Latest News

Tuesday, July 25, 2017

ဝိုင်ဘီအက်စ်ကားများတွင် တပ်ဆင်သည့် ငွေထည့်ပုံးများ ကြိုတင်မှာယူမှုမြင့်တက်

ဝိုင်ဘီအက်စ်ကားများတွင် တပ်ဆင်သည့် ငွေထည့်ပုံးများ ကြိုတင်မှာယူမှုမြင့်တက်

YBS ဘတ်စ်ကားများ တွင် ငွေထည့်ပုံး (Cash Box) တပ်ဆင်ရန် ညွှန်ကြားထားခြင်း ကြောင့်  စက်မှုလုပ်ငန်းများ၌ အော်ဒါမှာယူမှုမြင့်တက်နေပြီး ယာဉ်လိုင်းအချို့က တရုတ်နိုင်ငံ မှ တင်သွင်းတပ်ဆင်ခြင်းများပြု လုပ်နေကြောင်း သတင်းရရှိ သည်။

ပြည်တွင်း၌ ထုတ်လုပ်သည့် Cash Box များကို ကားဘော်ဒီရုံ အချို့နှင့် တောင်ဒဂုံစက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများထံမှ အော်ဒါမှာယူ၍ တပ်ဆင်နေခြင်း ဖြစ် သည်။

‘‘အော်ဒါကတော့ အလုံးရေ တစ်ရာလောက်ရှိတယ်။ ယာဉ် လိုင်းတွေက တိုက်ရိုက်လာမှာ တာရှိသလို တခြားရုံတွေက မနိုင်လို့ တစ်ဆင့်ခံ အပ်ကြတာတွေ လည်း ရှိတယ်။ အများစုက ကျပ် ငါးသောင်းတန်လောက်ကို ဝယ် ကြတယ်’’ဟု တောင်ဒဂုံစက်မှုဇုန် မှ ကားဘော်ဒီလုပ်ငန်းလုပ်ကိုင် နေသည့် ကိုစိုးပိုင်က ဆိုသည်။

YBS ဘတ်စ်ကားများတွင် တပ်ဆင်ရန် ငွေထည့်ပုံး (Cash Box)များကို တရုတ်နိုင်ငံမှ ၁၀ ရာခိုင်နှုန်းခန့် မှာယူနေပြီး အများစုကို ပြည်တွင်းစက်မှုလုပ်ငန်းများ ထံမှ ဝယ်ယူတပ်ဆင်နေကြောင်း ယာဉ်လိုင်းတာဝန်ခံများက ပြော သည်။

ပြည်တွင်းစက်မှုလုပ်ငန်း များထံမှ အော်ဒါမှာယူတပ်ဆင် သည့် Cash Box များသည် တစ်ပုံးလျှင် ကျပ် နှစ်သောင်းခန့်မှ ကျပ် တစ်သိန်းခန့်အထိ ကျသင့် ပြီး တရုတ်နိုင်ငံမှ ဝယ်ယူပါက ကျပ်တစ်သိန်းမှ ကျပ်ခြောက် သိန်းခန့်အထိရှိကြောင်း ၎င်းတို့က ပြောသည်။

‘‘ပြည်ပက မှာတာဆိုရင် ကြားရသလောက်က ကျွန်တော် တို့ယာဉ်လိုင်းရှိမယ်။ YUPT ကုမ္ပ ဏီရှိမယ်။ ကျွန်တော်တို့ကတော့ သုံးသိန်းခွဲတန်လောက်ကို ၁၀ လုံးအစမ်းမှာထားတယ်။ ရောက်လာ မှ အရည်အသွေးကို ကြည့်ပြီး ဆက်မှာသွားဖို့ရှိတယ်’’ဟု PowerEleven အများပိုင် ဘတ်စ်ကား ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးတရုတ်လေးက ပြောသည်။

ပြည်ပမှ မှာယူမည်ဆိုပါက မြန်မာနိုင်ငံသို့ ရောက်ရှိချိန်အထိ သုံးပတ်ခန့် ကြာတတ်ကြောင်း ၎င်းက ဆိုသည်။

ယာဉ်လိုင်းအချို့ကမူ ပြည် ပမှာဝင်လာသည့် Cash Box များ ကို နမူနာပြ၍ တောင်ဒဂုံစက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများထံ ပုံစံတူ အော်ဒါမှာယူနေခြင်းဖြစ်ကြောင်း (၃၉) ယာဉ်လိုင်းတာဝန်ခံ ကိုစည် သူက ပြောသည်။

‘‘ တော်တော်များများက တောင်ဒဂုံက မှာကြတာ။ အဲဒီမှာ စက်မှုလုပ်ငန်းတွေလည်း တော် တော်များတော့ ဒါကို လက်ခံလုပ် ပေးနေတာတွေလည်း များတယ်။ ဒါကြောင့် သိပ်အကြာကြီးတော့ မစောင့်ရပါဘူး’’ဟု ၎င်းက ပြော သည်။

တောင်ဒဂုံစက်မှုဇုန်ရှိ စက် မှုလုပ်ငန်းများထံမှ အော်ဒါမှာယူ မည်ဆိုပါက ငါးရက်ခန့်ကြိုတင် မှာယူရပြီး အရည်အသွေးသည် ဈေးနှုန်းအပေါ်မူတည်၍ ကွာခြားကြောင်း ယာဉ်လိုင်းတာဝန်ခံများက ဆိုသည်။

ထိုသို့တပ်ဆင်မည့် Cash Box များကို ယာဉ်လိုင်းများက အဆင်ပြေရာနေရာများမှ မှာယူ တပ်ဆင်ခွင့်ပြုထားသော်လည်း အမြင်တင့်တယ်သည့်ပုံးများဖြစ် ရမည်ဟု  အရည်အသွေးသတ် မှတ်ထားကြောင်း ၎င်းတို့က ပြော သည်။

Cash Box များ စတင်တပ် ဆင်ထားရှိခဲ့သည့် ရန်ကုန်ဘတ်စ် ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ (YBPC) ကမူ ၎င်းတို့ကား များတွင် ရှိသော ပုံးအများစုသည် ဘတ်စ်ကားဝယ်ယူစဉ်ကတည်း က ပါဝင်လာခြင်းဖြစ်ပြီး မူလက တည်းက ပါဝင်ခြင်းမရှိခဲ့သည့်  ကားများအတွက်ကို ယာဉ်ရပ်နား ဝင်းအနီးရှိ ကားဘော်ဒီရုံက အော် ဒါမှာယူတပ်ဆင်ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ဒုတိယအထွေ ထွေမန်နေဂျာ ဦးသွင်ထူးကျော် က ပြောသည်။

‘‘ကျွန်တော်တို့တပ်ဆင်တဲ့ Cash Box တွေဆိုရင် တစ်လုံးကို ကျပ်တစ်သောင်းခွဲဝန်းကျင် လောက်ရှိတယ်။ ကျွန်တော်တို့ ကားတွေက အလဲလှယ်လုပ်နိုင်ဖို့

အတွက် အရန်တစ်လုံးစီထားတာ ကြောင့် ကားစီးရေ ၁၅၀ ရှိရင် Cash Box က အလုံး ၃၀၀ ရှိတယ်’’ ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု  အာဏာပိုင်အဖွဲ့ (YRTA)သည် YBS ဘတ်စ်ကားများ၌ Cash Box များကို ဇူလိုင် ၂၀ ရက်နောက်ဆုံးထားတပ်ဆင်ရန် ညွှန်ကြားထားခဲ့သည်။

7Day News

No comments:

Post a Comment