Latest News

Thursday, July 13, 2017

ဗိုလ်မှူးကြီးဗထူး၏ ပုံတူ ကြေးရုပ်တုကို ရွာငံမြို့တွင်စိုက်ထူ

ဗိုလ်မှူးကြီးဗထူး၏ ပုံတူ ကြေးရုပ်တုကို ရွာငံမြို့တွင်စိုက်ထူ

ဖက်ဆစ်ဂျပန်တော် လှန်ရေးအတွင်း ကျဆုံးခဲ့သော ဗိုလ်မှူးကြီးဗထူး၏ပုံတူကြေးရုပ် တုကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့ရှိ ဗထူး ရင်ပြင်တွင် ဇူလိုင် ၁၂ ရက်က စိုက်ထူခဲ့သည်။

ဖက်ဆစ်ဂျပန် တော်လှန် ရေးတိုက်ပွဲဝင်နေစဉ် ၁၉၄၅ ဇွန် လ ၂ ရက်တွင်ရွာငံမြို့နယ် တဲ့လု ကျေးရွာ၌ ကျဆုံးခဲ့သော ဗိုလ်မှူး ကြီးဗထူး၏ (၁၀၁) နှစ်ပြည့် မွေး နေ့အထိမ်းအမှတ်အဖြစ်  ခြောက်ပေမြင့်သော ကြေးရုပ်တုကို စိုက် ထူဂုဏ်ပြုခြင်းဖြစ်ကြောင်း ဗိုလ် မှူးကြီးဗထူးရာပြည့်ပွဲ ကျင်းပရေး ကော်မတီ ဒုတိယဥက္ကဋ္ဌပင်းတယမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းမင်းထွဋ်က ပြော သည်။

ဗိုလ်မှူးကြီးဗထူးသည် ထား ၀ယ်ခရိုင် လောင်းလုံးမြို့နယ် လေးသွန်းခံကျေးရွာဇာတိဖြစ်ပြီး ၎င်းကို ၁၉၁၆ ဇူလိုင် ၁၂ ရက်၌ မွေးဖွားခဲ့သည်။

ယမန်နှစ်က ကျင်းပခဲ့သော ဗိုလ်မှူးကြီးဗထူး နှစ်(၁၀၀)ပြည့် ပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ခဲ့ရာ ဖက်ဆစ် ဂျပန်တော်လှန်ရေးကာလတွင် ကျဆုံးခဲ့သူအားလုံးကို ဂုဏ်ပြု ကြောင်းပါရှိခဲ့သည်။
7Day News

No comments:

Post a Comment