Latest News

Thursday, July 13, 2017

ရန်ကုန်- မန္တလေး အမြန်လမ်း တွင် လုယက်​မှု ဖြစ်ပွား



နေပြည်​​တော်​၊ ဇူလိုင်​-၁၃

ရန်ကုန်- မန္တလေး အမြန်လမ်း မကြီး၏ မိုင်​တိုင်​အမှတ်​ ၁၇၆/၄ နှင့်​ ၁၇၆/၅အကြား တွင်မိထ္တီလာမှရန်​ကုန်​သို့ယာဉ်​​မောင်း ကိုနိုင်​၀င်း​ မောင်းနှင်​လာ​သောHyunoai Starex ကားပျက်၍ ရပ်နားထားစဉ်​ ယ​နေ့နံနက်​ ၅ နာရီက ဓားရှည်ကိုင်ထားသည့် လူ ၃ ယောက်က လုယက်​မှုတစ်ခုဖြစ် ပွားခဲ့သည်​။ လုယက်​ခံရမှု​ကြောင့်​ ကားပေါ်ပါလူနှစ်ဦးထံမှ သိန်း ၅၀၊ ရွှေ ၃ ကျပ်သားနှင့် အိုင်ဖုန်း SE တစ်လုံး စုစု​ပေါင်းကာလတန်​ဘိုး သိန်း ၈၀ ​ကျော်​ကို လုယက် ယူဆောင်သွား​ကြောင်းသိရသည်​။


ဖြစ်စဉ်မှာ ရန်ကုန်တွင် အိမ်တက်တရားနာ ရှိ၍ မိထ္ထီလာမှ မိဘများကို ဦးဘဂျမ်းက သွားရောက်ခေါ်ဆောင်ပြီးအိမ်တက်အလှူပြီး၍ မိဘများကို မိထ္ထီလာနေအိမ်သို့ ပြန်ပို့ခဲ့ သည်​။

မိထ္တီလာမှ ရန်ကုန်သို့အပြန် ဦးဘဂျမ်းနှင့် ကားဆရာဖြစ်သူ ကိုနိုင်ဝင်း တို့နှစ်ယောက် အမြန်လမ်း မိုင်​တိုင်​အမှတ်​၁၇၆/၄ နှင့်​၁၇၆/၅ ကြားတွင် ကားပျက်နေစဉ် လုယက်​မှု ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဇူလိုင် ၁၃ ရက် နေ့လည်ပိုင်းတွင် သာဂရ အမြန်လမ်းရဲစခန်းတွင် သွားရောက် အမှုဖွင့်ထားသည်ဟု သိရသည်​။

သို့ပါ၍ တရားခံ ဖမ်းမိ​ရေးအတွက်​ ရဲတပ်ဖွဲ့ မှလိုအပ်​သည်​များကို စစ်ဆေးခြင်းများ ​ဆောင်​ရွက်​လျှက်​လျက်ရှိ​ကြောင်း သိရသည်​။

သန်းဦး (​လေးမျက်​နှာ)
Nan Myat Oo (fb)

No comments:

Post a Comment