Latest News

Saturday, July 15, 2017

ဖက်ရှင်ဒီဇိုင်နာအား သတ်ပြီး တိုက်ခြောက်လွှာမှ ခုန်ချသူပါသေဆုံး


ရန်ကုန် ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်း ဇူလိုင် ၁၅ ရက် နံနက် ၆ နာရီခန့်က ခြောက်လွှာတိုက်ခန်းအတွင်း ဖက်ရှင်ဒီဇိုင်နာအား သတ်ပြီး အခင်းဖြစ်ပွားရာ တိုက်အထပ်ပြူတင်းပေါက်မှ ခုန်ချရာသေဆုံးမှု ဖြစ်ပွားခဲ့သည်။

အလုံမြို့နယ် စောရန်ပိုင်မြောက်ရပ်ကွက် အောက်ကြည့်မြင်တိုင်လမ်းမ တိုက်အမှတ် ၃၉၅ ၊ ၆ လွှာ (အေ)တွင် ရန်ဖြစ်အော်သံများကြားရပြီး အမျိုးသားတစ်ဦးသံပန်းတံခါးဖွင့်ရန် ပြုလုပ်နေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ရွှေမှ ဦးစွာတွေ့ရှိပြီး မေးမြန်းစဉ် ထိုသူမှာ တိုက်ပြူတင်းပေါက်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


တိုက်ပေါ်မှ ခုန်ချသူမှာ နေမင်း(ခ) နေနေ( အသက် ၂၀ နှစ်) မှာ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူးနှင့် နေမင်း(ခ)နေနေတို့မှာ နံနက် ၆ နာရီခွဲမတိုင်မီက တစ်ဦးနှင့်တစ်ဦးအချင်းများခဲ့ကြပြီးနောက် ထွန်းထွန်းထူးမှာ ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ အထိုးခံရမှုကြောင့် နေရာတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုကြီးတင်
ဓါတ်ပုံ - Min Nay Htoo
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment