Latest News

Monday, July 17, 2017

အမှတ်(၇)အဆန် ရန်ကုန်-နေပြည်တော် အမြန်ရထားတွဲ ဘီးချော်မှုဖြစ်ပွား



ညောင်လေးပင် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ဇူလိုင် ၁၆ ရက်ည ၁၂ နာရီ ၅ဝ မိနစ်အချိန်က အမှတ်(၇) အဆန် ရန်ကုန်-နေပြည်တော်ရထား ဘီးချော်မှုဖြစ်ပွားကြောင်း သိရသည်။ရန်ကုန်မှ ည ၉ နာရီအချိန်တွင် ထွက်ခွာလာသော စက်ခေါင်းမောင်း ဦးမောင်ဇော်၊ စက်ခေါင်းအကူ ဦးကျော်လှိုင်၊ ရထားထိန်း ဦးမြင့်သိန်းတို့မောင်းနှင်လာသော စက်ခေါင်းအမှတ် DF2018 ၊ အမှတ်(၇)အဆန် ရန်ကုန်-နေပြည်တော်အမြန်ရထားသည် ညောင်လေးပင်ဘူတာနှင့် တော်ဝိဘူတာကြား မိုင်တိုင် အမှတ်(၉၅/၁၂)နှင့် (၉၆/၁၆)အကြားအရောက်တွင် အတွဲအမှတ် BTUE-12306 ၊ အထက်တန်းတွဲ(၄)၊ တွဲဆိုင်း၏ဘီးအမှတ် ၃၊၄ သည် အပြင်သို့လည်းကောင်း၊ ဘီးအမှတ် ၅၊၆ သည် အတွင်းသို့လည်းကောင်း ချော်ကျသွားကြောင်းသိရသည်။

 ရထားတွဲဘီးချော်မှုကြောင့် ရထားစီး ခရီးသွား များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိပဲ ကျန်နေသည့်တွဲဆိုင်း များအားချိတ်ဆက်ပြီး နံနက် ၇ နာရီ ၅ မိနစ်တွင်ဆက်လက်ထွက်ခွာနိုင်ခဲ့သည်။ ကျန်ရထားများ ကြန့်ကြာမှု မရှိစေရန် လမ်းလွဲမှမောင်းနှင်စေပြီး ချော်ကျသွားသောတွဲအားပြန်လည်မတင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment