Latest News

Monday, July 17, 2017

ပခုက္ကူမှာ ရေဘေးဒဏ်ခံနေရသူ တစ်သောင်းခွဲလောက်ရှိ

ဧရာဝတီမြစ်ရေတက်တာကြောင့် မကွေးတိုင်းဒေသကြီးက ကျေးရွာတချို့ရှိနေအိမ်များ ရေဝင်နေသည်ကို တွေ့ရစဉ်။ Photo: Prof Win Myat Aye/ Facebook
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတက်တာကြောင့် ပြောင်းရွှေ့နေရသူ တစ်သောင်း ခွဲလောက်ရှိနေပြီလို့ သိရပါတယ်။

ဧရာဝတီမြစ်ရေမြင့်တက်လာတာကြောင့် ပခုက္ကူမြို့က ရေလယ်ကျွန်းတွေမှာ ရှိတဲ့ကျေးရွာက တစ်ထပ်အိမ်တွေ အကုန်လုံး ရေမြုပ်နေတဲ့အထိ ဖြစ်နေပြီလို့ ပခုက္ကူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက ပြောပါတယ်။

"အခုက ဆက်တိုက်ပဲ သယ်ပြောင်းရွှေ့နေတုန်းပါပဲ။ မပြီးသေးဘူး။ ပြောင်းရွှေ့နေတာ ၂ ရက် လောက်ပဲ ရှိပါသေးတယ်ခင်ဗျ၊ ကျွန်းရွာတွေ ဆိုတော့ တချို့မြေစိုက်အိမ်တွေကတော့ တစ်ထပ်ပဲ ပြောပါတော့ အလွယ်ပြောရရင်၊ အဲ့ဒီအိမ်မျိုးတွေကတော့ မြုပ်ပြီပေါ့။ ဒုတိယထပ်လိုဟာမျိုး ၂ ထပ်ရှိတာမျိုးကျတော့ အပေါ်မှာငြမ်းထိုးပြီးနေကြတာပေါ့။ အဲ့ဒီလိုမျိုးလေးတွေ ရှိတာပေါ့နော်။"

ပခုက္ကူမြို့နယ်ထဲက ရပ်ကွက် ၄ ခု ၊ ကျေးရွာအုပ်စု ၁၈ ခုက အိမ်ထောင်စု ၄ ထောင်ကျော် ၊ လူဦးရေ ၁ သောင်းခွဲလောက်ဟာ စက်လှေတွေနဲ့ ပြောင်းရွှေ့နေရ တာဖြစ်ပါတယ်။

ရေဘေးဒုက္ခသည်တွေကို ကယ်ဆယ်ရေးစခန်း ၅ ခုမှာ ပို့ဆောင်ထားပြီး တချို့ကိုတော့ ဘုန်းတော် ကြီးကျောင်းတွေကို ပို့ပေးထားတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ရေဟာ ဟင်္သာတ၊ ညောင်ဦး၊ ပခုက္ကူနဲ့ ညောင်ဦးမြို့တွေမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ ပြီး နောက် ၃ ရက်လောက်အထိ စိုးရိမ်ရေမှတ်မှာ တည်ရှိနေဦးမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

ချင်းတွင်းမြစ်ရေဟာ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ မုံရွာမြို့တွေမှာ စိုးရိမ်ရေအမှတ်အထက်ကို ရောက်နေ ပြီး နောက် ၂ ရက်အတွင်းမှာတော့ ပြန်လည်ကျ ဆင်းနိုင်တယ်လို့ သိရပါတယ်။

င၀န်မြစ်ရေကတော့ ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်းမှာ ဆက်တက်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment