အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီးသစ် ခန့်အပ်
အမေရိကန် အိမ်ဖြူတော်ပြန်ကြားရေးဝန်ကြီး ရှောင်စပိုက်စာ (Sean Spicer) ဟာ ဇူလိုင် ၂၁ ရက်နေ့မှာ တာဝန်ကနေ နုတ်ထွက်ခဲ့ပြီး ဆာရာ ဟက်ကဘီး ဆန်ဒါးစ်ကို ခန့်အပ်လိုက်ပါတယ်။
တိုတောင်းတဲ့ အချိန်ကာလအတွင်း ရုံးတွင်းအရှုပ်အထွေးတွေများလှတဲ့အပြင် သမ္မတထရမ့်ရဲ့ အတွင်းစည်းထဲက လူတွေရဲ့ အစီအစဉ်တကျမရှိဘဲ အပြောင်းအလဲ မြန်ဆန်မှုတွေကြောင့် ခုလိုနုတ်ထွက်ခဲ့တာပါ။
၂၀၁၆ ခုနှစ်က ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ပွဲဟာ ရုရှားနဲ့ ပတ်သက်မှုရှိမရှိ အကြီးအကျယ် စုံစမ်းခံနေရတဲ့ အိမ်ဖြူတော်က မီဒီယာနဲ့ ပြန်ကြားရေးဌာနရဲ့ ဖရိုဖရဲနိုင်မှုတွေကို စပိုက်စာရဲ့ နုတ်ထွက်မှုက ဖော်ပြနေပါတယ်။
စပိုက်စာ နုတ်ထွက်ပြီးနောက်မှာ ဆာရာ ဟက်ကဘီး ဆန်ဒါး (Sarah Huckabee Sanders) ဟာ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့် အရာရှိနဲ့ ပြန်ကြားရေးဝန်ကြီးဖြစ်လာပါတယ်။
Wall Street ဘဏ္ဍာရေးအရာရှိဟောင်း အန်ထော်နီ စကရာမူချီ (Anthony Scaramucci) က အစိုးရရဲ့ ထိပ်တန်းဆက်ဆံရေး အရာရှိဖြစ်လာပြီး ဆာရာ ဟက်ကဘီး ဆန်ဒါ ရဲ့ အထက်အရာရှိ ဖြစ်လာပါတယ်။
ဆန်ဒါက မီဒီယာတွေကို ပြန်လည်ပြောကြားတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ထရမ့်က စပိုက်စာ ထမ်းဆောင်ပေးခဲ့တဲ့ တာဝန်တွေအတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
သမ္မတထရမ့်ဟာ ဇူလိုင် ၂၁ ရက်နေ့က စကရာမူချီနဲ့ သွားရောက်တွေ့ဆုံကာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ အိမ်ဖြူတော်နဲ့ နီးစပ်တဲ့ ရီပတ်ဘလစ်ကန် အမတ်တစ်ယောက်က ရိုက်တာသတင်းဌာနကို ပြောကြောင်း သိရပါတယ်။
DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment