Latest News

Friday, July 21, 2017

ဥပဒေနဲ့ မညီညွတ်ရင် အချိန်စောင့်စရာမလိုဘဲ ဥပဒေအတိုင်းဆောင်ရွက်ဖို့ လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

ဥပဒေနဲ့ မညီညွတ်ရင် အချိန်စောင့်စရာမလိုဘဲ ဥပဒေအတိုင်းဆောင်ရွက်ဖို့ လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

ဘယ်ဌာနတွေက ဆောင်ရွက်တာပဲဖြစ်ဖြစ်  လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့မညီဘူးဆိုရင် ဥပဒေအတိုင်းသာဆောင်ရွက်ဖို့လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဇူလိုင်(၂၀) ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်း အဝေးမှာ ရေကြည်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးစံရွှေဝင်းရဲ့ ဆောက်လုပ်ရေးပိုင် လမ်းမကြီးမှာ စည်ပင်သာယာရေးအဖွဲ့တွေက ကားတွေကို မြို့ဝင်ကြေးကောက်ခံခွင့်ရှိ၊ မရှိနဲ့ မြို့နယ်တစ်ခုအတွင်း တစ်လမ်းတည်းအသုံးပြုရာမှာ အသုံးပြုခ (၄) ကြိမ်ပေးနေရတာဟာ လက်ရှိဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်တွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ မေးခွန်းကို ဝန်ကြီးဌာနက ဖြေကြားခဲ့တဲ့အပေါ် ဦးဝင်းမြင့်က ပြောကြားခဲ့တာဖြစ်ပါတယ်။


ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ဖြေကြားရာမှာ မြို့တွင်းကိုကားတွေ ဝင်ရောက်ရပ်နားတာမရှိတဲ့အတွက် ဒီလို ကောက်ခံတာဟာ စည်ပင်သာယာရေးဥပဒေနဲ့ညီညွတ်မှုမရှိပေမယ့် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က (၂၀၁၇- ၂၀၁၈)ဘဏ္ဍာရေးနှစ်အတွက် လေလံချထားပေးပြီးဖြစ်တာကြောင့် ဘဏ္ဍာနှစ်ကုန်ထိ ဆက်လက်ခွင့်ပြုသွားမှာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ (၂၀၁၈ - ၂၀၁၉)ဘဏ္ဍာနှစ်မှသာ ကောက်ခံမှုကို ခွင့်မပြုတော့မှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

Source : CNB
Photos : pyithuhluttaw
Duwun

No comments:

Post a Comment