ရှမ်းလေး
သင်္ဟာတ၊ ဇူလိုင် ၂၂ ရက်
ဧရာဝတီးတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပြာကတတ်
အုပ်စု ငါးခုံစုကျေးရွာရှိ ငါးခုံစု အခြေခံပညာမူလတန်း
လွန်ကျောင်းတွင် ကျောင်းအုပ်အပါအဝင် ပညာရေးသင်ကြားပေးသောဆရာ ဆရာမ စုစုပေါင်း (၃) ဦးသာ ရှိသဖြင့်ကလေးငယ်များ အနာဂတ်ပညာရေးအတွက် စိုးရိမ်တယ်လို့ ကျောင်းသားမိဘတွေ ပြောကြားချက်အရ သိရပါသည်။
"ကျောင်းအုပ်ကြီးက အစည်းအဝေးသွားရင် kgကလေး
တွေမသင်ရဘူး၊ ကျန်တဲ့အတန်းတွေလဲ နိုင်ငံတော်က
တရားဝင်ခန့်တဲ့ဆရာမတွေ မသင်ပဲ ၁၀ တန်းအောင်ပီးသား
ကလေးနှစ်ယောက်သင်နေတော့ အဆင်မပြေဘူး၊ကလေး
တွေရှေ့ရေးအတွက် စိုးရိမ်မိတယ်၊ ဘယ်လိုမှအဆင်မပြေ
ဘူး" ဟု ပြာကတတ်အုပ်စု ငါးခုံစုကျေးရွာမှ ကျောင်းသား
မိဘတဦးလည်းဖြစ် ကျောင်းကော်မတီ အတွင်းရေးမှူး
လည်းဖြစ်သူဦးမင်းလွင်ကပြောသည်။
အဆိုပါ ကျောင်းသည် ပြီးခဲသော ၂၀၁၆-၁၇ပညာသင်နှစ်
တွင် မူလတန်းကျောင်းအဖြစ်ရှိစဉ်ကပင် ယင်းကဲ့သို့ အခက်အခဲနှင့် ကြုံတွေ့စဉ် ပညာရေးဌာနမှ ဝန်ထမ်းယာယီချထားပေးခဲ့သော်လည်း ယခုနှစ် မူလွန်ကျောင်း အဖြစ် အဆင့်
တိုးမြင့်သတ်မှတ်သည့်အချိန်အတွင် အမြဲတမ်း
ပညာရေး ဝန်ထမ်း ၃ဦးတည်းသာသင်ကြားနေရကြောင်း
လည်း ဆက်လက်ပြောပါသည်။
အဆိုပါကျောင်းတွင် ပညာသင်ကြားသည့် ကျောင်းသား
၁၃၀ ရှိပီးဆရာ/ဆရာမအင်အားနှင့် ကျောင်းသားအင်အား
မမျှတမှုကြောင့် ယခုနှစ်မူလွန်စတင်တက်သည့်
၅တန်းကျောင်းသားအချို့ မိဘများမှ အဆိုပါ
အားနည်းမှုအပေါ်စိုးရိမ်ပြီး နတ်မော်အထက်တန်းကျောင်း
သို့ ပြောင်းရွေ့အပ်နှံခဲ့ကြောင်းလဲသိရသည်။
"ကျောင်းသား ၁၀၀ကျော်၊ဒီနှစ်မူလွန်ရတယ်၊ဒီကျောင်း
မှာငါးတန်းအထိထားတယ်၊မနှစ်ကတည်းက (၃)ယောက်ထဲနဲ့သင်နေတာ၊မနှစ်ကနှစ်လယ်လောက်ကတည်းက၊
ဆရာမတယောက်ကို ကျောင်းသား ၄၀ လောက်သင်နေရတာ ဆရာမတွေလဲပင်ပန်းတယ်၊ကလေးတွေက အခြေခံမကောင်းရင် နောင်ရေးလဲ မကောင်းနိုင်ဘူး"ဟု ငါးခုံစု ကျေးရွာမှ ကျောင်းသားမိဘတဦးဖြစ်သူ ဦးခင်မောင်ဝင်းက ပြောပါ
သည်။
ယင်းသို့ ပညာရေးဝန်ထမ်း လိုအပ်နေမှုအား တာဝန်
ရှိသူများမှ အမြန်ချထားပေးရန်လိုကြောင်းလည်း
ကျောင်းသားမိဘများကပြောသည်။
ငါးခုံစု မူလတန်း လွန်ကျောင်းသည် ၁၉၉၂ ခုနှစ် တွင် လေဆင် နှာမောင်းတိုက်ခတ်မှုကြောင့် ကျောင်းသား (၁၁)ဦးသေဆုံးကာ ၄၀ ဒဏ်ရာရရှိခဲ့ သောကျောင်းဖြစ်ပြီး
ပြီးခဲ့သည့် ၂၀၁၆ -၁၇ ပညာသင်နှစ်အထိ မူလတန်း
ကျောင်းအဖြစ် သာရှိခဲ့သော်လည်း ယခုနှစ်တွင်
မူလတန်းလွန်ကျောင်းအဖြစ် အဆင့်ဆိုးမြှင့် သတ်မှတ်
ခံရသော ကျောင်းဖြစ်ကြောင်းလည်း သိရှိရသည်။
Ayeyarwaddy Times
No comments:
Post a Comment