Latest News

Friday, July 21, 2017

မန္တလေးကန်တော်ကြီးကို လာမည့်နှစ်ကစ၍ ငါးမမွေးတော့ဘဲ ရေရှင်ကန်အဖြစ်ထားမည်

မန္တလေးကန်တော်ကြီးကို လာမည့်နှစ်ကစ၍ ငါးမမွေးတော့ဘဲ ရေရှင်ကန်အဖြစ်ထားမည်

မန္တလေးကန်တော်ကြီး အတွင်းငါးမွေးမြူရေးလုပ်ငန်း များ ဆက်လက်လုပ်ကိုင်ခြင်းမပြု တော့ဘဲ လာမည့်ဘဏ္ဍာနှစ်ကစ တင်ကာ အများပြည်သူနားနေနိုင် မည့် သဘာဝရေရှင်ကန်အဖြစ် ထားရှိတော့မည်ဟု မန္တလေးမြို့ တော်ဝန်ဒေါက်တာရဲလွင်ကပြော ကြားသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီသည် ချမ်း မြသာစည်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းတောင်ဘက်ခြမ်း ကွင်းအမှတ် (၄၀၆) ရှိ ကန်တော်ကြီးရေပြင်ဧက ၄၅၀ ပေါ်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်အ ကျိုးတူငါးမွေးမြူရေးလုပ်ကိုင်ရန် ၂၀၀၃-၀၄ ဘဏ္ဍာနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ စာချုပ်ချုပ် ဆိုငှားရမ်းခဲ့ပြီး စာချုပ်သက်တမ်း မှာလာမည့် ၂၀၁၈ မတ်လကုန် တွင်ကုန်ဆုံးမည်ဖြစ်သည်။

ငါးမွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် မန္တ လေးကန်တော်ကြီးရေပြင်သည် ရေအရည်အသွေးကျဆင်းကာ ရေနည်းချိန်တွင် ပတ်ဝန်းကျင်သို့ အနံ့ဆိုးများပျံ့နှံ့ပြီး အများပြည်သူ ကျန်းမာရေးထိခိုက်မှုများဖြစ်ပေါ် နေသည်ကိုတွေ့ရှိရ၍ ငါးမွေး သည့် အင်းအဖြစ်မှ ရေစီးရေလာ ကောင်းမွန်သည့် သဘာဝရေရှင် ကန်အဖြစ် အသစ်ပြန်လည်တည် ဆောက်မည်ဖြစ်ကာ ယခုနှစ်ကစ ၍ငါးမျိုးသစ်ထည့်ခြင်းကို ရပ် ဆိုင်းထားပြီးဖြစ်ကြောင်း မြို့ တော်ဝန်ကပြောသည်။

‘‘စာချုပ်သစ်ထပ်မံချုပ်ဆို ငှားရမ်းခြင်းမပြုတော့ဘဲ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ကစပြီး ကန် တော်ကြီးဝန်းကျင်သာယာလှပ ရေး၊ သဘာဝရေရှင်ကန်အဖြစ် ပြန်လည်ပြုပြင်တည်ဆောက်ဖို့ အတွက် မြေသားပြုပြင်ခြင်းလုပ် ငန်းတွေ ဆောင်ရွက်သွားပါမယ်’’ ဟု မြို့တော်ဝန်ကပြောသည်။

လက်ရှိမန္တလေးကန်တော် ကြီးသည် ပတ်ဝန်းကျင်ညစ်ညမ်း မှုများ ဖြစ်ပေါ်နေသလို ကန်ပတ် လမ်းများတွင်လည်း လမ်းမီးများ မရှိဘဲ မန္တလေးမြို့၌ ဒုစရိုက်မှု အများဆုံးဖြစ်ပွားသည့် နေရာ တစ်ခုဖြစ်နေသည်ဟု ချမ်းမြသာ စည်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင် အောင်ကပြောသည်။

ဒုစရိုက်မှုများကြောင့်ကန် တော်ကြီးဝန်းကျင်မှ ဒေသခံများ ညအချိန်တွင်   တော်ရုံအပြင်မ ထွက်ရဲဘဲ ကိုယ်ထူကိုယ်ထလုံခြုံ ရေးကင်းလှည့်နေရကြောင်း ဦး တင်အောင်ကဆိုသည်။

ကန်တော်ကြီးကန်ပတ် လမ်းတွင် အလင်းရောင်ရရှိရန် လမ်းမီးများထွန်းညှိပေးနေသလို ကန်တော်ကြီး၌ ငှားရမ်းထားသည့် စားသောက်ဆိုင်များမှ စွန့်ထုတ် မည့်ရေဆိုးများ သန့်စင်စွန့်ပစ် ရန် စီစဉ်လုပ်ဆောင်နေပြီးအရိပ် ရသစ်ပင်၊ ပန်းအလှပင်များစိုက် ပျိုးခြင်း၊ ကန်တော်ကြီးရေပြင် အတွင်းမှာ ဗေဒါနှင့်အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းတို့ကို လုပ် ဆောင်နေပြီဟု မြို့တော်ဝန်က ပြောသည်။
7Day News

No comments:

Post a Comment