Latest News

Thursday, July 20, 2017

ဆောက်လုပ်ရေးဝန်ကြီးဌာနက ဥပဒေမဲ့ မြို့ဝင်ကြေး ကောက်ခံခွင့်မပြုသင့်ကြောင်း ဦးဝင်းမြင့်ပြော

ဆောက်လုပ်ရေးဝန်ကြီးဌာနက ဥပဒေမဲ့ မြို့ဝင်ကြေး ကောက်ခံခွင့်မပြုသင့်ကြောင်း ဦးဝင်းမြင့်ပြော

ဆောက်လုပ်ရေးဝန်ကြီး  ဌာနက ဥပဒေမဲ့မြို့ဝင်ကြေး ကောက်ခံခွင့်ပြုထားသည့်အပေါ် လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က မ ဖြစ်သင့်ကြောင်း ဝေဖန်ပြောကြား သည်။

ဇူလိုင် ၂၀ ရက်ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ရေ ကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံ ရွှေဝင်းက ဧရာဝတီတိုင်းရှိ ရေ ကြည်နှင့်    ငါးသိုင်းချောင်းမြို့ တို့တွင် စည်ပင်သာယာရေးအဖွဲ့ က မြို့ဝင်ကြေးကောက်ခံနေမှု များသည် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီခြင်း ရှိ၊ မရှိဆောက်လုပ် ရေးဝန်ကြီးဌာနအား မေးမြန်းခဲ့ သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာ န ဒုဝန်ကြီးဦးကျော်လင်းက ယင်း ဂိတ်များသည် ဥပဒေနှင့်မညီ သော်လည်း ဧရာဝတီတိုင်းစည် ပင်သာယာရေးအဖွဲ့အား လေလံ ချပေးပြီးဖြစ်သဖြင့်  ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကုန်အထိ ဆက်လက် ကောက် ခံခွင့်ပြုမည်ဖြစ်ကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာ ရေးနှစ်ကစ၍ မြို့ဝင်ကြေးကောက်ခံခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ခွင့်ပြုတော့မည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆောက်လုပ်ရေးဒုဝန်ကြီး၏ ဖြေကြားမှုအပေါ်    ဦးဝင်းမြင့်က ဥပဒေ နှင့်မညီပါက နှစ်ကုန်အထိခွင့်မပြုသင့်တော့ကြောင်း   ပြော ကြားသည်။

‘‘ဥပဒေနဲ့မညီဘူးသိနေရင် ဥပဒေအတိုင်းပဲ ဖြစ်ရမှာပေါ့။ ဘယ်ဌာန၊ ဘယ်အဖွဲ့အစည်းက ပဲလုပ်လုပ် ဥပဒေအတိုင်းမညီဘူး လည်းပြောတယ်။ ဥပဒေအတိုင်း လည်း မဖြစ်ဘူး။ ဒါကို ဆက်ပြီး ထားဦးမယ်ဆိုတာကတော့ တိုင်း စည်ပင်၊ တိုင်းအစိုးရနဲ့ ဝန်ကြီး ဌာနက ပေါင်းစပ်ညှိနှိုင်းဖို့ လိုအပ် တယ် လို့ထင်ပါတယ်’’ ဟု ဦးဝင်း မြင့်က ပြောကြားသည်။

ပုသိမ်-မုံရွာလမ်းမကြီးမှ အ သုတ်မြို့အတွင်းဖြတ်သန်းသွား လာပါက ဖြတ်သန်းခပေးဆောင် ရသော်လည်း   ရေကြည်နှင့် ငါး သိုင်းချောင်းမြို့တို့တွင် မြို့ထဲမ ဝင်ဘဲ မြို့ပြင်ကဖြတ်သန်းရုံဖြင့်မြို့ဝင်ကြေး ပေးဆောင်နေရခြင်း သည် စည်ပင်သာယာရေးအဖွဲ့ များ ဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ (ဂ)၊(ဃ) တို့အရ ဥပဒေနှင့်ကိုက်ညီ မှုမရှိဟု ဆောက်လုပ်ရေးဒုဝန်ကြီး ကပြောသည်။
7Day News

No comments:

Post a Comment