Latest News

Saturday, July 15, 2017

အစွန်းရောက် အကြမ်းဖက်များ ထောင်ထားသည်ဟု ယူဆရသော ဒေသန္တရလက်လုပ် မိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွား၊ သုံးဦး သေ၊ တစ်ဦး ဒဏ်ရာရ



ဇူလိုင်၁၅၊၂၀၁၇ မောင်တောမြို့နယ် ပြောင်ပိုက်ကျေးရွာနှင့်ငါးစားကြူးကျေးရွာအကြားတွင် အစွန်းရောက် အကြမ်းဖက်များ ထောင်ထားသည်ဟု ယူဆရသော ဒေသန္တရလက်လုပ်မိုင်း၁ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သုံးဦး သေ၊ တစ်ဦး ဒဏ်ရာရခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီတွင် အမျိုးသား ၄ ဦးသည် လယ်စိုက်ပျိုးပြီး ထမင်းစားနားချိန်၌ လယ်အနီးရှိ တောင်ကုန်းပေါ်သို့တက်စဉ် အဆိုပါ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

အခင်းဖြစ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ ဆွေယော့ဒူလာ ၁၄ နှစ် သည်နေရာတွင်သေဆုံးခဲ့သည်။

မွန်းလွဲ ၁ နာရီတွင် ဒဏ်ရာရရှိသူ ဖေရန် ၆၀ နှစ် (စိုးရိမ်ရ)၊အူစမန် ၁၇ နှစ်(စိုးရိမ်ရ)၊ ကီမန်ဟူဆောင်း ၁၂ နှစ်(မစိုးရိမ်ရ) တို့အား မောင်တောဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သည်။

ညနေ ၄ နာရီတွင် ၁၅ မိနစ်တွင် ဒဏ်ရာရရှိသူ ဖေရန် နှင့်အူစမန်တို့ ၂ ဦးသည် ဆေးရုံ၌ သေဆုံးခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းပေါက်ကွဲသည့် အနီးပတ်ဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/

No comments:

Post a Comment