မူးယစ်ဆေးသုံးစွဲသူတွေကို လူမှုရေးပြစ်ဒဏ်နဲ့ပဲ အရေးယူတော့မယ်
မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်ကြား ပြစ်ဒဏ်မချမှတ်ဘဲ လူမှုရေးပြစ်ဒဏ်အဖြစ်ချမှတ်မယ့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကြမ်းကို ဒီနှစ်အတွင်း အတည်ပြု ပြဋ္ဌာန်းပေးတော့မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာက ကနေ သိရပါတယ်။
“နိုင်ငံတကာမှာ မူးယစ်ဆေးစွဲသူတွေကို လူနာအနေနဲ့ မှတ်ယူပြီးတော့ပြုပြင်ထိန်းသိမ်းရေး လုပ်နေပါတယ်။ မူးယစ်ဥပဒေ ပုဒ်မ ၁၅ အရ သုံးစွဲသူကိုအရင်လိုထောင်ဒဏ်မချတော့ဘဲ လူမှုပြစ်ဒဏ်နဲ့အစားထိုးတာပါ၊ ဥပဒေကြမ်းလည်း ရေးဆွဲပြီးပြီ၊ မကြာခင်လွှတ်တော်မှာ အတည်ပြု ဆွေးနွေးတော့မယ်”လို့ ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မူးယစ်ဥပဒေကြမ်းကို ပညာရှင်တွေနဲ့ ရေးဆွဲထားပြီး သုံးစွဲသူက အသက်၁၆ နှစ်ပြည့်ပြီးသူတွေဖြစ်ရင် သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်တွေက စည်ပင်လုပ်ငန်းနဲ့ အခြားလူမှုရေး လုပ်ငန်းတွေကို တစ်ရက် ၂ နာရီနှုန်းနဲ့ အနိမ့်ဆုံး ရက်ပေါင်း ၉၀ ကနေ အမြင့်ဆုံး ရက်ပေါင်း ၁၂၀ အထိ နေ့စဉ်အလုပ်လုပ်ဖို့ ချမှတ်ရမယ်လို့ ဆိုပါတယ်။
အသက် ၁၆ နှစ်အောက်ဖြစ်မယ်ဆိုရင်တော့ လူမှုဝန်ထမ်း ဦးစီးဌာနအောက်က လူငယ်ပြုပြင်ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်တဲ့ ပြစ်ဒဏ်ချမှတ်မယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနကနေ သိရပါတယ်။
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ပက်သက်တဲ့ ကိစွရပ်တွေကို အမျိုးသားရေး အန္တရာယ်အနေနဲ့ တိုက်ဖျက်နေပေမယ့် မူးယစ်ဆေး သုံးစွဲရာမှာ အရွယ်ရောက်ပြီး လူငယ်တွေ အဓိကပါဝင်နေကာ ၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (UNODC)အဖွဲ့ အစီအရင်ခံစာအရ မူးယစ်ဆေးဝါးသုံးစွဲသူဦးရေ သုံးသိန်းခန့်ရှိကာ မူးယစ်ဆေးစွဲမှုမှတ်ပုံတင်စာရင်းမှာ ၉၂၅၈ ဦးပဲ ဆေးဝါးကုသမှုခံယူခဲ့နေတယ်လို့ ဆိုပါတယ်။
Source : The Voice
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment