Latest News

Friday, July 21, 2017

ရေလွှမ်းမိုးမှုကြောင့် နိုင်ငံတစ်ဝန်း လူဦးရေ ၉၄,၀၀၀ ကျော် ရွှေ့ပြောင်းထားရ

ရေလွှမ်းမိုးမှုကြောင့် နိုင်ငံတစ်ဝန်း လူဦးရေ ၉၄,၀၀၀ ကျော် ရွှေ့ပြောင်းထားရ

 မြစ်ရေမြင့်တက်ခြင်းနှင့် မိုးကြီးမှုကြောင့် ရေကြီးနစ်မြုပ် သည့်ဒေသတိုးနေကာ နေအိမ် ၆၀,၀၀၀ ခန့် ရေဘေးရင်ဆိုင်နေရပြီး လူဦးရေ ၉၄,၀၀၀ ကျော် ရွှေ့ပြောင်းထားရကြောင်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဇူလိုင် ၂၁ ရက် နောက်ဆုံး ရရှိထားသော စာရင်းများအရ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ပဲခူး တိုင်းဒေသကြီး၊ မွန်နှင့် ကရင် ပြည်နယ်တို့တွင် နေအိမ် ၅၉,၇၄၀ ၌ အမြင့် တစ်ပေမှ ငါးပေခန့်အထိ ရေ၀င်နေကာ လူဦးရေ ၉၄,၂၈၉ ဦးကို ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းထားရ ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

‘‘အခုက စစ်ကိုင်းတိုင်းဒေ သကြီးမှာ ရေကကျနေပြီ။ မကွေး တိုင်းဒေသကြီးဘက်မှာ ရေက တန့်နေတယ်။ မကျသေးဘူး။ အောက်ဘက်ဒေသတွေမှာက ရေကတိုးနေလို့ ရေဘေးသင့်လူ ဦးရေက ပိုများလာနေတာပါ’’ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချာထားရေးဦးစီးဌာန (နေပြည် တော်)ညွှန်ကြားရေးမှူး ဒေါ်ဖြူ လဲ့လဲ့ထွန်းက ပြောသည်။

လတ်တလော ရေဘေးသင့်ဒေသနှင့် လူဦးရေစာရင်းသည်စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ် သောင်းကျော်၊ မကွေးတိုင်းဒေသ ကြီးတွင် ခြောက်သောင်းကျော်၊ ပဲခူးတိုင်းဒေသကြီးတွင် ခုနစ် ထောင်ကျော်၊ ဧရာဝတီတိုင်းဒေ သကြီးတွင် နှစ်ရာကျော်၊ ကရင် ပြည်နယ်တွင် လေးရာကျော်နှင့် မွန်ပြည်နယ်တွင် သုံးထောင် ကျော် ရေဘေးရင်ဆိုင်နေရခြင်း ဖြစ်သည်။

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေ မှတ်အထက် မြင့်တက်ခဲ့သော ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး တွင် ရေဘေးစတင်ရင်ဆိုင်ခဲ့ရ ပြီးနောက် ရေကြီးနစ်မြုပ်သည့် ဒေသ ပိုမိုများပြားလာခဲ့သည်။ ယခုအခါ ချင်းတွင်းမြစ်ရေ ပြန်လည်ကျဆင်း၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးသင့်လူဦးရေ လျော့ကျခဲ့သော်လည်း ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ပဲခူး၊ င၀န်နှင့် တိုးမြစ်တို့ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာကာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် ရေကြီးနစ်မြုပ်မှု ပိုမိုများပြားလာသည်။ လက်ရှိ ရင်ဆိုင်နေရသော ရေဘေးသည် ဇူလိုင် ၁ ရက်က စတင်၍ ရေဘေးကာလ ရက် ၂၀ ကျော်လာပြီဖြစ်သည်။
7Day News

No comments:

Post a Comment