Latest News

Monday, July 31, 2017

ဧရာဝတီတိုင်းဒေသကြီးတွင် A(H1N1)ကူးစက်မှုဖြင့်သေဆုံးသူ ခြောက်ဦးရှိလာ


ဧရာဝတီတိုင်းဒေသကြီးတွင် A(H1N1)ကူးစက်မှုဖြင့်သေဆုံးသူ ခြောက်ဦးရှိလာ

ဧရာဝတီတိုင်းဒေသကြီးမှာ A(H1N1)ကူးစက်ခံသူ(၁၃)ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိလာပြီဖြစ်တယ်လို့  အစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီက ဇူလိုင်လ(၃၁)ရက်နေ့ က   A(H1N1) လူတုပ်ကွေးရောဂါ အသိပေးရှင်းလင်းပွဲ မှာပြောပါတယ်။

အဲ့ ဒီသေဆုံးသူ ခြောက်ဦးမှာ ပုသိမ်(၁)ဦး ၊ညောင်တုန်း(၁)ဦး ၊ဒေးဒရဲ(၁)ဦး၊ပန်းတနော်(၁)ဦး၊။ကျုံပျော်(၁)ဦး ၊ဖျာပုံ(၁)ဦးစုစုပေါင်းခြောက်ဦးဖြစ်ပါတယ်။သည်နေ့ ထုတ်ပြန်လိုက်တဲ့ ကူးစက်ခံရသူနဲ့  သေဆုံးသူ  စာရင်းဟာ ဇူလိုင်လ(၁)ရက်နေ့ မှ ဇူလိုင်လ(၃၀)ရက်နေ့ အထိ စာရင်းတွေဖြစ်ပါတယ်။

ဒါက ဓာတ်ခွဲ စမ်းသပ်မှုအတည်ပြုပြီးဖြစ်တဲ့ သူဦးရေဖြစ်ပြီး(၄၀၆)ဦးမှာ
လည်း သည်ရောဂါလက္ခဏာတွေရှိနေတယ်လို့  သတင်းထုတ်ပြန်လိုက်ပါတယ်။သည်နေ့ မှာဖြစ်ပေါ်လာတဲ့ လူတုပ်ကွေးရောဂါကို အစိုးရတစ်ခုတည်းမဟုတ်ပဲ ဌာနဆိုင်ရာများ၊အရပ်အဘက်အဖွဲ့ အစည်းများ၊ မီဒီယာများနှင့် ပူးပေါင်းနှိမ်နင်းသွားမယ်လို့  ၀န်ကြီးချုပ်ကပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင်လ ၂၉ ရက်အထိ သံသယရာသီ
တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ (၁၃၈) ဦးရှိခဲ့ပြီး သေဆုံးသူ ၇ ဦးအထိ ရှိလာပြီး ယနေ့ သေဆုံးသူ ၉ ဦးရှိတယ်လို့ ပြည်ထောင်စုကျန်းမာရေးဝန်ကြီးက ပြောဆိုထားတာကြောင့် သေဆုံးသူအများစုဟာဧရာဝတီတိုင်းဒေသကြီးကဖြစ်တယ်လို့ ယူဆရပါတယ်။

ဆရာဝန်များကတော့ လုံခြုံသော နှာခေါင်းစည်းများ တပ်ရန်၊ လူထူထပ်သော နေရာများမသွားရန်၊ လက်ကိုမကြာခဏဆေးရန်၊ အားရှိသောအစာအဟာရများစားသုံရန်၊အိပ်ရေးဝအောင်အိပ်ဖို့ နှင့် ကိုယ်ခံအားကောင်းအောင်နေဖို့ မှကြားထားသလို ဖျားနာခြင်းများဖြစ်ပါက သိသိချင်းဆေးရုံဆေးခန်းများမှာဆေးကုသမှု ခံယူဖို့ မှာကြားထားပါတယ်။
မျိုးမင်းပိုင်

No comments:

Post a Comment