Latest News

Monday, July 24, 2017

လူကုန်ကူးမှုနဲ့ ထောင်ကျသူ ထိုင်း ဗိုလ်ချုပ်ကြီးရဲ့ နောက်ကြောင်းများပေါ်လာ

လူကုန်ကူးမှုနဲ့ ထောင်ကျသူ ထိုင်း ဗိုလ်ချုပ်ကြီးရဲ့ နောက်ကြောင်းများပေါ်လာ

ဇူလိုင်လ ၁၉ ရက်နေ့က  ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခဲ့တဲ့ ထိုင်း ဗိုလ်ချုပ်ကြီး Manas Kongpan ရဲ့ နောက်ကြောင်းတွေ ထပ်မံပေါ်ထွက်လာတာနဲ့အတူ နောက်ဆက်တွဲ အပြစ်ပေးမှုတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီး မားနပ်စ် ကောင်းပန်ဟာ ၂၀၁၂ ခုနှစ်က    မြန်မာနိုင်ငံ က လာကြတဲ့ လှေစီးဒုက္ခသည် ရိုဟင်ဂျာ ၂၆၅ ဦးကို ကမ်းကပ်မခံဘဲ ပင်လယ်ပြင်ကို မောင်းထုတ်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အများမသိလိုက်ကြတာက အဲဒီ ရိုဟင်ဂျာတွေကို တဖက်လှည့်နဲ့ လမ်းပြောင်းပြီး နိုင်ငံတောင်ဘက်စွန်းက တောတွင်း ထိန်းသိမ်းရေးစခန်းတွေကိုပို့ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။  ဒီနောက် သန်သန်မာမာရှိတဲ့ လူငယ်တွေကို မလေးရှားဘက်ကို ရောင်းစားခဲ့ပါတယ်။
ဒါ့အပြင် ကော့သောာင်းမြို့တဘက်ကမ်း ရနောင်းမြို့ကို ရောက်လာတဲ့  လှေစီးဒုက္ခသည်တွေကိုလည်း မလေးရှားနယ်စပ်အနီး  ထိန်းသိမ်းရေးစခန်းတွေကိုပို့ပြီး လူကုန်ကူးကြပါတယ်။

အဲသလို လုပ်ကြရာမှာ  ရနောင်းမြို့က စီးပွါးရေးသမား လူမှောင်ခိုဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဆူနန်-စိုင်းထုန် ဆိုသူက ဗိုလ်ချုပ်ကြီး မားနပ်စ် ကောင်းပန် အမည်ရှိတဲ့ ဘဏ်စာရင်းထဲကို အမေရိကန် ဒေါ်လာ ၆ သိန်းလောက် ပေးသွင်းခဲ့တယ်လို့ အခုနောက်ပိုင်း သိလာရပါတယ်။

စောစောပိုင်းက ဒီကိစ္စတွေ လူမသိခဲ့ဘဲ ၂ဝ၁၅ ခု မေလကျတော့မှ ဆူနန်-စိုင်းထုန်ရဲ့ တူဖြစ်သူက သူတို့လုပ်ငန်းအတွက်  လာဘ်ငွေအဖြစ်   ဒေါ်လာ ၄ သိန်း ပေးခဲ့မှုနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ကောင်းပန် အပေါ် မသင်္ကာမှုတွေ စတင်လာခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ဖေါ်ပြထားပါတယ်။

လူကုန်ကူးမှုတွေအတွက် ဇူလိုင် ၁၉ ရက်နေ့က  ဆူနန်-ကို ထောင်ဒဏ် ၃၅ နှစ်ချမှတ် လိုက်ပေမယ့် တူဖြစ်သူကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment