည်း ဆိုပါတယ်။
Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment