Latest News

Wednesday, July 26, 2017

လောင်းကစားဂိမ်းဆိုင်ဖမ်းဆီးရာတွင်လိုင်စင်မဲ့ကားစီးလာသောဖမ်းဆီးရေးအဖွဲ့


လောင်းကစားဂိမ်းဆိုင်ဖမ်းဆီးရာတွင်လိုင်စင်မဲ့ကားစီးလာသောဖမ်းဆီးရေးအဖွဲ့

 2017 ဇွန်လိုင်လ ၂၆ ( ဟင်္သာတ )

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လယ်တီကွင်းရပ် မြို့ပတ်လမ်း ရှိ လောင်းကစားဂိမ်းဆိုင်အား ဇွန်လိုင်လ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ဟင်္သာတခရိုင် ဒုဇရိုက်နှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှ ဒုရဲအုပ်စိုးရာဇာခေါင်းဆောင်သော ဖမ်းဆီးရေးအဖွဲ့သည် ဝင်ရောက်ဖမ်းဆီးရာသက်သေခံဂိမ်းစက်များနှင့်အတူ ဦးမျိုးမင်းထွန်း (ခ)ကိုရှမ်းလေး အသက် ၃၈နှစ် အားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဂီမ်းစက်များအားသိမ်းဆီး၍ ပြစ်မှုထင်ရှားသူ ကိုမျိုးမင်းထွန်းအား ဟင်္သာတမြို့မရဲစခန်းမှ ပ- ၃၆၄
 / ၂၀၁၇ ၊ ပုဒ်မ ( ၁၃ က၊ ၁၄ က)တို့ဖြင့် ရဲအုပ်ဇော်လင်းထွန်း မှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ရဲစခန်းတာဝန်ရှိသူတဦးထံမှ သိရသည်။
ဦးမျိုးမင်းထွန်း မှ  မိမိအားလာရောက်ဖမ်းဆီးသည်ကို မသိကြောင်း အရင်လိုလိုင်းကြေး လာတောင်းသည်ဟုထင်ကြောင်း၊ ဖမ်းဝရမ်းလည်းမပြ အရပ်ဝတ်များနှင့်အရပ်သားများလည်းပါကြောင်း ပြေပြာသည်။ ဒုရဲအုပ်စိုးရာဇာနှင့်လည်းသိကျွမ်းပြီး ယခုစီးလာသော လိုင်စင်မဲ့ကားအားလည်း ရောင်းပေးရန်ပြောပြထားသဖြင့် လိုင်စင်မရှိကြောင်းသိထားပြီးဖြစ်ပါသည်။ အနီးရှိမိတ်ဆွေနှစ်ဦးအား အကူအညီတောင်း မိတ်ဆွေ၏ အကူအညီဖြင့် ယဉ်ထိန်းတပ်ဖွဲ့အားဖုန်းဆက်အကြောင်းကြားရာ ထိုလိုင်စင်မဲ့ကားအား လာရောက်ဖမ်းဆီးခဲ့ကြောင်း ၊ သိုသော်လည်း ဖမ်းဆီးရေးအဖွဲ့စီးနင်းလာသော လိုင်စင်မဲ့ ကားအားယခုအထိ အမှုဖွင့်အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း  ဦးမျိုးမင်းထွန်းထံမှသိရသည်။
သတင်း (အီကွဲတူ)
Ko Yan Naing (Hinthada)













No comments:

Post a Comment