Latest News

Tuesday, July 25, 2017

မဟနဆုံးဖြတ်ချက်ကို အကောင်အထည် မဖော်သည့် အုပ်ချုပ်ရေး အဖွဲ့များ သမိုင်းတရားခံ ဖြစ်လာမည်ဟု သူရဦးအောင်ကိုပြော

မဟနဆုံးဖြတ်ချက်ကို အကောင်အထည် မဖော်သည့် အုပ်ချုပ်ရေး
အဖွဲ့များ သမိုင်းတရားခံ ဖြစ်လာမည်ဟု သူရဦးအောင်ကိုပြော

နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (မဟန) ၏ဆုံး ဖြတ်ချက်များကို ဖော်ဆောင်ပေး ခြင်းမရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသည် နောင်တစ်ချိန်တွင် သမိုင်းတရားခံ ဖြစ်လာမည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

မြန်မာနိုင်ငံကို ဘာသာရေးနှင့် လူမှုရေးအရ ဦးဆောင်နေ သည့် သံဃမဟာနာယကအဖွဲ့ သည် နိုင်ငံသားအများစုကို ကိုယ် စားပြုထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သဖြင့် ယင်းအဖွဲ့၏ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများက မပျက်မကွက်ဖော်ဆောင်ပေးရန် တာဝန်ရှိကြောင်း ၎င်းက ပြော သည်။

 ‘‘သံဃမဟာနာယကအဖွဲ့ ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ရပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက်တွေကို သက်ဆိုင် ရာအုပ်ချုပ်ရေးအဖွဲ့တွေက ဖော် ဆောင်ရပါတယ်။ ဒါကို ဖော် ဆောင်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် မနက်ဖြန် (သို့မဟုတ်) နောင်မှာ သမိုင်းတရားခံ ဖြစ်သွားမယ်ဆို တာကို ပြောချင်ပါတယ်’’ဟုသူရဦးအောင်ကိုက ပြောသည်။

7Day News

No comments:

Post a Comment