Latest News

Tuesday, July 18, 2017

မြောက်ကိုရီးယားနဲ့ ဆွေးနွေးရမယ့်အချိန်မဟုတ်၊ ဖိအားပေးရမယ့်အချိန်လို့ ဂျပန်ပြော

မြောက်ကိုရီးယားနဲ့ ဆွေးနွေးရမယ့်အချိန်မဟုတ်၊ ဖိအားပေးရမယ့်အချိန်လို့ ဂျပန်ပြော

ဇူလိုင် ၁၈ – မြောက်ကိုရီးယားနဲ့စစ်တပ်ချင်းဆွေးနွေးကြဖို့ တောင်ကိုရီးယားရဲ့ကမ်းလှမ်းချက်ကို ဂျပန်က တနင်္လာနေ့ မှာ အလေးထားဟန်မပြခဲ့ဘဲ ဒဏ်ခတ်အရေးယူမှုတွေကနေတစ်ဆင့် ပြုံယမ်းအပေါ် ဖိအားပေးဖို့ကို ဦးစားပေးသင့် တယ်လို့ ပြောကြားလိုက်ပါတယ်။ “အခုချိန်က ညှိနှိုင်းဆွေးနွေးရမယ့်အချိန်မဟုတ်ပါဘူး၊ ဖိအားပေးရမယ့်အချိန်ပါ” လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် နိုရီယိုမာရူယာမ က နယူးယောက်မှာ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ နယူးယောက်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါက ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးတစ်ခု ကိုတက်ရောက်နေပါတယ်။ “အကျေအလည်ဆွေးနွေးမှုတစ်ခုလုပ်နိုင်ဖို့ဆိုရင် ဖိအားတွေ တိုးမြှင့်ပေးရမယ့်အချိန်ပါပဲ” လို့ မာရူယာမက ပြောခဲ့ပါတယ်။


ပြုံယမ်းက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကို ပထမဆုံးအကြိမ်စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက်မှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနဟာ နှစ်နိုင်ငံကြားကတင်းမာမှုတွေကိုပြေလျော့စေဖို့အတွက် နှစ်နိုင်ငံနယ်စပ်က ယာယီစစ်ပြေငြိမ်းရွာ ပန်မွန်ဂျွန်မှာ ဆွေးနွေးပွဲတစ်ရပ်ကျင်းပသွားဖို့ အဆိုပြုကမ်းလှမ်းခဲ့ပါတယ်။ သည်ဆွေးနွေးပွဲသာ အထမြောက်ခဲ့မယ်ဆိုရင် နှစ်နိုင်ငံကြားမှာ ၂၀၁၅ ခုနှစ်ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံး တရားဝင်ဆွေးနွေးပွဲဖြစ်လာမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂမှာ မြောက်ကိုရီးယားရဲ့ ICBM စမ်းသပ်မှုနဲ့ပတ်သက်လို့ အရေးယူဒဏ်ခတ်မှု အသစ်ချမှတ်နိုင်ဖို့ တရုတ်နဲ့ညှိနှိုင်းတဲ့နေရာမှာ အကျပ်ရိုက်နေစဉ် အခုလိုမျိုး တောင်ကိုရီးယားရဲ့ ကမ်းလှမ်းချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။


ဒဏ်ခတ်အရေးယူပိတ်ဆို့မှုအသစ်မှာ ရေနံကုန်သွယ်ခွင့်ပိတ်ပင်တားမြစ်တာနဲ့ မြောက်ကိုရီးယားကနေအစောင့် ဝန်ထမ်းတွေခေါ်ယူခန့်ထားမှုကို တားမြစ်တာတွေပါဝင်နိုင်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကသင်္ဘောတွေကို နိုင်ငံတကာဆိပ်ကမ်းတွေမှာဆိုက်ကပ်ခွင့် မပေးတာအပါအဝင် ပိုပြီးပြင်းထန်တဲ့ ကုန်သွယ်ရေးတားမြစ်ချက်တွေကို ထည့်သွင်းချမှတ်သွားဖွယ်ရှိနေပါတယ်။ ဂျပန်က ဒဏ်ခတ်အရေးယူပိတ်ဆို့မှုကို ထောက်ခံထားသလို ရုရှားနဲ့တရုတ်အစိုးရတို့အနေနဲ့ မြောက်ကိုရီးယားနဲ့ စီးပွားရေးချိတ်ဆက်မှုတွေကို အဓိကပစ်မှတ်ထားတဲ့ ပိတ်ဆို့နည်းလမ်းတွေကို အခုထက်ပိုပြီး အပြည့်အဝ အကောင်အထည်ဖော်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ အခုနှစ်ရဲ့ ပထမ ၆ လအတွင်း တရုတ်နဲ့မြောက်ကိုရီးယားကြားက ကုန်သွယ်မှုပမာဏဟာ အရင်နှစ်နဲ့နှိုင်းစာရင် ၁၀.၅ ရာခိုင်နှုန်းခန့်၊ အမေရိကန်ဒေါ်လာ ၂.၅ ဘီလျံခန့်အထိ မြင့်တက်ခဲ့တယ်လို့ ဘေဂျင်းအစိုးရရဲ့ တရားဝင်စာရင်း တွေအရသိရပါတယ်။ မြောက်ကိုရီးယားဆီ ငွေကြေးတွေစီးဆင်းဝင်ရောက်နေမှုကို ရပ်တန့်ဖို့ကအရေးကြီးတယ်လို့ မာရူယာမ က ပြောပါတယ်။

မအေးသီမွန်

Kumudra

No comments:

Post a Comment