Latest News

Saturday, July 22, 2017

နေပြည်တော်ပတ်ဝန်းကျင်မှ အမျိုးသမီးငယ်များအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားသူနှစ်ဦးကို ဖမ်းဆီးရမိ

နေပြည်တော်ပတ်ဝန်းကျင်မှ အမျိုးသမီးငယ်များအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားသူနှစ်ဦးကို ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၂၁

နေပြည်တော်ပတ်ဝန်းကျင်မှ အသက်(၂၂)နှစ်၊ (၂၉)နှစ်နှင့် (၃၃)နှစ်အရွယ် အမျိုးသမီး (၄)ဦး အား ပြင်ဦးလွင်မြို့ရှိ အထည်ဆိုင်တွင် အလုပ်လုပ်ရမည်ဟူ၍ လည်းကောင်း၊ မန္တလေးမြို့တွင် အိမ်ဖော် လုပ်ရမည်ဟူ၍ လည်းကောင်း၊ လိမ်လည်စည်းရုံးပြီး တရုတ်နိုင်ငံသို့ရောင်းစားခဲ့ကြသူနှစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ထိုသူနှစ်ဦးမှာ ဦးဝရသာမိ (လူအမည် မျိုးမင်းအောင်) (၂၄)နှစ်၊ (ဘ)ဦးမြင့်ရွှေ၊ မြို့လယ် ကျောင်းတိုက်၊ မင်္ဂလာရပ်ကွက်၊ ပျဉ်းမနားမြို့နေသူနှင့် ဒေါ်စန်းမြင့် (၄၇)နှစ်၊ (ဘ) ဦးသန်းလှိုင်၊ ရွာသစ်ကလေးရပ်ကွက်၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူတို့အားဖမ်းဆီးရမိကြောင်း သိရှိရသည်။

အဆိုပါအမှုနှင့်ပတ်သက်သည့် တရားခံတစ်ဦးဖြစ်သော အာကာလင်း (၂၁ နှစ်ခန့်)၊ (ဘ) စုံစမ်းဆဲ၊ ရခိုင်/ ဗုဒ္ဓ၊ ဆံသလုပ်ငန်း၊ ပတ္တမြားတည်းခိုခန်းအနီး၊ တော်ဝင်ဆံသဆိုင်၊ ရွှေချီရပ်ကွက်၊ ပျဉ်းမနားမြို့ (စုံစမ်းဆဲ) (ယခင်နေရပ် ကန်ထောက်ကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ်နေသူ)မှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင်တရုတ်နိုင်ငံသို့ ရောက်ရှိနေကြသည့် ရောင်းစားခံထားရသူ မြန်မာအမျိုးသမီးငယ်များ အား ပြန်လည်ကယ်တင် ရရှိနိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။

Popular News

No comments:

Post a Comment