Latest News

Wednesday, July 12, 2017

ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအတွက် မော်တော်ယာဉ် ၁၀ စီးဖြင့် ရှောင်တခင်လှည့်လည်စစ်ဆေးပြီး စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို ရာသက်ပန် လိုင်စင်ပိတ်သိမ်းခြင်း၊ ထောင်ဒဏ် ချမှတ်ခြင်းတို့ဖြင့် အရေးယူမည်

ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအတွက် မော်တော်ယာဉ် ၁၀ စီးဖြင့် ရှောင်တခင်လှည့်လည်စစ်ဆေးပြီး စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို ရာသက်ပန် လိုင်စင်ပိတ်သိမ်းခြင်း၊ ထောင်ဒဏ် ချမှတ်ခြင်းတို့ဖြင့် အရေးယူမည်

ရန်ကုန်မြို့တွင်း သွားလာနေသော ယာဉ်များကို ဇွန်လကုန်ခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအတွက် မော်တော်ယာဉ် ၁၀ စီးဖြင့် ရှောင်တခင် လှည်လည်စစ်ဆေးပြီး စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို ရာသက်ပန် လိုင်စင်ပိတ်သိမ်းခြင်း၊ ထောင်ဒဏ် ချမှတ်ခြင်းဖြင့် အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“အခု ယာဉ်စည်းကမ်းနဲ့ပတ်သက်ရင်  ကား ၁၀ စီးရယ်၊ နောက်သုံးနေရာ အမြဲတမ်း လှည့်နေတယ်။ ဇူလိုင် ၁၁ ရက်ကစပြီးတော့ လှည့်နေတယ်။ Suprise Check ကို လှည့်နေတယ်။ ကားတိုင်းကိုစစ်မှာ။ ရှေ့မှာ အထူးခန်း လုပ်ထားတာတို့ဆို ချက်ချင်းထုတ်မှာ။ စည်းကမ်းပိုင်း မလုပ်လို့ မရတော့ဘူး။ Transform က မြှင့်ကိုမြှင့်ရမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။


“၂၀၁၅ မော်တော်ယာဉ် ဥပဒေလည်း ရှိတယ်။ ယာဉ်ကြောပြောင်းပြန် မောင်းတယ်ဆိုရင် ဥပဒေအရဆိုရင် ရာသက်ပန်လိုင်စင် ပိတ်သိမ်းတာတွေအပြင် ထောင်တစ်လ ချလို့ ရတယ်” ဟု အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

လက်ရှိတွင်  YBS ယာဉ်လိုင်းစနစ်တွင် ကိုယ်ရကိုယ်ယူ စနစ် ကျင့်သုံးနေသူများကို ဝေပုံကျ (ရှယ်ယာ) စနစ်သို့ ဇူလိုင်လအတွင်း ပြောင်းလဲကြရန်နှင့် ယာဉ်များတွင် ငွေပုံးတပ်ဆင်ပြီး စပယ်ယာ မပါဝင်သည့် စနစ်ဆောင်ရွက်ရန် ညွှန်ကြားထားပြီး အများပြည်သူပိုင် ကုမ္ပဏီစနစ် ဖြစ်ပေါ်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

“စနစ်ကို လုပ်ရတာထက်စာရင် လူတွေရဲ့အပြုအမူ၊ Attitude ၊ အတွေးအခေါ်တွေ ပြောင်းရတာ ခက်တယ်။ ဟိုတစ်နေ့က ဖြစ်သွားတဲ့ကိစ္စဆိုရင် ဒရိုင်ဘာတစ်ယောက်ရဲ့ မိုက်မဲမှု၊ ကိုယ်ရကိုယ်ယူ ဖြစ်တယ်။ ဒီယာဉ်ပိုင်ရှင်က သူရဲ့ယာဉ်ကို ပြင်ဆင်တာ လုပ်ကို လုပ်ရမယ်။ မလုပ်ဘဲနဲ့ ပိုက်ဆံရရင် ပြီးရော အလွယ်တကူလုပ်တော့ ဖြစ်သွားတော့ အားလုံးဆုံးသွားတော့ ကြီးစွာ စိတ်မကောင်းမှု ဖြစ်တာပေါ့။ အခုမှ အစပဲရှိသေးတယ်။ ပြဿနာက ဘတ်စ်ကားပြုပြင်ပြောင်း လဲရေးလုပ်မယ်။ ကားတွေလည်း လက်ထဲမှာ ရှိတယ်။ ကားအဟောင်းတွေ ဖယ်ရမယ်။ နောက်တစ်ခုက ဘာဖြစ်နိုင်သေးလဲ။ စဉ်းစားနေတာ။ မနစ်နာအောင် Compensation စဉ်းစားပေးမယ်။ တစ်ဦးချင်းပိုင် ကိုယ်ရကိုယ်ယူ ဖြစ်နေသရွေ့က ၀န်ဆောင်မှုဆိုတာ မြန်မာခရီးသည်တွေ တော်တော်များများ မသိဘူး။  အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ ဘေးကင်းလုံခြုံဖို့က နံပတ် (၁)ပဲ။ ဒုတိယ သက်သောင့်သက်သာ ဖြစ်ရမယ်။ စပယ်ယာရဲ့မိုက်ရိုင်းတာတွေ ကြုံရတယ်”  ဟု ဒေါက်တာ မောင်အောင်က ဆက်လက်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment