Latest News

Sunday, July 30, 2017

လူပျောက်ရှာရာမှ အကြမ်းဖက်သမားများစခန်းနှင့် ရိက္ခာပစ္စည်းအများအပြား သိမ်းဆည်းရမိ



နိရဉ္စရာ၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်ကျေးရွာ အနီးရှိ ချွတ်ပြင်ကျေးရွာမှ ပျောက်ဆုံးနေသူ မောင်သန်းဌေးကို မေယူတောင်တွင် ဇူလိုင်လ ၃၀ ရက်နေ့ က လိုက်ရှာရာမှ အကြမ်းဖက်သမားများ၏ ရိက္ခာပစ္စည်း အမြောက်အများကို သူတို့ ခိုအောင်းနေထိုင်ရာ စခန်းများနှင့် အတူ သိမ်းဆည်းရမိခဲ့သည် သတင်းရရှိသည်။


သိမ်းဆည်းရမိသော ပစ္စည်းများထဲတွင် ဆန်အိတ်များ၊ ဆေးဝါးများ၊ စားဆီများ၊ ခေါက်ဆွဲခြောက်များ၊ ငရုတ်သီးခြောက်များ၊ ထမင်းချက် အိုးကြီးများ၊ ပန်းကန်များ အပါအ၀င် ပစ္စည်းအမျိုးအစား ၅၀ ခန့် သိမ်းဆည်းရမိသည်ဟု သိရသည်။


ယခု ပစ္စည်းများ သိမ်းဆည်းရမိသော နေရာသည် အထက်နန်းရာချောင်းအနီးရှိ မေယူတောင်တန်းမှ သင်္ကန်းနက်တောင်တွင် ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသူ မောင်သန်းဌေး၏ အိတ်၊ လေးဂွနှင့် မျှားတို့ကို ၎င်းစခန်းတွင် တွေ့ရှိသော်လည်း လူကိုမူ ရှာဖွေ မတွေ့ရှိရသေးဟု သိရသည်။

(သိမ်းဆည်းရမိသော ပစ္စည်းများကို တွေ့ရစဉ်)

Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment