Latest News

Monday, July 17, 2017

ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးထားသော ABSDF ဗဟိုကော်မတီဝင် ကိုမင်းဌေးကို စွဲချက်တင်

ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးထားသော ABSDF ဗဟိုကော်မတီဝင်
ကိုမင်းဌေးကို စွဲချက်တင်

မတရားအသင်းဆက် သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီး ခံနေရသည့် မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ဗဟိုကော် မတီဝင် ကိုမင်းဌေးကို မိုးမောက် မြို့နယ် တရားရုံးက ဇူလိုင် ၁၇ ရက်တွင် စွဲချက်တင်သင့်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ဇူလိုင် ၂၇ ရက်၌ ဆက်လက်စစ်ဆေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ABSDF ၏ ဗဟိုကော်မတီဝင် ကိုမင်းဌေးကို လွန်ခဲ့သည့် ခြောက်လ ကျော်ကတည်းက ကချင်လက် နက်ကိုင်အဖွဲ့ (KIA)နှင့် ဆက် သွယ်သည်ဆိုကာ ဖမ်းဆီးခဲ့ပြီး တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးက တရားလိုအဖြစ် တိုင်ကြားခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ တရားရုံး ချိန်း (၂၁)ကြိမ် ရုံးထုတ်ကာ တရားလိုပြသက်သေ ၁၀ ဦးကို စစ်ဆေး ခဲ့ကြောင်း ကိုမင်းဌေး၏ဇနီး မနန်းယဉ်က ဆိုသည်။

‘‘သူ့ရုံးချိန်း နှစ်ပတ်တစ်ခါ လောက် ထွက်ချက်တွေကို လာ ပြီးနားထောင်တဲ့အခါမှာ ကျွန်မ အမြင်အရတော့ တရားစွဲလို့ရတဲ့ အနေအထားမရှိဘူးလို့ မြင်တယ်။  ကျွန်မတို့အဖွဲ့က NCA မှာလည်း လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်တယ်’’ဟု မနန်းယဉ်က ပြောသည်။

တရားလိုကို စစ်ဆေးပြီး၍ ပြန်လည်ထုချေ  ဖြေရှင်းသည့်အဆင့်ကို ရောက်ရှိနေကြောင်း ကိုမင်းဌေး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးမျိုးတင့်က ပြော ကြားသည်။

‘‘ဒါက သူ (ကိုမင်းဌေး) ဖြေ ရှင်းဖို့လိုအပ်တဲ့ အချက်လေးတွေ ပေါ်ပေါက်လို့ တရားရုံးက စွဲချက် တင်တာပါ။ အပြစ်ရှိတယ်လို့ ဆုံး ဖြတ်တာမဟုတ်ပါဘူး။ သူ့စွဲချက် အရတော့ KIA ပေါ့။ အဲဒီအဖွဲ့နဲ့ ဆက်သွယ်အကူအညီရယူခြင်းရှိ တယ်၊ မရှိဘူးဆိုတဲ့ အချက်ပါပဲ’’ ဟု ဦးမျိုးတင့်က ဆိုသည်။

ကိုမင်းဌေး အနေဖြင့် ယခု ကဲ့သို့ စွဲချက်တင်ခံရ၍ အခြား ABSDF အဖွဲ့ဝင်များ၏ လုံခြုံရေး အတွက်ပါ စိတ်ပူနေကြောင်း မနန်းယဉ်က ပြောသည်။

ကိုမင်းဌေး စတင်ဖမ်းဆီးခံရ ကတည်းက အစိုးရ၊ တပ်မတော် တာဝန်ရှိသူများနှင့် ဆွေးနွေးညှိ နှိုင်းခဲ့ကြောင်း ABSDF ဗဟို ဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်က ပြောသည်။

ကိုမင်းဌေးကို ယခုကဲ့သို့ ဖမ်း ဆီးအရေးယူရန် ဆောင်ရွက်ခြင်း သည် ငြိမ်းချမ်းရေးဆောင်ရွက် နေသည့် NCA လက်မှတ်ထိုး အဖွဲ့များ၊ မထိုးရသေးသည့်အဖွဲ့ အားလုံးနှင့် သက်ဆိုင်ကြောင်း ၎င်းက ဆိုသည်။

 ‘‘ကျွန်တော်တို့က NCA လက်မှတ်ထိုးပြီးတဲ့ နောက်မှာ လွတ်လွတ်လပ်လပ်နဲ့ တစ်တိုင်း ပြည်လုံး သွားလာခွင့်ရှိတယ်။ လွတ်လွတ်လပ်လပ်သွားလာလို့ ရတဲ့အပေါ်မှာ ကိုမင်းဌေးကို အဲဒီလိုစွဲတာ’’ဟု ဆလိုင်းယောအောင်က ပြောသည်။

ABSDF အပါအဝင် NCA ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို  မတရားအသင်း အဖြစ်မှ အစိုးရက ၂၀၁၅ အောက်တိုဘာတွင် ပယ်ဖျက်ပေးခဲ့သည်။

ကိုမင်းဌေးသည် ၂၀၀၈ ခု နှစ်က ထွက်ရှိခဲ့သည့် ရမ်ဘို ၄ ရုပ်ရှင်ဇာတ်ကားတွင် မြန်မာစစ်ဗိုလ်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူသိများခဲ့သူတစ်ဦးလည်းဖြစ်သည်။
7Day News

No comments:

Post a Comment