ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများယာယီပိတ်ထား
ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ၁၁ မြို့နယ်ရှိ စာသင်ကျောင်း ၂၂၅ ကျောင်း ယာယီပိတ် ထားရကြောင်း တိုင်းဒေသကြီးအခြေခံပညာ ဦးစီးဌာနမှ သိရသည်။
မကွေးမြို့နယ်တွင် တစ်ကျောင်း၊ ရေနံချောင်း မြို့နယ်တွင် ၁၄ ကျောင်း၊ ချောက်မြို့နယ်တွင် လေးကျောင်း၊ မင်းဘူးမြို့နယ်တွင် ခြောက် ကျောင်း၊ ပွင့်ဖြူမြို့နယ်တွင် ၁၇ ကျောင်း၊ စလင်း မြို့နယ်တွင် ၄၉ ကျောင်း၊ ပခုက္ကူမြို့နယ်တွင် ၄၆ ကျောင်းနှင့်ကံမမြို့နယ်တွင် ငါးကျောင်း၊ သရက်မြို့နယ်တွင် တစ်ကျောင်း၊ ရေစကြို မြို့နယ်တွင် ကျောင်း ၈ဝ နှင့်ဆိပ်ဖြူမြို့နယ်တွင် နှစ်ကျောင်းတို့ ယာယီပိတ်ထားရကြောင်း သိရသည်။
''မြစ်ရေတက်လို့ သွားလာရေးကအစ အဆင်မပြေတော့ဘူး။ ဒါကြောင့် ကျောင်းတွေ ယာယီပိတ်ထားရတာပါ။ မြစ်ရေကျဆင်းသွား လို့ ကျောင်းပြန်ဖွင့်ရင် ကျောင်းပိတ်ချိန်တွေမှာ အချိန်ပိုသဘောမျိုးနဲ့ သင်ခန်းစာတွေကို ပြန် လည် သင်ကြားပေးမှာပါ''ဟု မကွေးမြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ကျောင်းအတွင်း မြစ်ရေဝင်ရောက်ခဲ့သဖြင့် အထက်တန်းအဆင့် ၁၃ ကျောင်း၊အလယ်တန်းအဆင့် ၆၈ ကျောင်း နှင့်မူလတန်းအဆင့် ၁၄၄ ကျောင်း ယာယီပိတ် ထားပြီး ကျောင်းသား ကျောင်းသူစုစုပေါင်း ၂၇၈ဝ၆ ဦးနှင့် ဆရာ ဆရာမ ၁၅၆၄ ဦးတို့ ပညာသင်ကြားနိုင်ရေး အခက်အခဲဖြစ်ရသည် ဟု သိရသည်။
ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေမြင့် တက်လာသော်လည်း ၂ဝ၁၆ ခုနှစ်ရဲ့ ရေတက်စံချိန်အထိ မရောက်ရှိခဲ့ကြောင်း၊ ဇူလိုင် ၂ဝ ရက်အထိ ယခင်နှစ်က ရေတက် စံချိန်မရောက်ရှိပါသဖြင့် စိုးရိမ်ရသည့် အခြေ အနေထိ မဖြစ်ခဲ့ကြောင်း သိရသည်။
သို့သော် ဧရာဝတီမြစ်ရေ ဆက်တိုက် မြင့်တက်မှုကြောင့် မကွေး၊ မင်းဘူး၊ ရေစကြို၊ ချောက်၊ ပွင့်ဖြူ၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ သရက် မြို့နယ်နှင့် ကျေးရွာများမှ ရေဘေးရှောင်ရ သည့် လူဦးပေါင်း ၃ဝဝဝဝ ခန့်ရှိသည်ဟု မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။
ပခုက္ကူမြို့နယ်တွင် အိမ်ထောင်စု ၂၈၇၄ စု၊ လူဦးရေပေါင်း ၁၁၄၄၆ ဦး၊ ရေစကြိုမြို့နယ်တွင် အိမ်ထောင်စု ၁၄ဝဝ ခန့် လူဦးရေ ၅၇၂၇ ဦး၊ ဆိပ်ဖြူမြို့နယ်တွင် အိမ်ထောင်စု ၁၉၄ စု၊ လူဦးရေပေါင်း ၉၂၃ ဦး၊ ပွင့်ဖြူမြို့နယ်တွင် အိမ်ထောင်စု ၂၆ဝ၊ လူဦးရေပေါင်း ၁ဝဝ၆ ဦး၊ မင်းဘူးမြို့နယ်တွင် အိမ်ထောင်စု ၅၈၃၊ လူဦး ရေပေါင်း ၂၁၅၉ ဦး၊ သရက်ခရိုင် ကံမမြို့နယ် တွင် အိမ်ထောင်စု ၁၄၇ စု၊ လူဦးရေပေါင်း ၅၁၂ ဦးနှင့် မကွေးမြို့နယ်တွင် အိမ်ထောင်စု ၃ဝ၈ စု၊ လူဦးရေပေါင်း ၁ဝ၈၆ ဦး၊ ချောက် မြို့နယ်တွင် အိမ်ထောင်စု ၆၉၄ စု၊ လူဦးရေ ပေါင်း ၂၉၅၆ ဦးတို့ ရေဘေးရှောင်နေရသည် ဟု ဇူလိုင် ၁၇ ရက်က ¤င်းဌာန၏ ထုတ်ပြန် ချက်အရ သိခဲ့ရသည်။
''ပခုက္ကူခရိုင်ထဲက တချို့ကျေးရွာတွေက ချင်းတွင်းမြစ်ရေကြောင့်လည်း ရေဘေးနဲ့ ကြုံတွေ့ရတာပါ။ ရေစကြို၊ ပခုက္ကူမြို့တွေက ဒေသခံတွေ ရေဘေးအများဆုံးဖြစ်နေပါတယ်။ဧရာဝတီမြစ်ရေကြောင့် ပခုက္ကူခရိုင်၊ မင်းဘူး ခရိုင်၊ သရက်ခရိုင်နဲ့မကွေးခရိုင်တွေကို ကျွန်မ တို့ ဌာနက ထောက်ပံ့ကူညီဆောင်ရွက်ပေးနေပါ တယ်'' ဟု တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသွဲ့ သွဲ့အောင် က ပြောပြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနရုံးချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းထွဋ်ဦးနှင့်မကွေးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးဦးမြင့်စိုးတို့ ဦး ဆောင်၍ ဇူလိုင် ၁၇ ရက်တွင် မင်းဘူး/စကု မြို့နယ်အတွင်း ရေဘေးရှောင် အိမ်ထောင်စု ၅၈၃ စု၊ လူဦးရေ ၂၁၅၉ ဦးအတွက်ဆန် တစ်ပတ်စာဖိုးငွေကျပ် ၄၅၃၃၉ဝဝ ကို မကွေး တိုင်းဒေသကြီး ကယ်ဆယ်ရေးဦးစီးဌာနမှ ထောက်ပံ့ပေးလှူခဲ့သည်။ ဆက်လက်၍ မကွေး တိုင်းဒေသကြီးအတွင်း ရေဘေးရှောင် အိမ်ထောင်စုများအား လူတစ်ဦးလျှင် တစ်ပတ်စာ ဆန်ဖိုးအဖြစ် ကျပ် ၂၁ဝဝ ကို ဆက်လက်ထောက်ပံ့ပေးမည်ဟု သိရသည်။
''ရေဘေးကယ်ဆယ်ရေးစခန်း ပခုက္ကူမှာ မြို့နယ် နှစ်ခု၊ ရေစကြိုမြို့နယ်မှာ တစ်ခုဖွင့် ထားပါတယ်။ ပခုက္ကူကယ်ဆယ်ရေးစခန်းနဲ့ ဥယျာဉ်ကျေးရွာတို့မှာ လူ ၃ဝ နေနိုင်ရန် ယာယီတဲ နှစ်လုံး၊ ၁ဝ ဦးနေနိုင်ရန် ငါးလုံး၊ ၁၅ ဦးဆံ့ ခုနစ်လုံးနဲ့ လူ ၂ဝ ဆံ့အပါအဝင် စုစုပေါင်း ၁၆ လုံး ရှိပါတယ်။ ရေစကြိုမြို့ ဂူကြီးကျောင်းတိုက်မှာ ယာယီတဲ ၁၄ လုံး ကူညီထားပါတယ်။မိုးကာရေကန် ၁ဝ ကန်စီ၊ အိမ်သာ ၁ဝ လုံးစီနဲ့ ကျန်းမာရေးအတွက် ဆေးခန်းတွေ ဆောင်ရွက်ပေးထားပါတယ်'' ဟု ဒေါ်ဖြူသွဲ့သွဲ့အောင်က ပြောသည်။
''မြစ်ရေကတစ်ပတ်အတွင်း ရေတက်ကြမ်း လာတော့ နွေစပါးတွေ နွေနှမ်းတွေတချို့ တစ်ဝက်လည်းနစ်မြုပ်ကုန်တယ်။ တချို့စပါး တွေကို မြစ်ရေထဲမှာရိတ်သိမ်းခဲ့ရပါတယ်။သုံးပုံ တစ်ပုံလောက်ရခဲ့တာလည်းရှိပါတယ်။ နှမ်း တွေကတော့ အဖူး အပွင့် အသီးတွေနဲ့ရေနစ် သွားတယ်'' ဟု ဒေသခံများက ပြောသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ဇူလိုင် ၂ဝ ရက်ခန့်မှန်းချက် ထုတ် ပြန်စာရင်းအရ ဧရာဝတီမြစ်ရေသည် ပခုက္ကူ မြို့၏ စိုးရိမ်ရေမှတ် ၂၁၅ဝ စင်တီမီတာဖြစ်ပြီး ၂၁၅၃ စင်တီမီတာထိ လည်းကောင်း၊ ချောက် မြို့၏ စိုးရိမ်ရေမှတ် ၁၄၅ဝ စင်တီမီတာဖြစ်၍ ၁၃၆၁ စင်တီမီတာထိ လည်းကောင်း၊ မင်းဘူး မြို့၏ စိုးရိမ်ရေမှတ် ၁၇ဝဝ စင်တီမီတာဖြစ်ပြီး ၁၆၅၇ စင်တီမီတာထိ လည်းကောင်း၊ မကွေး မြို့၏ စိုးရိမ်ရေမှတ် ၁၇ဝဝ စင်တီမီတာဖြစ်ပြီး ၁၆၄၄ စင်တီမီတာအထိ မြစ်ရေမြင့်တက်ခဲ့ ကြောင်း သိရသည်။
ဟံသာလင်း
The Mirror Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment