Latest News

Saturday, July 22, 2017

အမ်းမြို့နယ်တွင်တောင်ကျချောင်းရေများတိုက်စားကာ ဓာတ်ငွေ့ ပိုက်လိုင်းများပေါ်ထွက်လာ

အမ်းမြို့နယ်တွင်တောင်ကျချောင်းရေများတိုက်စားကာ ဓာတ်ငွေ့ ပိုက်လိုင်းများပေါ်ထွက်လာ

ရခိုင်ပြည်နယ်အမ်မြို့နယ်အတွင်းတောင်ကျရေများတိုက်စားကာရေနံနှင့်ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက်တွင်ပိုက်လိုင်းများပေါ်လာသဖြင့်ပေါက်ကွဲမှုဓာတ်ငွေ့ယိုစိမ့်မှု
အန္တရာယ်များအားဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

ဓာတ်ငွေ့ပိုက်လိုင်းယခုလိုပေါ်ထွက်လာတာနှင့်ပတ်သက်ပြီးဒေသခံများစိုးရိမ်မှုလွန်ကဲနေကြောင်းနှင့်နှစ်စဉ်လည်းခုလိုဖြစ်ကြောင်းအမ်းမြို့နယ်ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့က ကိုမျိုးလွင်ကပြောသည်။

“မိုးရွာတာများတော့တောင်ကျရေတွေတိုက်စားပြီးဓာတ်ငွေ့ပိုက်လိုင်းတွေကနေရာတိုင်းလိုလို ပေါ်နေပါတယ်။ ယခင်နှစ်တွေကလည်း ဒီတိုင်းပဲ။ ကျနော်တို့တောင်သူတွေကတော့ဓာတ်ငွေ့ပိုက်လိုင်းတွေကြောင့်အန္တရာယ်ကျရောက်မှာကိုလည်းစိုးရိမ်နေကြပါတယ်” ဟု ဦးမျိုးလွင်က ပြောဆိုသည်။

အမ်းမြို့နယ်တွင် ခမောင်းချောင်း၊ စခန်းမော်၊ လူပျိုချောင်း၊ ပက်ကွေ့၊ အထက်ဆင်ခေါင်းဖျောက်ဦးချောင်ဖျားသံပုရာကျေးရွာသင်္ချိုင်းကုန်းသို့ဖြတ်ပြီး သွယ်တန်းထားခြင်းဖြစ်ပြီး လက်ရှိတွင်ခုနှစ် နေရာအထိ ပိုက်လိုင်းများပေါ်ထွက်နေကြောင်းနှင့်ငါးနေရာပြန်လည်ပြုပြင်နေ
ကြောင်း(CNPC)မှတာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

အမ်းမြို့နယ်တွင် ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် ဒေသခံတာင်သူများ ကိုင်းမြေ၊ လယ်မြေများပျက်စီးမှုရှိသလိုလျော်ကြေးငွေပြည့်စုံစွာမရရှိသည့် သူများလည်း ရှိနေသေးကြောင်းလည်း ဦးမျိုးလွင်မှ ပြောသည်။

သတင်း - ရွှေရအောင်
စံတော်ချိန်

No comments:

Post a Comment