Latest News

Monday, July 31, 2017

တောင်ပြုံးပွဲရွှေ့ဆိုင်းလိုက်၍ ဆိုင်ခန်းများနှင့် နတ်နန်းများကို သုံးရက်အတွင်း ဖျက်သိမ်းရန် ညွှန်ကြား

တောင်ပြုံးပွဲရွှေ့ဆိုင်းလိုက်၍ ဆိုင်ခန်းများနှင့် နတ်နန်းများကို သုံးရက်အတွင်း ဖျက်သိမ်းရန် ညွှန်ကြား

ရာသီတုပ်ကွေး(H1N1) ရောဂါပျံ့နှံ့ဖြစ်ပွားမည်ကို စိုးရိမ် သဖြင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့သော တောင်ပြုံးပွဲ တော်ရှိ ဈေးဆိုင်ခန်းများနှင့် နတ် နန်းများကို သုံးရက်အတွင်း ဖျက် သိမ်းရန် ညွှန်ကြားထားကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြော ကြားသည်။

မန္တလေးတိုင်းဒေသကြီးအ စိုးရအဖွဲ့က လက်ရှိနိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် ရာသီတုပ်ကွေး(H1N1)ရောဂါကြောင့် ရောဂါထိန်း ချုပ်နိုင်သည့်ကာလအထိ တောင် ပြုံးပွဲတော်ကို အရေးပေါ်ရက်ရွှေ့ ဆိုင်းခဲ့ကြောင်း ဇူလိုင် ၃၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

‘‘ဆိုင်ခန်းတွေ၊ နတ်နန်းတွေ ကို သုံးရက်အတွင်း အပြီးဖျက် သိမ်းဖို့ လိုက်လံပြောထားပါ တယ်။ အသံချဲ့စက်နဲ့လည်း နှိုး ဆော်နေပါတယ်’’ဟု ဦးခင်မောင် ဆွေက ပြောသည်။ ဆိုင်ခန်းများ အတွက် ပေးချေထားသည့်ဆိုင် ခန်းခများသည် လက်ရှိ တစ်ဝက်နှုန်းသာ ပေးသွင်းထားရသေးပြီး ယင်းငွေများကို လာမည့်နှစ်အ တွက် စရန်ငွေအဖြစ် သတ်မှတ် ကြောင်း ၎င်းကရှင်းပြသည်။

‘‘ဆိုင်ခန်းတွေ သိမ်းဖို့အ တွက် ယာဉ်အလွတ်နဲ့ယာဉ် မောင်း၊ ယာဉ်နောက်လိုက်တွေ ကိုပဲ ပွဲတော်ကို ဝင်ခွင့်ပြုထားပါ တယ်’’ဟု ဦးခင်မောင်ဆွေက ပြောသည်။ ဇူလိုင် ၃၀ ရက် ည ၈ နာရီက စတင်ကာ တောင်ပြုံးပွဲ တော်သို့ လာရောက်သည့်ယာဉ် များကို ပိတ်ပင်ခဲ့ပြီး အနီးအနားရှိ ရွာများတွင် နေထိုင်သူများအနေ ဖြင့် အထောက်အထားများ ပြသ နိုင်မှသာ ဝင်ခွင့်ပြုထားသည်။

ပွဲတော်ရက်ရွှေ့ဆိုင်းထား သဖြင့် ၎င်းတို့ရင်းနှီးထားသည့် ငွေကြေး သိန်းပေါင်းများစွာ ဆုံး ရှုံးနစ်နာမှုရှိကြောင်း တောင်ပြုံးပွဲ တော်သို့ လာရောက်ဈေးရောင်းချ သည့်ဈေးသည်များက ဆိုသည်။

တောင်ပြုံးပွဲတော်ကို မန္တ လေးတိုင်းဒေသကြီး ပြင်ဦးလွင် ခရိုင် မတ္တရာမြို့နယ် တောင်ပြုံး ကြီးကျေးရွာတွင် နှစ်စဉ် ဝါခေါင် လဆန်း ၈ ရက်မှ ၀ါခေါင်လပြည့်အထိ (ဇူလိုင် ၃၁ ရက်မှ သြဂုတ်၇ရက်အထိ) ကျင်းပလေ့ရှိသည်။

7Day News

ရန်ကုန်တွင် ကြက်သားဈေးကွက် ထက်ဝက်ခန့် ကျဆင်း

ရန်ကုန်တွင် ကြက်သားဈေးကွက် ထက်ဝက်ခန့် ကျဆင်း

ရန်ကုန်မြို့မှာ ကြက်ငှက်တုပ်ကွေးရောဂါ စိုးရိမ်စရာအခြေနေ မရှိသေးပေမယ့် ကြက်သားဈေးကွက်ဟာ ထက်ဝက်လောက်ကျဆင်းနေတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောဆိုလိုက်ပါတယ်။

ဇူလိုင် ၃၁ ရက်နေ့က ရန်ကုန်မြို့မှာ မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ တိမွေးကုဌာနတို့ အရေးပေါ် အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

မရမ်းကုန်းမှာတွေရှိရတဲ့ ကြက်တုပ်ကွေးကြောင့် သေဆုံးတဲ့ ကြက်သုံးကောင်ဟာလည်း အသားစား စီးပွားဖြစ်မွေးတဲ့ ကြက်တွေမဟုတ်ဘဲ တိုက်ကြက်တွေသာဖြစ်တယ်လို့ မွေးမြူရေး ပညာရှင် ဒေါက်တာ လှလှသိန်းက ပြောပါတယ်။

ရန်ကုန်မှာရှိတဲ့ စီးပွားဖြစ် အသားတိုးကြက်နဲ့ ကြက်ဥလုပ်ငန်းတွေမှာ ရောဂါမဖြစ်အောင် ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။

ရာသီတုပ်ကွေး A(H1N1) နဲ့ ကြက်တုပ်ကွေး H5N1 တို့ဟာ ဆက်စပ်မှုတခုမှ မရှိဘူးလို့ ပြောပါတယ်။

ရန်ကုန်မြို့ဟာ နေ့စဉ်ကြက်ကောင်ရေ ၁ သိန်းလောက် ရောင်းချနေပေမယ့် လက်ရှိမှာ စားသုံးသူတွေက စိုးရိမ်စိတ်မြင့်တက်နေတာကြောင့် ထက်ဝက်လောက် အရောင်းအဝယ် ကျဆင်းသွားပါတယ်။

သတင်း – ပြည့်ဖြိုး

DVB

မြောင်းမြမြို့ အာဇာနည်​​ကျောက်​တိုင်​ စိုက်​ထူခဲ့ရခြင်းသမိုင်း


မြောင်းမြမြို့ အာဇာနည်​​ကျောက်​တိုင်​ဘာ​ကြောင့်​စိုက်​ထူခဲ့ရခြင်းရဲ့သမိုင်း​လေးကိုသိပြီးသားသူ​တွေရှိသလို မသိရှိ​သေး​သော​ညီငယ်​ညီမငယ်​များအတွက်​တင်​ပြလိုက်​ရပါတယ်​ သမိုင်းအ​ထောက်​အထားများကိုဆရာမကြီး​ဒေါ်အမာတီထံမှရရှိခဲပြီး ဆရာမကြီးရဲ့ဆန္ဒအတိုင်းအာဇာနည်​​ကျောက်​တိုင်​သမိုင်းနှင့်​အာဇာနည်​(၄၁)ဦး၏အမည်​စာရင်းကိုအာဇာနည်​​ကျောက်​တိုင်​တွင်​ကမ္ပည်း​ရေးထိုးသွားမှာဖြစ်​ပါသည်​။
ချစ်​ခြင်းအားဖြင့်
Moe Nyo (​မြောင်းမြ )
" ​မြောင်းမြအာဇာနည်​​ကျောက်​တိုင်​ "
အချိန်​ကာလအားဖြင့်​ ( ၁၉၄၅ ) ခုနှစ်​ ၊ မြန်​မာနိုင်​ငံမှဖက်​ဆစ်​ဂျပန်​တို့ဆုတ်​ခွာခဲ့​သောအချိန်​ဖြစ်​ပါသည်​။ ​မြောင်းမြဆိပ်​ကမ်း၊ကမ်းနားလမ်းတစ်​​လျှောက်​တွင်​ (​မြောင်းမြသူ​ဌေးဦးဘလှကျန်းမာပါ​စေ၊ချမ်းသာပါ​စေ) ဟူ​သော​ကြွေး​ကြော်​သံများဆူညံ​နေပြီး ​ထောင်​မှလွတ်​​မြောက်​လာ​သောအကျဉ်းသားများ​နေရပ်​သို့ပြန်​ကြရန်​၊ ဦးဘလှနှင့်​​မြောင်းမြမြို့ဝန်​ဦးခင်​​မောင်​လတ်​တို့က ​လှေ သမ္ဗန်​ ​မော်​​တော်​များစီစဉ်​​ပေးပြီး စား​သောက်​ဖွယ်​ရာထမင်းထုပ်​များ​ပေး​ဝေခြင်း၊ ​မြောင်းမြ​ဈေးသူ​ဈေးသားများ မြို့သူမြို့သားများကစားစရာများ​ပေး​ဝေ​နေကြသဖြင့်​ တစ်​မြို့လုံးဆူညံ​နေပါ​တော့သည်​။
မြောင်းမြမြို့​တော်​၀န်​ဦးခင်​​မောင်​လတ်​နှင့်​ သူ​ဌေးဦးဘလှတို့ညှိနှိုင်းပြီး ​မြောင်းမြအကျဉ်​​ထောင်​မှတာဝန်​ရှိသူတို့နှင့်​ပူး​ပေါင်းကာ အကျဉ်း​ထောင်​ကြီးဖွင့်​လိုက်​ပြီး အကျဉ်းသားများအားလွှတ်​​ပေးလိုက်​ခြင်းဖြစ်​ပါသည်​။ ( ထူးခြားချက်​မှာ ) အကျဉ်းသားအားလုံးလွှတ်​​ပေးလိုက်​​သော်​လည်း အကျဉ်း​ထောင်​တွင်းဖမ်းဆီးခံခဲ့ရ​သောအာဇာနည်​သခင်​(၄၁)ဦးအားလုံးဝရှာမ​တွေ့ခဲ့​ပေ။ ထိုသို့အဖြစ်​အပျက်​ဖြစ်​ခဲ့ပြီး( ၂ )​လကျော်​ခန့်​ကြာ​သောအခါယ္ခု အာဇာနည်​​ကျောင်းဝန်းအတွင်း မသင်္ကာဖွယ်​ရာအပုတ်​နံ့များထွက်​​ပေါ်လာပြီး ၄င်းအနံ့ထွက်​ရာ​မြေမို့မို့အနီး အနက်​​ရောင်​ပိတ်​စရှည်​များ​တွေ့ခဲ့သဖြင့်​ ၎င်း​မြေမို့မို့ကိုတူး​ဖော်​လိုက်​ရာ လူ​သေအ​လောင်းများစွာကို​တွေ့လိုက်​ရပါသည်​။ ထိုအ​လောင်းများသယ်​ယူရန်​တွင်းထဲဆင်းသူများမှာတွင်းထဲမှပြန်​ထွက်​လာ​သောအခါတွင်းထဲရှိ​ဆေးရည်​အနံ့များအရသတိ​မေ့​မျော​နေသဖြင့်​ တွင်းကို​ဘေးမှဖြတ်​ထုတ်​ကာ အ​လောင်းများကိုထွန်​ခြစ်​များဖြင့်​ သယ်​ယူ၍တွင်းအနီးသရက်​ပင်​နားတွင်​စုပုံ၍ထားပါသည်​။ ၎င်းပက်​ဖြန်းထား​သော​ဆေးရည်​အရ၊ အင်္ဂျီ လုံချည်​များမမှတ်​မိ အ​လောင်းများလည်းမည်​သူမည်​၀ါဟုမသိနိုင်​၊ သရက်​ပင်​အရင်းတွင်​စုပုံမီးရို့ကာအရိုးများ​ကောက်​ယူပြီး ​မြေအိုး(၄၁)အိုးတွင်​ထည့်​၍ယ္ခု လွတ်​လပ်​​ရေး ပန်းခြံအ၀တွင်​တန်းထိုးပြီးတင်​ထားပါသည်​။ ထိုအချိန်​ကာလအာဏာပိုင်​အဖွဲ့အစည်းများ၏ စီစဉ်​မှုဟုသိရပါသည်​။ ထိုအချိန်​ကစာ​ရေးသူသည်​အထက်​တန်း​ကျောင်းသူဘ၀ဖြင့်​ဝါသနာသွား​ရောက်​ကြည့်​ရှု့ခဲ့ပြီး ယ​နေ့အထိမ​မေ့နိုင်​​အောင်​ဖြစ်​ခဲ့ရပါသည်​။
ထိုအရိုးအိုးများမှ(၅)အိုးခန့်​ကိုမသမာသူတို့ကအရိုးများသွန်​၊ အိုးများယူသွားသဖြင့်​ ထိုအချိန်​ကအာဏာပိုင်​တို့၏စီစဉ်​မှုအရ ယ္ခု လွတ်​လပ်​​ရေး ​ကျောက်​တိငု​အနီးရှိ​မြေကွက်​လပ်​လမ်းသုံခွဆိုင်​တွင်​အရိုးအိုးများကိုမြှုပ်​နှံပြီး​ကျောက်​တိုင်​စိုက်​ထူခဲ့ပါသည်​။ (၁၉၄၇)ဗိုလ်​ချူ ပ်​​အောင်​ဆန်းနှင့်​အာဇာနည်​များကျဆုံးပြီး​နောက်​၎င်း​ကျောက်​တိုင်​တွင်​လွမ်းသူ့ပန်း​ခွေချခြင်း၊ အ​လေးပြုခြင်းများပြုလုပ်​ခဲ့ပါသည်​။သို့​သော်​၎င်း​ကျောက်​တိုင်​အ​ကြောင်းယ​နေ့အထိမသိသူများရှိခဲ့ပါသည်​။
ထို့​ကြောင့်​၎င်း​ကျောက်​တိုင်​အ​ကြောင်းကိုယ်​​တွေ့သိမြင်​ခဲ့ရ​သောကျွန်​မအ​နေဖြင့်​၎င်း​ကျောက်​တိုင်ကို(အာဇာနည်​​ကျောက်​တိုင်​)ဟုကမ္ဗည်းထိုး​ပေးရန်​နှင့်​ကျဆုံးခဲ့​သောအာဇာနည်​သခင်​(၄၁)တို့၏အမည်​များ​ရေးထိုး​ပေးရန်​​လေးစားစွာ​တောင်းဆိုပါသည်​။
ကျဆုံးခဲ့​သော​မြောင်းမြခရိုင်​သခင်​(၄၁)ဦး၏​ဆွေစဉ်​မျိုးဆက်​များပါသိရှိ​စေရန်​ရည်​ရွယ်​​ရေးသားခဲ့ပါသည်​။ ဤ​ကျောက်​တိုင်​သည်​​မြောင်းမြသမိုင်း၏အဓိကမှတ်​တိုင်​ဖြစ်​​သော​ကြောင့်​ အနာဂတ်​​မြောင်းမြသူ​မြောင်းမြသားများသိရှိ​စေရန်​​ရေးသားတင်​ပြအပ်​ပါသည်​။
ဒေါ်အမာတီ
ဆရာမကြီး(ငြိမ်း)
ရဲဝန်း၊အမက
မှတ်​ချက်​။ ။ ဖက်​ဆစ်​ဂျပန်​များသည်​အာဇာနည်​သခင်​များအားဓားဖြင့်​ခုတ်​သတ်​ခဲ့ခြင်းဖြစ်​ပါသည်​။
အာဇာနည်​သခင်​များ
မှာ.........
_ သခင်​​အေးမြင့်​ အာရှလူငယ်​ ​မြောင်းမြ
_ သခင်​ဘထွန်းရင်​ တို့ဗမာအစည်းအရုံး ​မြောင်းမြ
_ သခင်​​အေး​မောင်​ တို့ဗမာအစည်းအရုံး ​မြောင်းမြ
_ သခင်​တင်​​မောင်​(ခ)ငတ. တို့ဗမာအစည်းအရုံး ​မြောင်းမြ
_ သခင်​တုတ်​​ပေါ(ခ)​နေဒွန်း တို့ဗမာအစည်းအရုံး ​မြောင်းမြ
_ ကိုခင်​လတ်​ ရုံးစာ​ရေး ​မြောင်းမြ
_ သခင်​ချစ်​​ဖေ တို့ဗမာအစည်းအရုံး ၀ါးခယ်​မ
_ သခင်​ဘထွန်း (မြို့ပိုင်​) တို့ဗမာအစည်းအရုံး ၀ါးခယ်​မ
_ သခင်​ကြွယ်​ တို့ဗမာအစည်းအရုံး သရက်​​တော
_ သခင်​ထွန်းတင်​ အာရှလူငယ်​ သရက်​​တော
_ သခင်​စိုးခိုင်​ အာရှလူငယ်​ ကျွန်းကုန်း
_ သခင်​ဖိုး​အေး အာရှလူငယ်​ ကျွန်းကုန်း
_ သခင်​ဖိုးတုတ်​ အာရှလူငယ်​ ကျွန်းကုန်း
_ သခင်​စံသူ အာရှလူငယ်​ ကျွန်းကုန်း
_ သခင်​ထင်းဝိန်​ အာရှလူငယ်​ လပွတ္တာ
_ သခင်​​ကျော်​ တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​ဘစိန်​ တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​တင်​တင်​ တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​စံခင်​ တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​ဆရာခင်​ တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​ဟန်​သိန်း တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​တုံကင်း တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​သိန်း​မောင်​ တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​​မောင်​​မောင်​ တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​​မောင်​တင်​ တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​ဘငြိမ်း တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​ဘအုန်း တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​ဘလှ အာရှလူငယ်​ လပွတ္တာ
_ သခင်​ဟံတင်​ အာရှလူငယ်​ လပွတ္တာ
_ သခင်​ချစ်​ညွန့်​. တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​သာဟန်​ တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​ဖိုး​ရွှေ တို့ဗမာအစည်းအရုံး ​မော်​ကျွန်း
_ သခင်​ဖိုး​ငွေ တို့ဗမာအစည်းအရုံး တို့ဗမာအစည်းအရုံး ​မော်​ကျွန်း
_ ​မောင်​ညွန့်​. အရပ်​သား ကြာကန်​/သာလိကာကုန်း
_ သခင်​​မောင်​လှ တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်​ထွန်းတင်​ (​ထောင်​မှူးကြီး) တို့ဗမာအစည်းအရုံး ​မြောင်းမြ
_ သခင်​လှ​မောင်​ တို့ဗမာအစည်းအရုံး ကျူံ မ​ငေး
_ သခင်​ဘတင်​ တို့ဗမာအစည်းအရုံး ကျူံ မ​ငေး
_ သခင်​တင်​ဦး(နယ်​ပိုင်​) တို့ဗမာအစည်းအရုံး ၀ါးခယ်​မ
တို့ဖြစ်​ပါသည်​။
Moe Nyo
https://www.facebook.com/photo.php?fbid=1920014184952653&set=a.1383094055311338.1073741827.100008322700267&type=3&theater

မာတစ်ကို မန်ယူအသင်း (၃)နှစ်စာချုပ်ချုပ်ဆို

မာတစ်ကို မန်ယူအသင်း (၃)နှစ်စာချုပ်ချုပ်ဆို

မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းမှ ဆားဘီးယားကွင်းလယ်ကစားသမား မာတစ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

သြဂုတ်(၁)ရက်တွင် အသက်(၂၉)နှစ်ပြည့်မည့် မာတစ်သည် ချယ်လ်ဆီးအသင်းသို့ ကစားသမားသစ်များ ရောက်ရှိလာခဲ့ပြီးနောက် မန်ယူအသင်းတွင် နည်းပြဟောင်းမော်ရင်ဟိုနှင့် ပြန်လည်လက်တွဲရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

မာတစ်ကို မန်ယူအသင်းနှင့်အတူ ဂျူဗင်တပ်စ်အသင်းကလည်း စိတ်ဝင်စားခဲ့သော်လည်း မာတစ်က မန်ယူအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် မာတစ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်း ပေးချေရမည်ဖြစ်ပြီး ထပ်ဆောင်းဆုကြေးပေါင်(၅)သန်း ပေးချေရမည်ဖြစ်၍ စုစုပေါင်းပေါင်သန်း(၄၀) ကျသင့်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

မန်ယူအသင်းသည် မာတစ်ကို (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လစာအဖြစ် တစ်ပတ်လျှင် ပေါင်(၁၄၀၀၀၀) ပေးချေရမည်ဖြစ်သည်။

မာတစ်သည် မူကထွက်ပေါ်ခဲ့သည့်သတင်းများအတိုင်းပင် မန်ယူအသင်း၌ ကျောနံပါတ်(၃၁)ကို ၀တ်ဆင်သွားမည်ဖြစ်သည်။

Photos: Dailymail
Eleven Sports

YBS ၇ ယာဉ်လိုင်းကို Control Center မှ စတင် ထိန်းချုပ်မည်

YBS ၇ ယာဉ်လိုင်းကို Control Center မှ စတင် ထိန်းချုပ်မည်

ရန်ကုန်မြို့တွင်း YBS တံဆိပ်တပ်ယာဉ်လိုင်းများအနက် YBS ၇ ယာဉ်လိုင်းကို ဩဂုတ်လ ၁ ရက်မှစ၍ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT ၏ ထိန်းချုပ်စခန်း Control Center မှ စတင် ထိန်းချုပ်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

YUPT ကုမ္ပဏီလက်အောက်တွင် YBS ၃၆၊ ၂၈၊ ၃၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၅၉၊ ၂၉၊ ၇ စသည့် ယာဉ်လိုင်း အပါအဝင် ယာဉ်လိုင်း ၂၀ ကျော် ပြေးဆွဲလျက်ရှိပြီး လက်ရှိ GPS တပ်ဆင်မှု ပြီးစီးနေပြီဖြစ်သော YBS ၇ ယာဉ်လိုင်းကို ကနဦး ထိန်းချုပ်ခြင်းဖြစ်ကြောင်း ယနေ့ (ဇူလိုင်လ ၃၁ ရက်) Control Center ဖွင့်ပွဲတွင် အဆိုပါ ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဦးမောင်မောင်လွင်က ပြောကြားသည်။

“၁ ရက်နေ့မှာ Control Center က ထိန်းချုပ်မှုကို စတင်လုပ်ငန်းလည်ပတ်မှာ ဖြစ်တယ်။နောက်ပိုင်းမှာ ယာဉ်လိုင်း ၂၀ ကျော်လုံး ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေတယ်”ဟု ၎င်းက ဆိုသည်။

တိုင်းအစိုးရအဖွဲ့မှ Control Center တည်ဆောက်ထားသော်လည်း မိမိယာဉ်လိုင်းများကို ကိုယ်တိုင် ထိန်းချုပ်ရန် Control Center တည်ဆောက်ရာတွင်လည်း အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT ထံမှ သိရသည်။

“အစိုးရ ထိန်းချုပ်တာက တစ်ပိုင်းပေါ့။ ယာဉ်တွေကို ကိုယ်တိုင် စည်းကမ်းထိန်းသိမ်းချင်တယ်။ ယာဉ်အားလုံးကို GPS နှစ်ခုတပ်မယ်။ အစိုးရက တစ်ခု၊ ကုမ္ပဏီက တစ်ခု စောင့်ကြည့်ဖို့ပါ”ဟု ဦးမောင်မောင်လွင်က ဆိုသည်။

အဆိုပါ ထိန်းချုပ်စခန်းမှာ ယခင်မထသ (ဗဟို) ရုံးဟောင်းနေရာတွင် တည်ရှိပြီး ၂၀၁၇ ခုနှစ် မေလလယ်က ပြင်ဆင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

YUPT ကုမ္ပဏီ၏ယာဉ်လိုင်း ၂၀ ကျော်ကို နေ့စဉ် ယာဉ်သွားလာမောင်းနှင်မှုများ၊ ကျော်တက်မောင်းနှင်ခြင်း၊ အရှိန်လွန် မောင်းနှင်ခြင်း၊ ဂိတ်စ ဂိတ်ဆုံး မမောင်းခြင်းစသည့် စည်းကမ်းပျက်မှုများကို ထိန်းချုပ်မည်ဖြစ်သည်။

YBS ၇ ယာဉ်လိုင်းတွင် လက်ရှိ ယာဉ်စီးရေ ၁၈၀ စီးရှိပြီး GPS နှစ်ခု တပ်ဆင်ရန် ယာဉ်အနည်းငယ် ကျန်ရှိကြောင်း၊ အစိုးရနှင့် ကုမ္ပဏီ နှစ်ခုပေါင်း စည်းကမ်း ထိန်းချုပ်ခြင်းကြောင့် စည်းကမ်းလိုက်နာသည့် ယာဉ်မောင်းများအတွက် အနှောင့်အယှက် မဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းမှ ဂိတ်မှူးက ပြောကြားသည်။

“ပိုကောင်းတယ်။ ဘာလို့လည်းဆိုတော့ အရှိန်လွန် မောင်းနေရင် သတိပေးလို့ ရတယ်။ ပြောရရင် အမှားအယွင်း ဖြစ်တော့မယ်ဆို ကြိုသတိပေးနိုင်တဲ့အတွက် ယာဉ်မတော်တဆမှုအတွက် အထိန်းဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

YBS ၇ ယာဉ်လိုင်းမှာ တောင်ဒဂုံ၊ ရတနာပုံလမ်း၊ ကျန်စစ်သားလမ်း၊ လှော်ကားလမ်း၊ ဘုန်းကြီးကျောင်းကွေ့၊ ပြည်ထောင်စုလမ်း၊ တောင်မြောက်လမ်းဆုံ၊ စံပြဈေး၊ ဇဝန၊ တာမွေဗလီ၊မင်္ဂလာဈေး၊ သိမ်ဖြူ၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဆူးလေတို့ကို ပြေးဆွဲလျက်ရှိသည်။

တိုင်းအစိုးရအဖွဲ့၏စီမံမှုဖြင့် ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်များ အားလုံးကို စည်းကမ်းထိန်းချုပ်ရန် ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်မီးပွိုင့် ဗဟိုထိန်းချုပ်ရေးစနစ် Traffic Control Center  တည်ဆောက်မှုသည် ဇန်နဝါရီလ ၁၇ ရက်က ပြီးစီးခဲ့သော်လည်း လက်တွေ့တွင် စည်းကမ်း ဖောက်ဖျက်နေသည့်ယာဉ်များကို အရေးယူ ထိန်းချုပ်နေခြင်း မရှိသေးပေ။

Control Center မှ ထိန်းချုပ်ရန် ချိတ်ဆက်ဆောင်ရွက်နေသော ခေတ်မီဆင်ဆာမီးပွိုင့် ၁၅၄ ခုကို တပ်ဆင်ရာတွင်လည်း လက်ရှိ ၁၉ ခုသာ တပ်ဆင်ထားကြောင်း အမှတ် (၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ထံမှ သိရသည်။

The Voice

အိန္ဒိယက H1N1 ကာကွယ်ဆေးလုံးရေ တစ်သိန်းကူညီမည်

အိန္ဒိယက H1N1 ကာကွယ်ဆေးလုံးရေ တစ်သိန်းကူညီမည်

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါအတွက် အိန္ဒိယနိုင်ငံက H1N1 အတွက် ကာကွယ်ဆေးလုံးရေ တစ်သိန်းလှူမည်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

အိန္ဒိယနိုင်ငံရှိ ဆေးဝါးစက်ရုံများမှ ထုတ်လုပ်သည့် H1N1 ကာကွယ်ဆေးများကို နှစ်နိုင်ငံကျင့်ဝတ်အရ လှူဒါန်းခြင်းဖြစ်ပြီး ကာကွယ်ဆေးများ ရောက်ရှိလာလျှင် FDA ခွင့်ပြုချက်ရပါက စထိုးမည်ဟု ၎င်းက ပြောကြားသည်။

ရောက်ရှိလာမည့် ကာကွယ်ဆေးများကို ပထမအဆင့် ဆေးရုံအသီးသီးရှိ ကျန်းမာရေး ဝန်ထမ်းများ၊ ဒုတိယအဆင့် အရေးကြီးရောဂါသည်များနှင့် အသက် ၆၅ နှစ်အထက် လူကြီးမျာနှင့် ငါးနှစ်အရွယ် ကလေးသူငယ်များကို ဦးစားပေးထိုးပေးမည်ဟု ဒုတိယညွန်ကြားရေးမှူးချုပ်က ထပ်လောင်း ပြောကြားသည်။

“ကာကွယ်ဆေးက အများစုကို ထိုးမပေးနိုင်သေးပါဘူး၊ ဦးစားပေးသူတွေကို ထိုးပေးပါမယ်။ ကာကွယ်ဆေးကတော့ ရာနှုန်းပြည့် အကာအကွယ် မပေးနိုင်ပါဘူး၊ ၅ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းအထိတော့ ကာကွယ်ပေးနိုင်ပါတယ်”ဟု ဒေါက်တာသန်ထွန်းအောင်က ဆိုသည်။

ရာသီတုပ်ကွေးကြောင့် ဇူလိုင် ၂၁ မှ ၃၁ ရက်အထိ နေပြည်တော် အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် ပြင်းထန် အဆုပ်ရောင်ရောဂါဖြစ်ပွားသူ ၂၁၃ ဦးရှိပြီး H1N1 ကူးစက်သူ ၆၂ ဦးအနက် ၁၂ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်မာရေး ဦးစီဌာနမှ စုံးစမ်း သိရှိရသည်။

The Voice

ဧရာဝတီတိုင်းတွင် H1N1 ကြောင့် လူ ၆ ဦး သေဆုံး

ဧရာဝတီတိုင်းတွင် H1N1 ကြောင့် လူ ၆ ဦး သေဆုံး

ဧရာဝတီတိုင်းဒေသကြီးတွင် A – H1N1 လူတုပ်ကွေး ရောဂါကြောင့် တလအတွင်း ပုသိမ်၊ ညောင်တုန်း၊ ပန်းတနော်၊ ဒေးဒရဲ၊ ဖျာပုံနှင့် ကျုံပျော် စသည့် ဒေသ ၆ ခုမှ လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီ က ယနေ့ ပြောသည်။

ဧရာဝတီတိုင်းတွင် ဇူလိုင်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လူပေါင်း ၄၀၆ ဦး ဖျားနာခဲ့ပြီး အဆိုပါ ဖျားနာသူများထဲမှ သံသယလူနာ ၁၃ ဦးအား ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၁၃ ဦးစလုံးတွင် A – H1N1 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ ထို လူနာ ၁၃ ဦး အနက် ၆ ဦးသေဆုံးခဲ့ကြောင်း ဝန်ကြီးချုပ် မန်းဂျော်နီက ပုသိမ်မြို့ ရှိ တိုင်းကျန်းမာရေး ဌာနတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။

“အခုလို ရှင်းလင်းပွဲလုပ်တာက ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု၊ ကာကွယ်နှိမ်နင်းနိုင်မှု အခြေအနေမှန်တွေကို ပြည်သူလူထုကို ချပြချင်တဲ့အတွက် ဖြစ်ပါတယ်။ ပြည်သူလူထုကို လိမ်လို့ မဖြစ်ပါဘူး”ဟု ဝန်ကြီးချုပ် မန်းဂျော်နီက ပြောသည်။

အမျိုးသားကျန်းမာရေးဌာန ဓာတ်ခွဲခန်း၏ စစ်ဆေးအတည်ပြုချက်အရ ဧရာဝတီတိုင်းအတွင်း A – H1N1 ဖြစ်ပွားလူနာ အရေအတွက်မှာ ပုသိမ်မြို့နယ်တွင် ၆ ဦး၊ ညောင်တုန်းမြို့နယ်တွင် ၂ ဦး၊ ရေကြည်မြို့နယ် အသုတ်မြို့၊ ပန်းတနော်မြို့၊ ဒေးဒရဲမြို့၊ ဖျာပုံမြို့နှင့် ကျုံပျော်မြို့တို့တွင် ၁ ဦးစီဖြစ်ပြီး စုစုပေါင်း ၁၃ ဦး ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ရောဂါဖြစ်ပွားသည့် ဒေသတိုင်းအား ကွင်းဆင်း ၍ ရောဂါနှိမ်နင်းရေး လုပ်ငန်းများနှင့် ပညာပေးခြင်း လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေ ကြောင်း ဝန်ကြီးချုပ် မန်းဂျော်နီက ဆိုသည်။

“ကျန်းမာရေးဌာနအနေနဲ့ ပညာပေးမှုတွေ လုပ်ဆောင်နေသလို ပြည်သူလူထုအနေနဲ့လည်း ပညာပေးမှုတွေကို အထူးဂရုစိုက် လိုက်နာဖို့ လိုပါတယ်။ ပညာပေးတဲ့လူတွေ ကောင်းအောင် ဘယ်လောက်ပြောပြော ကိုယ်တိုင် လိုက်မလုပ်ဘူးဆိုရင် မဖြစ်ပါဘူး။ အဓိက သတင်းစကား ပါးချင်တာကတော့ ရာသီတုပ်ကွေး ရောဂါ သံသယ ရှိသူများမှာ အဖျားအလွန်ကြီးတာ၊ အသက်ရှူကြပ်တာ၊ ဂနာမငြိမ်တာ၊ သတိလစ်တာတွေဖြစ်လာရင် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ချက်ချင်းကုသမှု ခံယူဖို့ တိုက်တွန်းပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ညောင်တုန်းမြို့နယ်၊ မိုးမခကျေးရွာရှိ ကျောင်းအုပ်ဆရာမကြီးမှာ A – H1N1 ရောဂါဖြင့် ကွယ်လွန်ဆုံးပါး ခဲ့သည့်အတွက် ၎င်းနေထိုင်ခဲ့သည့် အဆိုပါကျေးရွာသို့ ကျန်းမာရေးအဖွဲ့ စေလွှတ်ပြီး ရောဂါကူးစက်မှု ထိန်းချုပ်ရေးနှင့် ပညာပေးမှု လုပ်ငန်းများ ယနေ့ ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းမြင့်ကလည်း ပြောပြသည်။

“ဆရာမကြီးနေထိုင်ခဲ့တဲ့ မိုးမခကျေးရွာကို ညောင်တုန်းမြို့နယ် ဆရာဝန်ကြီးကနေ ကျန်းမာရေး အဖွဲ့တဖွဲ့ စေလွှတ်ပြီး ဆောင်ရွက်နေပါပြီ။ ရောဂါဖြစ်ပွားမှု ထိမ်းချုပ်နိုင်ရေးနဲ့ ကာကွယ်မှု ပညာပေးမှုတွေကို ကျနော်တို့ ကျန်းမာရေးဌာနအနေနဲ့ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေပါတယ်”ဟု သူက ပြောသည်။

ပုသိမ်မြို့ ပညာရေးကောလိပ်တွင် A – H1N1 ဖြစ်ပွားသူ ၄ ဦး တွေ့ရှိခဲ့ပြီး ကျန်းမာရေးဌာနမှ ဂရုစိုက် ကုသပေး ခဲ့ သည့်အတွက် လူနာ ၄ ဦးစလုံး ရောဂါပျောက်ကင်း သက်သာခဲ့ပြီး ရောဂါပျံ့နှံ့မှုမရှိစေရန် ထိန်းချုပ် နိုင်ခဲ့ ကြောင်း၊ ထို့ကြောင့် A – H1N1 ရောဂါဖြစ်သည်ဆိုတိုင်း ကြောက်စရာမလိုကြောင်း၊ အသိနောက်မကျစေဘဲ စောလျင်စွာ ကုသမှုခံယူလျှင် ပျောက်ကင်းကြောင်း ဒေါက်တာ ထွန်းမြင့်က ဆိုသည်။

A – H1N1 လူတုပ်ကွေး ရောဂါလက္ခဏာများမှာ အဖျားကြီးပြီး ရင်ဘတ်အောင့်လာခြင်း၊ အသက်ရှူ ကြပ်ခြင်း၊ အသက်ရှူမရခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်လေ့ရှိကြောင်း သိရသည်။

သာမာန်တုပ်ကွေးဖြစ် ဖျားနာသူတွင် အဆိုပါလက္ခဏာ ရပ်များ တွေ့ရှိရပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆေးရုံသို့ အမြန်ဆုံးတက်ရောက် ကုသမှုခံယူရန် ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

A – H1N1 လူတုပ်ကွေးရောဂါပိုး ကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် လူထူထပ်သည့် နေရာများကို ရှောင်ကျဉ်ရန်၊ အပြင်ကပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရန်၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို သေချာစွာ ဖုံးအုပ်ရန်၊ လူထူထပ်သည့် နေရာများ မဖြစ်မနေ သွားလာရပါက နှာခေါင်းစည်း (Mask) တပ် သွားလာရန်နှင့် ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက ချက်ချင်းဆေးကုသမှု ခံယူသည့်နည်းများဖြင့် ကာကွယ်နိုင်ကြောင်း တိုင်းကျန်းမာရေး ဌာနက သတင်းထုတ်ပြန်ထားသည်။

ဆလိုင်းသန့်စင်/ဧရာဝတီ


မြောက်​ဥက္ကလာပ​ဆေးရုံမှ H1N1 ကူးစက်​ခံလူနာနှစ်​ဦး ​ဆေးရုံမှ ဆင်းနိုင်​ပြီ

မြောက်​ဥက္ကလာပ​ဆေးရုံမှ H1N1 ကူးစက်​ခံလူနာနှစ်​ဦး ​ဆေးရုံမှ ဆင်းနိုင်​ပြီ

မြောက်​ဥက္ကလာ အထူးကု​ဆေးရုံတွင်​ A(H1N1)ဖြင့်​ ကုသမှုခံယူ​နေသည့်​ ဆရာဝန်​တစ်​ဦးနှင့်​ ၎င်း၏ ဇနီးတို့သည်​ ယ​နေ့ဇူလိုင်​ ၃၁ ည​နေတွင်​ ​​ရောဂါကုသ​ပျောက်​ကင်း၍ ဆေးရုံမှ ဆင်းနိုင်​ပြီဖြစ်​​ကြောင်း ​အဆိုပါ ကူးစက်​ခံရသူ ဒေါက်​တာတင်​ကိုကိုလွင်​မှ ​မဇ္ဈိမကိုပြောသည်​။

"ဒီ​နေ့ည​နေ​ ဆေးရုံကဆင်းပါပြီ၊ ကိုယ်​ခံအားက အနိုင်​ယူသွားပါပြီ"ဟု ​ဒေါက်​တာတင်ကိုကိုလွင်​က​ပြောသည်​။

ဇူလိုင်လ ၂၁ ရက်မှ ၃၀ ရက် နေ့လည်​အထိ မြောက်ဥက္ကလာပ အထူးကုဆေးရုံ (ဝေဘာဂီ)တွင်​ Seasonal Influenza A(H1N1) ဖြစ်​ပွားသူ လူနာ ၃ဦးခဲ့ပြီး ၎င်းတို့ထဲမှ ၂ဦး ပြန်​လည်​ကျန်းမာလာခြင်းဖြစ်​သည်​။

ကူးစက်​မှုခံခဲ့ရ​သော ​ဒေါက်​တာတင်​ကိုကိုလွင်​က လူနာများထံမှ ကူးစက်​ခြင်းဖြစ်​နိုင်​ပြီး ကိုယ်​ခံအား​ကောင်းပါက ​ပျောက်​ကင်းနိုင်​​ကြောင်းဆက်​​ပြောပြသည်​။

"အိပ်ရေးဝဝအိပ်ခြင်း၊ Vitamin C ကြွယ်ဝသော အစားအစာ စားပေးခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ လူထူထပ်သောနေရာ အတတ်နိုင်ဆုံး ရှောင်ကျဉ်ခြင်း) ဖြင့် ကာကွယ်နိုင်ပါတယ်"ဟု ၎င်းကဆိုသည်​။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင် ၃၀ရက်​တွင်​ထုတ်​ပြန်​ချက်​အရ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ (၅)ဦး၊ အထူးကု ဆေးရုံ (ဝေဘာဂီ) ၌ (၃)ဦး နှင့် ခုတင် (၁၀၀၀) ပြည်သူ့ ဆေးရုံကြီး၊   နေပြည်တော်၌ (၁)ဦး Seasonal Influenza A(H1N1) pdm 09 အတည်ပြု အတွင်းလူနာ အဖြစ် တက်ရောက်လျက်ရှိသည်​။

သို့​သော်​လ က်​ရှိ အချိန်​တွင်​ A(H1N1) လူနာ၂ဦး ပြန်​လည်​​ပျောက်​ကင်းသွားပြီဖြစ်​သည်​။

ယနေ့ဇူလိုင် ၃၁မနက်ပိုင်းအထိ တရားဝင်​ထုတ်​ပြန်​ချင်​အရ H1N1 လူနာ ၅၁ဦး ရှိခဲ့ပြီး ၁၀ဦး​သေဆုံးခဲ့သည်​။

Mizzima

မကွေးတိုင်း ပျောက်ဆုံးရန်ပုံငွေမှ လက်ကျန်ငွေ ကျပ်သန်း ၅၂၀အား ပြန်လည်ပေးအပ်

မကွေးတိုင်း ပျောက်ဆုံးရန်ပုံငွေမှ လက်ကျန်ငွေ ကျပ်သန်း ၅၂၀အား ပြန်လည်ပေးအပ်

မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များမှ ထည့်ဝင်လှူဒါန်းခဲ့သော ရန်ပုံငွေများမှ လက်ကျန်ငွေ ကျပ်သန်း(၅၂၀)အား ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့ နေလည် ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရသို့ လာရောက် အပ်နှံခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ပေးရန်ရှိသည့် ကျပ် ၁ ဒသမ ၅၇ဘီလီယံကျော်အနက် မေလ ၄ ရက်နေ့က ကျပ်သိန်း(၃၀၀၀)၊ မေလ ၅ ရက်နေ့က ကျပ်သိန်း(၅၀၀၀) ၊ မေလ ၃၀ရက်နေ့က ကျပ်သန်း(၂၀၀)နှင့် ယနေ့ ကျပ်သန်း(၅၂၀) ထပ်မံလာရောက် ပေးသွင်းခဲ့၍ ပေးထားသည့် ကတိအတိုင်း ဇူလိုင်လ နောက်ဆုံးအပတ်တွင် အပြီးပေးသွင်းခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မီဒီယာများသို့ပြောသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က မကွေးတိုင်းကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသို့ လှူဒါန်းခဲ့သည်ဆိုသော မော်တော်ယာဉ် (၄)စီး၊ Wheel Loader (၁)စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အား ဧပြီလ ၃၀ ရက် ညနေပိုင်းအချိန်ခန့်က လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်လွှဲအပ်ပေးခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။

ယခင် ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေလက်ထက် မကွေးတိုင်းဒေသကြီး ရေနံလက်ယက် တွင်းတိမ်လုပ်ငန်းရှင်များမှ ထည့်ဝင်လှူဒါန်းခဲ့သော ရန်ပုံငွေကျပ်(၇.၄၅၉)ဘီလီယံ ပျောက်ဆုံး နေသည်ဟု စာရင်းပေါ်ပေါက်ကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ ကြံ့ခိုင်ရေးပါတီသို့ (၁.၇)ဘီလီယံနှင့်ရွှေသုခအသေးစားငွေရေးကြေးရေးအသင်းသို့ (၁.၇)ဘီလီယံ လွှဲပြောင်းပေးထားကြောင်း   ပေါ်ပေါက်သည့်အတွက် နိင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အရ ယခင်ဝန်ကြီးချုပ်ထ ပြန်လည်တောင်းခံခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ပြည်ထောင်စုအဆင့်က နိင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အရ အဲ့ဒီ(၃.၂၇၅)ဘီလီယံကို ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရကို ပြန်ပေးပါလို့ ဦးဘုန်းမော်ရွှေထံ စာနဲ့အကြောင်းကြား
ခဲ့ပါတယ်။ ဦးဘုန်းမော်ရွှေက သူရဲ့ကိုယ်စားလှယ် ဦးကြည်ထွန်းကနေ တဆင့် ယာဉ်ယန္တရားတွေရော ပေးစရာရှိတဲ့ကျပ် (၃.၂၇၅)ဘီလီယံရော ပေးမယ်ပြန်စာအရ အရစ်ကျ ဆက်လက်ပေးဆပ်လာခဲ့ တာဟာ။  မြန်မာ့စီးပွားရေးဘဏ်မှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရငွေစာရင်းမှာ လာရောက် အပ်နှံမှုအရ ဒီကနေ့ဆို စက်ယန္တရားတွေရယ် ၊ ပေးရန်ငွေ အားလုံးရပြီး ဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီး  ဦးနေမျိုးကျော်က မဇ္ဈိမသို့ပြောသည်။

ဆက်လက်၍ “ ကျန်တဲ့ကျပ် (၄)ဘီလီယံက စုံစမ်းစစ်ဆေးစဉ်ကာလက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ထားတယ်ဆိုလို့ ကျွန်တော်တို့ ဘာမှဆောင်ရွက်ခွင့် မရသေးဘူး။ ဒါကို ပြည်ထောင်စု အဆင့် စာရင်းစစ်ချုပ်ရဲ့ ညွှန်ကြားချက်အရ ဖွံ့ဖြိုးရေး လုပ်ငန်းလုပ်တဲ့ နေရာတွေက အမှန်တကယ် လုပ်ကိုင်ခဲ့မှု ရှိမရှိဆိုတဲ့ အပိုင်းရယ် ။ပြည်ထောင်စုဘတ်ဂျက်အပိုင်းနဲ့ ထပ်နေသလား၊ တိုင်းဒေသကြီး ရံပုံငွေဘတ်ဂျက် လုပ်ငန်းစဉ်တွေနဲ့ ထပ်နေသလားဆိုတာကတော့ စုံစမ်း စစ်ဆေးမှုတွေကို သက်ဆိုင်ရာ စာရင်းစစ်ဌာနတွေက ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဝန်ကြီးဦးနေမျိုးကျော်ကပြောသည်။

Mizzima

မြောက်ကိုရီးယားအရေးက စကားဖြင့် ပြောနေရမည့် အချိန်ကုန်သွားပြီဟု အမေရိကန် ပြော

မြောက်ကိုရီးယားအရေးက စကားဖြင့် ပြောနေရမည့် အချိန်ကုန်သွားပြီဟု အမေရိကန် ပြော

မြောက်ကိုရီးယားနှင့် ပတ်သက်ပြီး စကားဖြင့် ပြောဆိုဆွေးနွေးရမည့် အချိန်က ကုန်လွန်သွားပြီးဟု အမေရိကန်က ပြောလိုက်သည်။

မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် နောက်ဆုံးပစ်လွှတ်မှုအား တုံ့ပြန်ကာ ဗုံးကြဲလေယာဉ်များ ပျံသန်းခြင်းနှင့် ဒုံးခွင်းဒုံးစနစ် စမ်းသပ်ခြင်းများကို ထောက်ခံသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပေါ်လည်း ပစ်ပစ်ခါခါ ဆိုထားသည်။

"အချည်းနှီးပဲ ဖြစ်တဲ့ အရေးပေါ်လုံခြုံရေးကောင်စီ အစည်းအဝေးတွေ ခေါ်တာကနေ ဘာမှ ဖြစ်မလာဘူး။ ကောင်စီရဲ့ နောက်ထပ် အားပျော့တဲ့ဆုံးဖြတ်ချက်တစ်ရပ်ဟာ အခြေအနေကို ပိုဆိုးလာစေလိမ့်မှာပဲဖြစ်တယ်။ မြောက်ကိုရီးယားဟာ တားမြစ်ထားချက်တွေကို အကြိမ်ကြိမ် ချိုးဖောက်နေခဲ့တာ ဖြစ်တယ်။"ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်က တိုက်ချင်းပစ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်နိုင်ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်သည် အမေရိကန်၏ မည့်သည့်နေရာမဆို ပစ်ခတ်နိုင်စွမ်းပြီဟု ဖော်ထုတ်ဝင့်ကြွားခဲ့သည်။

လက်နက်ပညာရှင်များကလည်း မြောက်ကိုရီးယား၏ ဒုံးကျည်စွမ်းရည်သည် နယူးယောက်သို့ပင် ရောက်ရှိနိုင်သည်ဟု ဆိုထားရာ သမ္မတ ထရမ့်အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေသည်။

အဆိုပါ ဒုံးကျည်စမ်းသပ်မှုအပေါ် တိုက်ရိုက်တုံ့ပြန်မှုအဖြစ် ဇူလိုင် ၂၉ ရက်တွင် အမေရိကန်မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့သလို ဇူလိုင် ၃၀ ရက်တွင်လည်း ကိုရီးယားကျွန်းဆွယ်မှာ တပ်ဆင်ချထားမည် မျှော်မှန်းထားသော ဒုံးကျည်ကြားဖြတ်စနစ်ကို အမေရိကန်စစ်တပ်က အောင်မြင်စွာ စမ်းသပ်ခဲ့သည်။

ကင်ဂျုံးအွန်၏ ခေါင်းဆောင်မှုအောက်တွင် မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားပစ်ခတ်နိုင်စွမ်းကို အရှိန်မြှင့်လုပ်ဆောင်ကာ နိုင်ငံတကာ၏ ဝေဖန်ရှုတ်လျမှုကို အာခံနေလျက် ကုလသမဂ္ဂဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း အကြိမ်ကြိမ် ချိုးဖောက်နေသည်။ ဇူလိုင် ၂၉ ရက်က အမေရိကန်ဆီးနိတ်လွှတ်တော်သည် မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တစ်ရပ်အား အတည်ပြုခဲ့သည်။

 ပြုံယမ်းအပေါ် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ရေး တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ကိုလည်း ဟေလီက တိုက်တွန်းအရေးဆိုသည်။

"မြောက်ကိုရီးယားအပေါ် နိုင်ငံတကာဖိအားတွေ သိသိသာသာ သက်ရောက်စေမှာ မဟုတ်တဲ့ နောက်တိုးလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်ဟာ တန်ဖိုးရှိမှာလည်း မဟုတ်ဘူး။"ဟု ဇူလိုင် ၃၀ ရက်နှောင်းပိုင်း ထုတ်ပြန်ချက်၌ ဟေလီက ပြောထားသည်။

Mizzima

ဧရာဝတီတိုင်းဒေသကြီးH1N1ဖြစ်ပွားမှုလက်ရှိအခြေအနေ

ဧရာဝတီတိုင်းဒေသကြီးH1N1ဖြစ်ပွားမှုလက်ရှိအခြေအေ

ပြည်သူတွေ အထိတ်တလန့် ဖြစ်အောင် မီးလောင်ရာလေမပင့်ဖို့  တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးမှူးမေတ္တာရပ်ခံ

ပြည်သူတွေ အထိတ်တလန့် ဖြစ်အောင် မီးလောင်ရာလေမပင့်ဖို့  တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးမှူးမေတ္တာရပ်ခံ

လတ်တလောမှာ ဖြစ်ပွါးနေတဲ့  လူတုပ်ကွေး ကူးစက်ရောဂါနဲ့ ပတ်သတ်ပြီး ပြည်သူတွေ အထိတ်တလန့် ဖြစ်အောင် မီးလောင်ရာလေမပင့်ဖို့  ဧရာဝတီတိုင်းဒေသကြီးပြည်သူ ကျန်းမာရေးဦးစီးမှူးဒေါက်တာထွန်းမြင့်က မေတ္တာရပ်ခံအသိပေးလိုက်ပါတယ်။

မက်စ်(နှာခေါင်းစည်း)က Essential Need မရှိမဖြစ်လိုအပ်တဲ့ အရာတော့ မဟုတ်ဘူးအဲ့ တော့ တစ်ချို့ တွေလည်း မက်စ်တွေဝေနေတာတွေ့ ရပါတယ် ဆိုတော့ ပြည်သူလူထုက မက်စ်မှမရှိရင်မလုံခြုံတော့ ဘူးလို့ ခံစားရနိုင်တယ် ဒါ့ကြောင့် လူမှုရေးအဖွဲ့ တွေကိုလည်း မေတ္တာရပ်ခံပါတယ် ဟု ၄င်းကပြောပါတယ်။

ဇူလိုင်လ(၃၁)ရက်နေ့ က ပုသိမ်မြို့ တိုင်းဒေသကြီ့း ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနတွင်ပြုလုပ်သော A(H1N1) လူတုပ်ကွေးရောဂါ အသိပေးရှင်းလင်းပွဲ မှာပြောဆိုလိုက်တာပါ။

လတ်တလောဖြစ်ပေါ်နေတဲ့  လူတုပ်ကွေးကူးစက်ရောဂါနဲ့ ပတ်သတ်ပြီး လူထူထပ်သော နေရာများမသွားရန် လက်ကိုမကြာခဏဆေးရန် အားရှိသောအစာအဟာရများစားသုံရန်၊အိပ်ရေးဝအောင်အိပ်ဖို့ နှင့် ကိုယ်ခံအားကောင်းအောင်နေဖို့ မှကြားထားသလို ဖျားနာခြင်းများဖြစ်ပါက သိသိချင်းဆေးရုံဆေခန်းများမှာဆေးကုသမှု ခံယူဖို့ ကအဓိကဖြစ်တယ်လို့ ဆရာဝန်တွေကပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ဖိအားတွေသိပ်မပေးပဲ အားပေးကူညီဖို့ ကိုလည်း ဒေါက်တာထွန်းမြင့်က ထည့်သွင်းပြောဆိုခဲ့ ပါတယ်.။

ဧရာဝတီတိုင်းဒေသကြီးမှာ A(H1N1)ကူးစက်ခံသူ(၁၃)ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိလာပြီးဖြစ်တယ်လို့  ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ(၃၁)ရက်နေ့ က A(H1N1) လူတုပ်ကွေးရောဂါ အသိပေးရှင်းလင်းပွဲ မှာပြောဆိုထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသောလက်ကမ်းစာစောင်များတွင်
*ရာသီတုပ်ကွေးရောဂါပိုးသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ပါသည်။
*အဆိုပါရောဂါသည် အချို့ လူများတွင် ရောဂါလက္ခဏာများ ပိုမိုပြင်းထန် နိုင်ပါသည်။
*နှာချေတိုင်း ၊ချောင်းဆိုးတိုင်း ၊ ပါးစပ်နှင့် နှာခေါင်းကို သေချာစွာ ဖုံးအုပ်ပါ။
(လက်ကိုင်ပ၀ါ /တစ်ရှူး/တစ်ခါသုံးပါးစပ် နှာခေါင်းစည်း တို့ ကို အသုံးပြုနိုင်ပါသည်)
*မိမိအနီးတွင် နှာချေ ၊ချောင်းဆို ခြင်းရှိပါကလည်း အထက်ပါနည်းအတိုင်းကာကွယ်ပါ။
*နှာချေ၊ချောင်းဆို ပြီးချိန်နှင့် ရောဂါလက္ခဏာရှိသူများ အားထိတွေ့ ကိုင်တွယ် ပြီးချိန်တိုင်း ရေနှင့်ဆပ်ပြာတို့ ဖြင့် သေချာစွာလက်ဆေးပါ။
*မိမိတုပ်ကွေးဖြစ်ပွါးသည်ဟု သံသယရှိပါက အခြားသူများသို့  ကူးစက်မှုမှ ကာကွယ်ရန်
-မိသားစုနှင့် နီးကပ်စွာနေထိုင်ခြင်း
-ကျောင်း၊ဈေး၊လုပ်ငန်း ခွင့် လူထူထပ်သော နေရာများသို့  သွားလာခြင်းတို့ ကိုရှောင်ကြဉ်ပါ။
ဟုပါရှိသည်။

မျိုးမင်းပိုင်

ဧရာဝတီတိုင်းဒေသကြီးတွင် A(H1N1)ကူးစက်မှုဖြင့်သေဆုံးသူ ခြောက်ဦးရှိလာ


ဧရာဝတီတိုင်းဒေသကြီးတွင် A(H1N1)ကူးစက်မှုဖြင့်သေဆုံးသူ ခြောက်ဦးရှိလာ

ဧရာဝတီတိုင်းဒေသကြီးမှာ A(H1N1)ကူးစက်ခံသူ(၁၃)ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိလာပြီဖြစ်တယ်လို့  အစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီက ဇူလိုင်လ(၃၁)ရက်နေ့ က   A(H1N1) လူတုပ်ကွေးရောဂါ အသိပေးရှင်းလင်းပွဲ မှာပြောပါတယ်။

အဲ့ ဒီသေဆုံးသူ ခြောက်ဦးမှာ ပုသိမ်(၁)ဦး ၊ညောင်တုန်း(၁)ဦး ၊ဒေးဒရဲ(၁)ဦး၊ပန်းတနော်(၁)ဦး၊။ကျုံပျော်(၁)ဦး ၊ဖျာပုံ(၁)ဦးစုစုပေါင်းခြောက်ဦးဖြစ်ပါတယ်။သည်နေ့ ထုတ်ပြန်လိုက်တဲ့ ကူးစက်ခံရသူနဲ့  သေဆုံးသူ  စာရင်းဟာ ဇူလိုင်လ(၁)ရက်နေ့ မှ ဇူလိုင်လ(၃၀)ရက်နေ့ အထိ စာရင်းတွေဖြစ်ပါတယ်။

ဒါက ဓာတ်ခွဲ စမ်းသပ်မှုအတည်ပြုပြီးဖြစ်တဲ့ သူဦးရေဖြစ်ပြီး(၄၀၆)ဦးမှာ
လည်း သည်ရောဂါလက္ခဏာတွေရှိနေတယ်လို့  သတင်းထုတ်ပြန်လိုက်ပါတယ်။သည်နေ့ မှာဖြစ်ပေါ်လာတဲ့ လူတုပ်ကွေးရောဂါကို အစိုးရတစ်ခုတည်းမဟုတ်ပဲ ဌာနဆိုင်ရာများ၊အရပ်အဘက်အဖွဲ့ အစည်းများ၊ မီဒီယာများနှင့် ပူးပေါင်းနှိမ်နင်းသွားမယ်လို့  ၀န်ကြီးချုပ်ကပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင်လ ၂၉ ရက်အထိ သံသယရာသီ
တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ (၁၃၈) ဦးရှိခဲ့ပြီး သေဆုံးသူ ၇ ဦးအထိ ရှိလာပြီး ယနေ့ သေဆုံးသူ ၉ ဦးရှိတယ်လို့ ပြည်ထောင်စုကျန်းမာရေးဝန်ကြီးက ပြောဆိုထားတာကြောင့် သေဆုံးသူအများစုဟာဧရာဝတီတိုင်းဒေသကြီးကဖြစ်တယ်လို့ ယူဆရပါတယ်။

ဆရာဝန်များကတော့ လုံခြုံသော နှာခေါင်းစည်းများ တပ်ရန်၊ လူထူထပ်သော နေရာများမသွားရန်၊ လက်ကိုမကြာခဏဆေးရန်၊ အားရှိသောအစာအဟာရများစားသုံရန်၊အိပ်ရေးဝအောင်အိပ်ဖို့ နှင့် ကိုယ်ခံအားကောင်းအောင်နေဖို့ မှကြားထားသလို ဖျားနာခြင်းများဖြစ်ပါက သိသိချင်းဆေးရုံဆေးခန်းများမှာဆေးကုသမှု ခံယူဖို့ မှာကြားထားပါတယ်။
မျိုးမင်းပိုင်

Sunday, July 30, 2017

H1N1တုပ်ကွေးရောဂါကြောင့်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိပြီ


 လောလောဆယ် H1N1ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေကို တွေ့ရှိရတဲ့ ဒေသတွေကတော့ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ နေပြည်တော်တို့ ဖြစ်ပါတယ်
မြန်မာနိုင်ငံမှာ H1N1ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ တုပ်ကွေး ရောဂါကြောင့် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး ဒီကနေ့ ထပ်မံသေဆုံးခဲ့တဲ့ အတွက် ဒီရောဂါကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိသွားပြီ ဖြစ်ပါတယ်။

လောလောဆယ်မှာ ဒီရောဂါ ကူးစက်ခံရသူကလည်း စုစုပေါင်း ၅၁ ဦး ရှိသွားပြီ ဖြစ်ပြီး ဒီရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဋ္ဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံက ဒီရောဂါ ကူးစက်ခံရတဲ့ နှုန်းနဲ့ သေဆုံးသူ အရေအတွက်ဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ခဲ့တာနဲ့ ယှဉ်ရင် အများကြီး နည်းနေသေးပေမယ့် ကာကွယ်ရေးလုပ်ဆောင်မှုတွေ လုပ်နေဖို့ လိုအပ်ပြီး WHO ဘက်ကလည်း ဒီရောဂါကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ နည်းပညာ အကူအညီနဲ့ အကြံဉာဏ်ပေးတာတွေ လုပ်နေကြောင်း ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ WHO မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဒေါက်တာ စတီဗင် ပို့စ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တွေ့ရတဲ့ H1N1ပိုးအမျိုးအစားနဲ့ ထိုင်းနိုင်ငံက H1N1ပိုးအမျိုးအစားတို့ တူညီနိုင်တဲ့အတွက် လောလောဆယ်မှာ ထိုင်းနိုင်ငံက ရရှိထားတဲ့ ကာကွယ်ဆေး အရေအတွက် သုံးထောင်လောက်ကို ရောဂါတွေ့ရတဲ့ ဒေသတွေမှာပဲ ပေးဖို့ထားနိုင်ပြီး မြန်မာနိုင်ငံအတွင်းမှာ တွေ့ရတဲ့ H1N1ပိုးကိုတော့ ပိုပြီး ထိရောက်တဲ့ ကာကွယ်ရေး သိရှိနိုင်ရေး စစ်ဆေးဖို့အတွက် ဂျပန်နိုင်ငံကို ပို့ထားတယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ပြောပါတယ်။

လောလောဆယ် H1N1ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေကို တွေ့ရှိထားတဲ့ ဒေသတွေကတော့ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ နေပြည်တော်တို့ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

လူပျောက်ရှာရာမှ အကြမ်းဖက်သမားများစခန်းနှင့် ရိက္ခာပစ္စည်းအများအပြား သိမ်းဆည်းရမိ



နိရဉ္စရာ၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်ကျေးရွာ အနီးရှိ ချွတ်ပြင်ကျေးရွာမှ ပျောက်ဆုံးနေသူ မောင်သန်းဌေးကို မေယူတောင်တွင် ဇူလိုင်လ ၃၀ ရက်နေ့ က လိုက်ရှာရာမှ အကြမ်းဖက်သမားများ၏ ရိက္ခာပစ္စည်း အမြောက်အများကို သူတို့ ခိုအောင်းနေထိုင်ရာ စခန်းများနှင့် အတူ သိမ်းဆည်းရမိခဲ့သည် သတင်းရရှိသည်။


သိမ်းဆည်းရမိသော ပစ္စည်းများထဲတွင် ဆန်အိတ်များ၊ ဆေးဝါးများ၊ စားဆီများ၊ ခေါက်ဆွဲခြောက်များ၊ ငရုတ်သီးခြောက်များ၊ ထမင်းချက် အိုးကြီးများ၊ ပန်းကန်များ အပါအ၀င် ပစ္စည်းအမျိုးအစား ၅၀ ခန့် သိမ်းဆည်းရမိသည်ဟု သိရသည်။


ယခု ပစ္စည်းများ သိမ်းဆည်းရမိသော နေရာသည် အထက်နန်းရာချောင်းအနီးရှိ မေယူတောင်တန်းမှ သင်္ကန်းနက်တောင်တွင် ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသူ မောင်သန်းဌေး၏ အိတ်၊ လေးဂွနှင့် မျှားတို့ကို ၎င်းစခန်းတွင် တွေ့ရှိသော်လည်း လူကိုမူ ရှာဖွေ မတွေ့ရှိရသေးဟု သိရသည်။

(သိမ်းဆည်းရမိသော ပစ္စည်းများကို တွေ့ရစဉ်)

Narinjara
https://www.facebook.com/Narinjara

အမေရိကန်သံဝန်ထမ်း ၇၅၅ ဦးကို ရုရှားနှင်ထုတ်

ရုရှားရှိ အမေရိကန်သံရုံး
အမေရိကန်ပြည်ထောင်စုက ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်လိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သံဝန်ထမ်း ၇၅၅ ဦး ရုရှားနိုင်ငံကနေ ထွက်သွားရမယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အနိုင်ရအောင် ရုရှားက ၀င်နှောက်ပေးခဲ့တဲ့အတွက် အခုလို ဒဏ်ခတ်အရေုးယူမှုအသစ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်။

အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ လူပေါင်း ၁ ထောင်ကျော် အလုပ်လုပ်နေကြပြီး အဲဒီထဲက ၇၅၅ ယောက်အနေနဲ့ ရုရှား မှာ သူတို့လုပ်နေတာကို ရပ်ပစ်ရမယ်လို့ သမ္မတပူတင်က ရုရှား ရုပ်သံသတင်းဌာနတခုကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကို လက်တုန့်ပြန်တဲ့ နောက်ထပ်လုပ်ဆောင်မှုတွေကို ရုရှားအနေနဲ့ လုပ်နိုင်ခြေရှိပေမဲ့ အခုချိန်ထိတော့ ဒါကို သူ မလုပ်သေးဘူးလို့ ရုရှားသမ္မတကပြောပါတယ်။ အမေရိကန်သံဝန်ထမ်း ၇၅၀ ကျော် စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ရုရှားကနေ ထွက်သွားရမယ်လို့ နှင်ထုတ် လိုက်တာကြောင့် သူတို့နှစ်နိုင်ငံရဲ့ တနိုင်ငံချင်းစီမှာရှိနေတဲ့ သံဝန်ထမ်းအရေအတွက်ဟာ ၄၅၅ ယောက်စီနဲ့ အတူတူဖြစ်သွား လိမ့်မယ်လို့ ရုရှားအစိုးရကပြောပါတယ်။

ဒီလက်တုန့်ပြန် လုပ်ဆောင်ချက်ဟာ သိပ်ကိုနောက်ကျနေပါပြီလို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က အမေရိကန် ABC ရုပ်သံသတင်းဌာနကို အစောပိုင်းမှာ ပြောခဲ့ပါသေးတယ်။ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားတို့အပေါ် ဒဏ်ခတ် အရေးယူမှုအသစ်တွေချမှတ်မယ့် ဥပဒေမူကြမ်းကို ကွန်ဂရက်လွှတ်တော်က တညီတညွတ်ထဲ အတည်ပြုထားတာဖြစ်ပြီး သမ္မတ ထရမ့်ပ်က လက်မှတ်ထိုးမယ်လို့ သမ္မတအိမ်ဖြူတော်ကပြောထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

ဖမ်းဆီးခံရမှုအပေါ် မကျေနပ်ကြောင်း Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းပြော

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း (မတ်လ ၂၀၁၇
ပြည်ထဲရေးဝန်ကြီးဌာနက မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးတဲ့လုပ်ရပ်အပေါ် မကျေနပ်ကြောင်း Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောကြားခဲ့တယ်လို့ သူ့ကိစ္စကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ Myanmar Now သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ပြောပါတယ်။ ဒီဖမ်းဆီးမှုမှာ သံသယဖြစ်စရာ မေးခွန်းတွေရှိနေကြောင်းလည်း ဥပဒေရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

မတ်လက ဦးဝီရသူ ပါရာဇိကကျပြီး ရဟန်းဘ၀ နိဌိတံသွားပြီ လို့ ကိုဆွေဝင်းရဲ့ ကိုးကား ရေးသားချက်ဟာ ဥပဒေနဲ့ ညိစွန်းမှုမရှိဘူးလို့ သာသနာရေးဝန်ကြီးဌာနက ဧပြီလက သဘောထား ထုတ်ပြန်ထားတဲ့ကြားက ကိုဆွေဝင်းကို ပုဒ်မ ၆၆(ဃ) နဲ့ မနေ့ ဇူလိုင်လ (၃၀) ရက်နေ့က မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

အလုပ်ကိစ္စနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို တညအိပ်သွားမယ့် ကိုဆွေဝင်းကို ရန်ကုန် မင်္ဂလာဒုံလေဆိပ် က မထွက်ခင်မှာ လေဆိပ်ရဲတွေက ဖမ်းဆီးခဲ့တာပါ။ ကိုဆွေဝင်းအနေနဲ့ ပြည်ပခရီးမထွက်ခင် သက်ဆိုင်ရာ မန္တလေး မဟာအောင်မြေရဲစခန်းနဲ့ ညှိုနှိုင်းပြောဆိုမှုတွေ ရှိခဲ့ရဲ့သားနဲ့ မင်္ဂလာဒုံလေဆိပ်မှာ ရဲက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ Myanmar Now သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့က ဒီ ၂ ရက်နေ့ (သို့မဟုတ်) ၃ ရက်နေ့ကို ကျနော်တို့ မန္တလေးကို တက်ပြီးတော့ အဖမ်းခံမယ် ဆိုလိုချင်တာက တရားရင်ဆိုင်မယ်ပေါ့နော် အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ပြင်ဆင်တယ်။ ပြင်ဆင်တဲ့အချိန်မှာပဲ ကျနော်တို့က အားလုံးသဘောတူကြပြီးပြီ။ သဘောတူပြီးတော့ဒီနေ့ညနေပေါ့နော် ကိုဆွေက ဘန်ကောက်ရုံးကိုသွားတာ သွားတာကို ရန်ကုန်လေဆိပ်အရောက်မှာ သူ့ကိုဖမ်းဆီးလိုက်ပါတယ်။

မေး။ ။ ကိုဆွေဝင်းက မန္တလေးကို လာပြီး အမှုရင်ဆိုင်မယ်လို့ အဲဒီရဲစခန်းကို တရားဝင်အကြောင်းကြားထားရဲ့သာနဲ့ မင်္ဂလာဒုံလေဆိပ်မှာ ဘာလို့ အဖမ်းခံလိုက်ရတာလဲရှင့်။

ဖြေ။ ။ အတည်မပြုနိုင်သေးတဲ့ သတင်းတခုအရဆိုရင် ကိုဆွေအဖမ်းခံရတာ သိသိချင်း ကျနော်မန္တလေးကအဖွဲ့တွေကို ကျနော်စုံစမ်းကြည့်တော့ ကျနော်လိုက်ကြည့်တဲ့အခါမှာ ကျနော် ဘာသွားတွေ့ရသလဲဆိုတော့ မဟာအောင်မြေမြို့နယ်မှူး လက်မှတ်နဲ့ ကိုဆွေဝင်းကို တရားခံဆိုတဲ့ အသုံးအနှုန်းပါတယ် ပြီးရင် ကိုဆွေဝင်းအနေနဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်နိုင်ခြေရှိတဲ့ အတွက် တားဆီးပေးပါရန်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်လေဆိပ်က ရဲကို ညွန်ကြားအကြောင်းကြားတဲ့ စာတခုထွက်လာပါတယ်။ ဒီနေ့ညနေမှာ ကျနော်တို့ နောက်ဆုံးရတဲ့အခြေအနေအရဆို၇င် ကိုဆွေဝင်းကို လာရောက်ခေါ်ယူဖို့ဆိုပြီးတော့ မန္တလေးကရဲတပ်ဖွဲ့ က ဆင်းလာပြီလို့ မင်္ဂလာဒုံစခန်းက ပြောပါတယ်။”

အခုလို မင်္ဂလာဒုံလေဆိပ် အများပြည်သူမြင်ကွင်းမှာ သူ့ကိုဖမ်းဆီးခဲ့ပုံနဲ့ ပတ်သက်လို့ တရားမျှတမှု မရှိဘူးလို့ ရဲစခန်းမှာတွေ့ဆုံခဲ့စဉ် ကိုဆွေဝင်းကပြောကြောင်း ကိုထက်ခေါင်လင်းကပြောပါတယ်။

“အဓိက ကိုဆွေဝင်းအနေနဲ့က နိုင်ငံခြားထွက်တယ်ဆိုတဲ့ ကိစ္စက သူက ကျနော်တို့ ရုံးပိုင်းဆိုင်ရာ လွဲပြောင်းဖို့အတွက် သူနိုင်ငံခြားကိုသွားတာ တညအိပ်ခရီးပဲ သူသွားတယ်။ ဒီနေ့ညနေထွက်ရင် မနက်ဖြန်ညနေ ပြန်လာမယ်ဆိုတဲ့ရည်ရွယ်ချက် သူ့မှာရှိပြီးသား။အခု မန္တလေးမဟာအောင်မြေရဲတပ်ဖွဲ့ က ထုတ်ပြန်ထားတဲ့ စာအရဆိုရင် သူက ရှောင်ပြေးချင်တယ်ဆိုရင် အခုမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ရှောင်ပြေးလို့ရပါတယ်။ အဲဒါကို သူ့ကို ရှောင်ပြေးတယ်ဆိုတဲ့ စကားလုံးတာ လုံးဝလက်မခံပါဘူး။ တာဝန်ယူမှု ၊ တာဝန်ခံမှု အပြည့်နဲ့ သူကိုယ်တိုင်ကိုက တောင်လျောက်အမှုဖြစ်စဉ်အကုန်လုံးမှာ ရဲရဲရင့်ရင့် ရင်ဆိုင်တယ်။ ပြီးကျရင် သူပြောစရာရှိတာပြောတယ်။ တာဝန်ခံတယ် ပြီးလို့ရှိရင် လုပ်ငန်းဆောင်တာတွေကို ဆက်လုပ်တယ်။ နောက်တချက်က ပြီးခဲ့တဲ့ အပတ်ကတည်းက မဟာအောင်မြေရဲတပ်ဖွဲ့နဲ့ သူနဲ့ သဘောတူညီမှု ယူပြီးသား၊ သူလာရောက်အဖမ်းခံမယ်ဆိုတာလည်းပြောပြီးသား ဒါပေမယ့် လုပ်ငန်းဆောင်တာကိစ္စကြောင့် သူဘန်ကောက်ကို ခဏထွက်သွားတာကို သူ့ကို အဲလိုစာထုတ်တယ်ဆိုတာ သူလုံးဝမကျေနပ်ဘူး။

လွန်ခဲ့တဲ့ မတ်လကတည်းက အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည် (မန်းဘသ) အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်မျိုးရွှေကနေ မန္တလေး မဟာအောင်မြေ အမှတ် (၇) ရဲစခန်းမှာ ဦးဝီရသူကို အသေရေဖျက်မှုနဲ့ ကိုဆွေဝင်းကို ပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၂၉၅ (က) တို့နဲ့ အမှုဖွင့် တိုင်ကြားထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီတိုင်ကြားမှုနဲ့ ပတ်သက်လို့ ဧပြီလ (၅)ရက်နေ့က ထုတ်ပြန်တဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ သဘောထား ကြေညာချက်မှာ ဖြစ်စဉ်နဲ့ ဥပဒေပုဒ်မတွေကို ကိုးကားပြီး ကိုဆွေဝင်းရဲ့ ရေးသားပြောဆိုချက်တွေဟာ ဦးဝီရသူကို အသရေဖျက်ရာ မရောက်ဘူးလို့ သုံးသပ်ကြောင်း၊ သာသနာတော်နဲ့ ပတ်သက်ပြီး ဘယ်လိုညိစွန်းချက်မှ မပါရှိကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် အခုလို ကိုဆွေဝင်း အဖမ်းခံရမှုမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ရပ်ဟာ တရားစီရင်ရေး အထက်မှာရှိနေတယ်ဆိုတာ ထင်ရှားနေကြောင်း AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ကိုဆွေဝင်းသာ တကယ်တန်း ထွက်ပြေးဖို့အတွက် ကြံစည်ခဲ့တာမှန်တယ်ဆိုရင် ဒီအမှုရင်ဆိုင်နေရတဲ့ ၄ လကာလအတွင်းမှာ အချိန်မရွေးထွက်ပြေးသွားနိုင်တဲ့ဟာဖြစ်တယ်။ အခုလိုတရားဝင်အသိပေးအကြောင်းကြားပြီးတော့မှ ခရီးထွက်တဲ့ကိစ္စကြုံလာတဲ့အခါမှသာ အခုလိုမျိုးဖမ်းလိုက်တာကတော့ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ ပြည်သူအများပိုမိုသံသယဖြစ်စေတယ်လို့ကျနော်တို့ကတော့ မြင်ပါတယ်။ ဒါကလည်း မကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်ခင်ဗျ။”

ဇန်န၀ါရီလက ရှေ့နေကြီးဦးကိုနီ မင်္ဂလာဒုံလေဆိပ် အများပြည်သူရှေ့ သေနတ်နဲ့ ပစ်သတ်ခံရမှုနဲ့ ပတ်သက်လို့ လုပ်ကြံ သတ်ဖြတ်သူတွေကို ကျေးဇူးတင်ကြောင်း ဦးဝီရသူက သူရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့တာနဲ့ ပတ်သက်လို့ Myanmar Now ကနေ “ရွေးကောက်ပွဲအပြီး အသံတိတ်သွားတဲ့ မဘသ ပြန်လာပြီ” ဆိုပြီး သတင်းဆောင်းပါး ရေးသားရာမှာ ဦးဝီရသူရဲ့ ပြောဆိုချက်ဟာ ရဟန်းဘ၀ကနေပြီးတော့ လုံးဝကုန်ဆုံးသွားစေတဲ့ ပြစ်မှုမျိုးဖြစ်ကြောင်း၊ ပါရာဇိက ကျပြီဆိုတဲ့ ရွှေဝါရောင် ဆရာတော်တပါးရဲ့ မှတ်ချက်ကို ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မဘသ ဆိုတဲ့အဖွဲ့အစည်းဟာ တရားမ၀င်ကြောင်း နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ပြီးခဲ့တဲ့ လပိုင်းတွေကပဲ ထုတ်ပြန်ကြေညာထားပါတယ်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုက အိမ်ဖေါ် မိန်းကလေးနှစ်ဦးအပေါ် လူမဆန်အောင် နှိပ်စက်ညှမ်းပန်းမှုကို သတင်းမီဒီယာကနေ ဖေါ်ထုတ်တင်ပြခဲ့ရာမှာ လူသိများလာခဲ့ပြီး ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုမှာလည်း အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းဖေါ်ထုတ် ရေးသားခဲ့သူလည်းဖြစ်ပါတယ်။

အင်ကြင်းနိုင်   / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

“သားဝ မယားဝ သမဝါယမ” မဖြစ်အောင် သင်ခန်းစာယူရန် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ပြော

“သားဝ မယားဝ သမဝါယမ” မဖြစ်အောင် သင်ခန်းစာယူရန် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ပြော

သမဝါယမအသင်း ဦးဆောင်သူများနှင့် အသင်းသားများကို ယခင်တုန်းကကဲ့သို့ “သားဝ မယားဝ သမဝါယမ”မဖြစ်ရလေအောင် သင်ခန်းစာ ယူကြရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီက  ပြောကြားသည်။

ဇူလိုင်လ ၂၈ ရက်က ပုသိမ်မြို့တော် ခန်းမတွင်ပြုလုပ်သော ဧရာဝတီ တိုင်းဒေသကြီးရှိ စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမ အသင်းများသို့ အသေးစား အရင်းအနှီး ချေးငွေနှင့် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းအတွက် ချေးငွေနှင့် လယ်ယာသုံး စက်ကိရိယာများ ပေးအပ်ပွဲ အခမ်းအနားတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“တစ်ချိန်က ဖြစ်ခဲ့တဲ့ သမဝါယမ၊ “သားဝ မယားဝ သမဝါယမ”လို့ ပြောခံခဲ့ရတဲ့ကိစ္စ ကနေ့ ဒါတွေပြီးဆုံးခဲ့ပါပြီ၊ ပြန်ပြောင်း အပြစ်ပြောနေတာ မဟုတ်ဘူး။ သင်ခန်းစာ ယူကြဖို့ပါ၊ အရင်လို မဟုတ်တော့ဘူး ယနေ့ သမဝါယမ လုံးဝ ကျောခိုင်းခဲ့ပါပြီ”ဟု ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက ပြောသည်။

သမဝါယမကို ဦးဆောင်သူများ၊ အမှုဆောင်များ၊ ဝန်ထမ်းများနှင့် အသင်းသူ အသင်းသားများက ပွင့်လင်း ရိုးသားရန် လိုအပ်ကြောင်း၊ တောင်သူများဘဝ ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် အသင်းသားများ အားလုံးက ဟန်ချက်ညီ လုပ်ဆောင်ပါက အောင်မြင်မည် ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် ငွေကြေး အရင်းအနှီးမှာ အဓိက အချက်ဖြစ်ပြီး အတိုးနှုန်းနည်းပါးစွာဖြင့် ငွေချေးပေးသော အဖွဲ့အစည်းများ ရှိနေသော်လည်း လိုအပ်မှုကို ချင့်ချိန် ချေးယူကာ အကျိုးရှိစွာ အသုံးချတတ်ရန် လိုအပ်ပြီး ချေးငွေများကိုလည်း ပြန်လည် ပေးဆပ်ရန် လိုအပ်ကြောင်း အသင်းသားများကို ဝန်ကြီးချုပ်က မှာကြားသည်။

“စိုက်ဘဏ်က ငွေချေးပေးတယ်၊ သမကလည်း ငွေချေးပေးတယ်၊ အိမ်ပြန် မပါဘူး။ လမ်းမှာတင် ကုန်သွားတဲ့ တောင်သူတွေ ရှိနေတယ်၊ သီးနှံစိုက်ဖို့ ငွေချေးတာ ဖြစ်ပါတယ်၊ စနစ်တကျ လုပ်ကြဖို့လည်း လိုပါတယ်။ ဒါမှအကျိုး ဖြစ်ထွန်းမယ်။ လူမှုဘဝတွေ မြင့်တက်လာမယ်”ဟု ၎င်းက ပြောသည်။

၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်တွင် ဧရာဝတီ တိုင်းဒေသကြီး သမဝါယမ အသင်းတွင် စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမ အသင်းပေါင်း ၆၁၂၇ သင်းရှိ အသင်းသားပေါင်း ၅၄၄ ၁၉၀ ဦးကို အသေးစား အရင်းအနှီး ချေးငွေ ကျပ် ၉၃ ၃၂၁ ဒသမ ၅၄၆ သန်း ထုတ်ချေးထားကြောင်း၊ လယ်ယာသုံး စက်ကိရိယာများကို အသင်းပေါင်း ၂၅၆ သင်းရှိ အသင်းသား ၄၈၉ ဦးကို ကျပ် ၂၂၅၅ ဒသမ ၈၉၆ သန်းရှိ စက်ကိရိယာ အစီးပေါင်း ၄၈၅ စီး အရစ်ပေးချေ စနစ်ဖြင့် ပံ့ပိုးရောင်းချပေးထားကြောင်း အဆိုပါ အသင်းရုံးထံမှ သိရှိရသည်။      

The Voice

ကျောက်ပန်းတောင်းအဖျက်ခံအိမ်ရှင်နဲ့ ဆက်သွယ်မေးမြန်းချက်

ကျောက်ပန်းတောင်းအဖျက်ခံအိမ်ရှင်နဲ့ ဆက်သွယ်မေးမြန်းချက်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ဆောက်လက်စအဆောက်အဦးတခုကို ဗလီဆောက်နေတယ်ဆိုပြီး လူစုလူဝေးနဲ့ ဝိုင်းဝန်းဖိအားပေးတောင်းဆိုခဲ့တဲ့အတွက် ဖြိုချဖျက်ဆီးပစ်လိုက်တဲ့ကိစ္စကို အိမ်ရှင်ဖြစ်သူက သူ့ရဲ့နစ်နာမှုနဲ့ စိုးရိမ်စရာလုံခြုံရေးအတွက် သက်ဆိုင်တဲ့တာဝန်ရှိသူတွေ တာဝန်ယူဖြေရှင်းပေးဖို့ မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အကြောင်းရင်းတွေကို တာဝန်ရှိသူတွေ တိတိကျကျစုံစမ်းစစ်ဆေးနေတယ်၊ မလိုလားအပ်တဲ့ တခြားပြသနာတွေ မဖြစ်ပွားဖို့ သတိရှိကြစေလိုတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်က လူမှုကွန်ရက်စာမျက်နှာကပြောဆိုထားပါတယ်။

ဇူလိုင်လ ၂၇ရက်နေ့ညက အဖြိုဖျက်ခံလိုက်ရတဲ့ ဆောက်လက်စအိမ်ပိုင်ရှင်ဖြစ်သူ ဓာတ်ပုံနဲ့ဗီဒီယိုရိုက်ကူးရေးလုပ်ငန်းလုပ်ကိုင်သူ ဒါရိုက်တာအောင်မင်း ခေါ် ကိုဟန်မင်းဦးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အဖြစ်အပျက်ကို အခုလိုစပြောပြပါတယ်။

“ဒီအဆောက်အဦးဆောက်ရတဲ့ရည်ရွယ်ချက်က ကျနော်တို့ ရုပ်ရှင်နဲ့ ဗွီဒီယို ရိုက်ကူးရေးလုပ်ပါတယ်။ မှတ်တမ်းတွေလည်း ရိုက်ပါတယ်၊ အလှူပွဲလမ်းမင်္ဂလာဆောင် ၊ စသဖြင့်ပေါ့နော် တီးဝိုင်းပေါ့နော် အဲဒီတွေရိုက်ဖို့အတွက် Hall ကို ကျနော်အပေါ်မှာ တ၀က်လုပ်ထားတယ်ခင်ဗျ။ အောက်ကနေကြည့်လိုက်ရင် အခုံးတပ်ဖို့အတွက် အ၀ိုင်းထည့်ထားပါတယ်ခင်ဗျ။ အဲဒီမှာပဲ ဗလီ အဆောက်အအုံတခု ဆိုပြီးတော့ ဗလီလို့ပဲ ထင်ရောင်ထင်မှားဖြစ်ကြတာပေါ့နော်။

မဆုမွန်။ ။ဟုတ်ကဲ့ ဒီအဆောက်အဦးကိုဆောက်ဖြစ်တာရော ဘယ်လောက်များကြာပြီလဲရှင့်။

ကို အောင်မင်း ။ ။ ဒီအဆောက်အဦး ကိုဆောက်ဖြစ်တာက သင်္ကြန်ပြီးမှ ဆောက်ဖြစ်တာ ခင်ဗျ အခုနှစ်ပေါ့နော် ။ ဒီအဆောက်အဦးက မပြီးသေးဘူးခင်ဗျ လက်တလောဝင်လုပ်တယ်။ ဘုရားခန်းထုတ်ဖို့လည်း ၅ ပေ ၄ ပေ တောင်ဘက်မှာ အပေါက်ဖောက်ထားပါတယ်။

မဆုမွန်။ ။ ကို အောင်မင်းအနေနဲ့ အခုလို လူအုပ်စုကနေပြီးတော့ ဒီမှာ ဗလီဆောက်တယ်၊ ဗလီနဲ့တူတယ်ဆိုပြီးတော့ ဒီလိုဖျက်ဆီးခံရတဲ့အခါကျတော့ ဘယ်လိုကြောင့် ဒီအဖြစ်အပျက်ဖြစ်သွားတယ်လို့ ထင်ပါသလဲ။ ဒီအဆောက်အဦးကို ဘာကြောင့်များ ဖျက်ဖို့အထိ သူတို့ဘက်က တိုက်တွန်းဖိအားပေးမှုတွေ ဖြစ်လာတယ်လို့ ထင်ပါသလဲ။

ကိုအောင်မင်း ။ ။ ဒီအဆောက်အဦးဖျက်မယ်ဆိုတဲ့ ရက်ပိုင်းမှာ ကျနော်မရှိဘူးခင်ဗျ ။ ကျနော် ၂၂ ရက်နေ့ကနေစပြီးတော့ မုံရွာ၊ ဘုတလင်နယ်ဘက်ကို ကျနော်ထွက်သွားပါတယ်။ ကျနော့်အမျိုးသမီး ရဲ့ ဦးလေးကို ကျနော့်အိမ်မှာ ခေတ္တပေါ့နော် စောင့်ခိုင်းထားပါတယ် ။ ကျနော်အိမ်နီးနားချင်းတွေကိုလည်း မှာခဲ့ပါတယ် ကျနော်ဒီလိုပဲ သွားရမှာဖြစ်သည့်အတွက် ကျနော့်ကို တချက်လောက်စောင့်ကြည့်ပေးကြပါဦး။ ဆိုပြီးတော့ မှာခဲ့တယ် ဟိုမှာ ၂၅ ရက်နေ့ ရိုက်နေတုန်း ဒီအိမ်ကို ဗလီလားမသိဘူးဆိုပြီး အဖွဲ့အစည်းတခုက လာကြည့်သွားတယ်လို့ ပြောတယ်ခင်ဗျ။ လာကြည့်သွားတယ်လို့ ပြောတဲ့အချိန်မှာ ကျနော်က စည်ပင်ကလားဆိုတော့ စည်ပင်ကတော့ မဟုတ်ဘူးတဲ့ ၊ စည်ပင်ကမဟုတ်ဘူးဆိုရင်တော့ ကျနော်စိတ်အေးလက်အေးနဲ့ ကျနော်လုပ်စရာရှိတာတွေကို ကျနော်ဆက်လုပ်ပါတယ် မနေ့မနက်လည်းရောက်ရော ကျနော့်ဆီကို ဖုန်းတွေအများကြီးလာတယ် ၊ ကျနော့်အိမ်ကရော၊ အိမ်နီးနားချင်းတွေကရောပေါ့နော် ။ ကျနော့်အိမ်ကို ဗလီထင်ပြီးတကယ်လူတွေဖျက်မယ် ရုတ်ရုတ်သဲသဲဖြစ်နေကြပြီ။ အဲဒီအချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ နဲ့ ကျနော့်မိဘတွေကိုလည်း စေလွှတ်တဲ့အခါကျတော့ ၁၅ ယောက်၊ အယောက် ၃၀ လောက်ပဲရှိတဲ့အတွက် ပြေလည်သွားကြပါတယ်။ အုပ်ချုပ်ရေးမှူးကလည်း ပြန်ပြီးတော့ အစီရင်ခံစာတွေ ရေးတော့မယ် ပြန်ခါနီး စဲစဲမှာ လူတွေက ရုတ်ရုတ်သဲသဲဖြစ်လာပြီးတော့ မနိုင်တော့ဘူးပေါ့နော် ကျနော့်ဆီကိုလည်း အားလုံးနဲ့လည်း အဆက်အသွယ်ရတော့ မနိုင်တော့ဘူး ဖျက်မှကို အဆင်ပြေမှာလို့ပြောပါတယ်။ ကျနော်က ဖျက်မှကို အဆင်ပြေမှာဆိုတာက ဘာအကြောင်းအရင်းလဲလို့ မေးပါတယ်။ မေးတော့ စည်ပင်သာယာက ငါ့ညီတို့အတိုင်းအတာနဲ့ ဒီအဆောက်အဦးဆောက်မယ်ဆိုတော့ တည်ဆောက်ခွင့်တင်လားလို့မေးတယ်၊ တည်ဆောက်ခွင့်ကတော့ ကျနော်နားမလည်လို့မတင်ဘူး ဒါပေမယ့် ကျနော်ဆောက်လုပ်နေတဲ့အချိန်မှာပဲ ကျနော့်ဆီကို စာတွေလာမလားဆိုပြီးတော့ မျှော်လင့်မိပါတယ် သို့သော် ရောက်မလာပါဘူး။ ကိုယ့်အဆောက်အဦးခင်ဗျ ကျနော့်မှာ မရှိရှိတာလေးကို စုဆောင်းပြီးတော့ ကျနော်လုပ်လာခဲ့တဲ့အတိုင်းဆိုတော့ ကျနော့်ကတော့ အရမ်းဝမ်းနည်း ပူဆွေးသောက ဖြစ်မိပါတယ်။ အဲဒီအချိန်မှာ ကျနော့်အနေနဲ့ကတော့ တားပါတယ် ကျနော်ပြန်လာတာကို စောင့်ပေးပါ၊ ကျနော်ပြန်လာနေပါပြီလို့ပြောတာကို လုံးဝ လက်သင့်မခံပဲနဲ့ ဖျက်မှ ရမယ်ဆိုတဲ့ လူတချို့ရဲ့အသံတွေကို ဖုန်းနဲ့ ကြားရတယ်။

မဆုမွန်။ ။အဲဒီတော့ ခရီးကပြန်အလာမှာ ကိုယ်ဆောက်လက်စ အဆောက်အဦးကလည်း ဖြိုချဖျက်ဆီးခံလိုက်ရတယ်ဆိုတော့ ကိုအောင်မင်းအနေနဲ့ ရောက်လာတဲ့အချိန်မှာ သက်ဆိုင်တာဝန်ရှိတဲ့သူတွေ ၊ အဲဒီနေရာမှာ လုံခြုံရေးယူထားတဲ့သူတွေနဲ့ ဘယ်လိုဆက်ပြီးဆောင်ရွက်ဖြစ်ခဲ့ပါသလဲ။

ကိုအောင်မင်း ။ ။ကျနော်လက်ရှိ အဲဒီကို ရောက်သွားဖို့ ဆိုတာထက် ကျနော်အဲဒီကို လုံးဝသွားလို့ မရပါဘူး။ ကျနော့်ကို ကုလားဆိုပြီး ချက်ချင်းရိုက်သတ်မယ့်အနေအထားမျိုးမှာရှိနေတယ်။ ဒါပေမယ့် ကျနော်ကုလားမဟုတ်ဘူးဆိုတာလည်း သိတယ်၊ ကျနော့်အနေနဲ့ တမင်လုပ်ကြံခံရတယ်လို့ ယူဆပါတယ်။ ကျနော့်အိမ်မှာ ဗလီနဲ့ တူတာလည်း ဘာတခုမှမရှိဘူး ဘယ်လိုသတ်သေအထောက်အထားလည်းမရှိဘူး။ ဘာသာတရားနားလည်လားမသိဘူး နိုင်ငံရေးသမား နားမလည်တဲ့လူတွေရှိနေတော့ ကျနော့်အသတ် အန္တရာယ်စိုးရိမ်ရတော့ ကျနော်အဲဒီကိုတောင်မသွားပါဘူးခင်ဗျ အခုအချိန်အထိ ကျနော်တခေါက်မှ မရောက်သေးပါဘူးခင်ဗျ။

မဆုမွန်။ ။အဲဒီတော့ သတ်ဆိုင်တဲ့ တာဝန်ရှိသူတွေကရော ဦးအောင်မင်း ကိုလာရောက်ဆက်သွယ်တာရှိပါသလား။

ကိုအောင်မင်း ။ ။ကျနော့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကတော့ ကျနော့်ဆီကို ဒီမနက် အဆက်အသွယ်လုပ်ပါတယ်ခင်ဗျ။ အဆက်အသွယ်လုပ်ပြီးတော့ ကျနော့်ဆီက Data တချို့ကို ယူပါတယ်ခင်ဗျ ။ ကျနော့်မိဘ ဘိုးဘွားပေါ့နော် ၊ ဘယ်မှာနေတယ် လက်ရှိဘာတွေလုပ်တယ် အားလုံးကို data တချို့ပြထားပါတယ်။ အခုလက်ရှိ ကျနော်အဲဒါတွေကို ဆောင်ရွက်လျက်ပါပဲခင်ဗျ။

မဆုမွန်။ ။လူအုပ်စုနဲ့ ကိုယ့် ကိုယ်ပိုင်အိမ်တခုကို အဲလိုဖျက်ဆီးခံခဲ့ရတဲ့အပေါ်မှာပေါ့ ၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေး နဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့လူတွေကို အိမ်ရှင်တယောက်၊ နိုင်ငံသားတယောက်အနေနဲ့ ဘာများတောင်းဆိုချင်တာ ရှိပါသလဲ။

ကိုအောင်မင်းး။ ။ကျနော်အထူးသဖြင့်တောင်းဆိုချင်တာကတော့ ကျနော့်ရင်ထဲက ရှိတဲ့ စကားအမှန်ဆိုရင်တော့ အဲဒီအိမ်ကို ကျနော်က ငွေမပြည့်စုံတဲ့ကြားထဲကနေပြီးတော့ ကျနော့်အိမ်မက်၊ ကျနော့်ရည်မှန်းချက်တွေ အကောင်အထည်ဖော်ရမှာဖြစ်တဲ့အတွက် ကျနော်အရမ်းဝမ်းနည်းမိပါတယ်ခင်ဗျ။ နှမြောလည်းနမြောမိပါတယ်။ အခုကျနော်ဆုံးရုံးသွားတဲ့ ဟာဆိုရင် ပြီးသွားပြီး ကျနော့်ဘ၀ ပျက်ပြီ ကျနော်အခုလက်ရှိ နေရထိုင်ရဖို့အတွက် အရမ်းကို အခက်အခဲဖြစ်ပြီ အဲဒီတွေကို ဘယ်သူက ဘာ တာဝန်ယူမလဲဆိုတာကို ကျနော်သိချင်ပါတယ်။ နောက်ပြီးတော့တခုရှိတာက ကျနော့်အိမ်ကို ဖျက်သွားတယ်၊ ဖျက်သွားတဲ့အတိုင်းအတာမှာဆိုရင် လူအများစု စိတ်ချမ်းသာဖို့အတွက် ခေတ္တယာယီအဆင်ပြေဖို့အတွက် ဖျက်သွားတာလို့ ကျနော်ကောက်ချက်ချပါတယ် ။ ကျနော်မြန်မာ နိုင်ငံသားတယောက်အနေနဲ့ ကိုယ်ပိုင်အခွင့်အရေးရော မရှိတော့ဘူးလား။ နောက်ပြီးတော့ ဒီမြို့နယ်၊ အဆောက်အဦး တည်ဆောက်ခွင့် မတင်တာနဲ့ပဲ အဆောက်အဦးက အခုရပ်၊ အခုဖျက် အခုပိတ် ဆိုတာဖြစ်တာကိုတော့ ကျနော်အရမ်းဝမ်းနည်းမိတယ်ခင်ဗျ။

ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးဖြိုးတင့်ခိုင်ကတော့ မြို့နယ်ထဲမှာ အခြေအနေတွေဟာ လောလောဆယ်တည်ငြိမ်သွားပြီဖြစ်ပြီး ဒီကနေ့ ဇူလိုင်လ ၂၈ ညနေပိုင်းမှာ ရက်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် အိမ်ရှင်ဖြစ်သူကို သွားရောက်တွေ့ဆုံခဲ့ပြီးတော့ ဥပဒေပိုင်းဆိုင်ရာ ဆက်လက်ဆောင်ရွက်မယ့်ကိစ္စတွေ ဆက်ပြီးတော့ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

မဆုမွန်/ဗွီအိုအေ

ညောင်တုန်းဒေသခံတစ်ဦး H1N1 ဖြင့်သေဆုံး

ညောင်တုန်းဒေသခံတစ်ဦး H1N1 ဖြင့်သေဆုံး

ညောင်တုန်းမြို့ နယ်က ဒေသခံတစ်ဦးသည် ဇူလိုင်လ (၃၀)ရက်နေ့ ညနေပိုင်းက ဝေဘာဂီဆေးရုံတွင် H1N1ဖြင့် သေဆုံးသွားကြောင်း ညောင်တုန်းမဲဆန္ဒနယ်ကတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်နီနီမိုးကအတည်ပြုပြောဆိုသည်။

ဇူလိုင်လ(၂၇)ရက်နေ့ တွင် ညောင်တုန်းမြို့ နယ်တွင် H1N1ကူးစက်ခံထားရသူ (၂)ဦးရှိကြောင်း
လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက တိုင်းဧရာကိုပြောဆိုထားသည်။

ညောင်တုန်းမြို့ နယ်ရှိ စာသင်ကျောင်းများ မြို့ ပေါ်ဒေသများနှင့် ကူးစက်ခြင်းခံရသည့် သူများနေထိုင်
ရာဒေသများတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပညာပေး ဟောပြောမှုများကိုဆောင်ရွက်ပေးသွားမည် ဟု ဒေါက်တာလှမြတ်သွေးကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် H1N1 ကူးစက်ခြင်းခံထားရသူ ၁၂နစ်ဦး ရှိသည်ဟုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုထားသည်။
လတ်တလော အတည်ပြုချက်များအရ (၁၂)ဦးထဲမှာ နှစ်ဦးမှာ အဆိုပါကူးစက်ရောဂါများဖြင့် သေဆုံးခဲ့ ရကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီက တိုင်းတွင်းမပျံ့ နှံ့အောင်ဆောင်ရွက်ရန် လူမှုရေးဝန်ကြီးကို မှာကြားထားတာရှိသလို  လိုအပ်သော ပစ္စည်းများ ထောက်ပံ့မှုများကို ဖြည့်ဆည်းနိုင်ရန်
ပြည်ထောင်စုအဆင့်နှင့် ချိဆက်နေသည်ဟုဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှ ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူနာ
စုစုပေါင်း(၄၈)ဦး ရှိခဲ့ပြီး အဆိုပါ ၄၈ဦးမှာ ရန်ကုန်တွင် ၁၆ ဦး၊ ချင်းပြည်နယ်တွင် ၁၀ ဦး၊ ဧရာဝတီတိုင်းတွင် ၁၂ ဦး၊ မွန်ပြည်နယ်တွင် ၁ ဦး ၊ပဲခူးတွင် ၅ ဦး၊ နေပြည်တော် ၃ ဦး၊ တနင်္သာရီ ၁ ဦး တို့ ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင်လ ၂၉ ရက်အထိ သံသယရာသီတုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ (၁၃၈) ဦးရှိခဲ့ပြီး သေဆုံးသူ ၇ ဦးအထိ ရှိလာပြီး ယနေ့ သေဆုံးသူ ၉ ယောက် ဖြစ်လာ
သည်။

ဆရာဝန်များကတော့ လုံခြုံသော နှာခေါင်းစည်းများ တပ်ရန်၊ လူထူထပ်သော နေရာများမသွားရန် လက်ကိုမကြာခဏဆေးရန်၊ အားရှိသောအစာအဟာရများစားသုံရန်၊အိပ်ရေးဝအောင်အိပ်ဖို့ နှင့် ကိုယ်ခံအားကောင်းအောင်နေဖို့ မှကြားထားသလို ဖျားနာခြင်းများဖြစ်ပါက သိသိချင်းဆေးရုံဆေးခန်းများမှာဆေးကုသမှု ခံယူဖို့ မှာကြားထားသည်။
မျိုးမင်းပိုင်

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဖမ်းဆီး

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဖမ်းဆီး

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက ဒီနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။

လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ အဖမ်းခံမှာဖြစ်ကြောင်း ရဲစခန်းထံ အကြောင်းကြားပြီးချိန်မှာ ကိုဆွေဝင်းဟာ ဘန်ကောက်မှာရှိတဲ့ Myanmar Now ရုံးခွဲထံ သွားဖို့ ဒီနေ့ လေဆိပ်ရောက်ရှိချိန်မှာ ဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှာ ကိုဆွေဝင်းကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ မဘသ ဆရာတော် ဦးဝီရသူကို ပါရဇိက ကျသွားပြီလို့ မန္တလေးက ရဟန်းတော်တစ်ပါးက မိန့်ကြားထားချက်ကို ကိုးကားပြီး "အခြေခံ ဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီလ ၂၇ နဲ့ ၂၈ ရက်နေ့တွေက သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှ ခဲ့ပါတယ်။ အဲဒီလိုဝေမျှမှုကြောင့် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေက မန္တလေးမြို့အမှတ် ၇ ရဲစခန်းမှာ မတ်လ ၇ ရက်နေ့က ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

Photo: Aung Thain Kha/ RFA

ချင်းတက္ကသိုလ်ကျောင်းသားတစ်ဦး နိုင်ငံရေးမကင်းရှင်းဟုဆိုကာ ကျောင်းထုတ်ခံရ



ခိုနူမ်းသုန်သတင်း၊ ၂၉ ဇူလိုင် ၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အုန်းတောကျေးရွာတွင် ဖွင့်လှစ်ထားသော ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် ပညာသင်ကြားနေသော ချင်းကျောင်းသားတစ်ဦး ဆလိုင်း နိန်ထွန်းသည် နိုင်ငံရေးနှင့်မကင်းရှင်းဟု ဆိုကာ ဇူလိုင်လ ၂၈ ရက်နေ့က ကျောင်းထုတ်ခံလိုက်ရသည်ဟု သိရသည်။

ရူပဗေဒမေဂျာယူထားသည့် ဒုတိယနှစ် ကျောင်းသား ဆလိုင်းနိန်ထွန်းသည် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နိုင်ငံရေးစာများရေးသားမှုများပြုလုပ်ခြင်းကြောင့်ဟုဆိုပြီး ယခုကဲ့သို့ ကျောင်း ထုတ်ခံရခြင်းဖြစ်သည်ဟု ဆလိုင်းနိန်ထွန်းက ခိုနူမ်းသုန်ကိုပြောသည်။

“ အဲဒီကျောင်းမှာက ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ပြောတယ် ဒါပေမယ့်ကျနော်က ဘယ်နိုင်ငံရေးပါတီမှ ၀င်ထားတာမရှိဘူး အမျိုးသားနိုင်ငံရေးကိုလည်း လုပ်တာလည်းမဟုတ်ဘူး စာတွေလေ့လာတယ် ဖတ်တယ် ပြီးရင် အွန်လိုင်း Facebook နှစ်ဖက်မြင်လူသားဆိုပြီး အဲဒီအကောင့်ကနေ အဲဒီဖတ်ထားတဲ့ဟာ ဖြစ်ပျက်နေတာ လေ့လာတယ် သုံးသပ်တယ် ဝေဖန်တယ် အဲလောက်ဘဲ ကိုယ်ဟာကိုလည်းနိုင်ငံရေးလုပ်တယ်လို့မထင်ဘူး ကိုယ်သိသလိုသူများကိုလည်း သိစေချင်တယ် ကိုယ့်ရဲ့ဝေဖန်သုံးသပ်ချက်ကိုလည်း သူများသိစေချင်တယ် ဒါပေမယ့် သူတို့က ကျနော့ကိုနိုင်ငံရေးလုပ်တယ်ဆိုပြီး ခုထုတ်လိုက်တယ်’’ ဟု သူကပြောသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံတက်ရောက်ပြီး ကျောင်းသားပေါင်း ၈၀၀ ကျော်ခန့်တက်ရောက်သည့် အဆိုပါကောလိပ်တွင် ပညာသင်ကြားသည့် ကျောင်းသူကျောင်းသားများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဟု သတ်မှတ်ထားသည်ဟု သိရသည်။

ဆလိုင်းနိန်ထွန်းသည် “ နှစ်ဖက်မြင်လူသား” ဆိုသည့် Facebook အကောင့်တွင် ၎င်းဖတ်ရှူလေ့လာသော စာများ ရှယ်ခြင်း၊ မိမိထင်မြင်ချက်၊ ဝေဖန်ချက်များသာ ရေးသား ခြင်းသာဖြစ်ပြီး မည်သည့်ပါတီဝင်မှမဟုတ်သကဲ့သို့ မိမိကိုယ်ကိုယ်နိုင်ငံရေးလုပ်ဆောင်နေသည်မယူဆကြောင်း ဆလိုင်း နိန်ထွန်းက ခိုနူမ်းသုန်ကိုပြောသည်။

“ နိုင်ငံရေးလုပ်တာလည်းမဟုတ်ဘူး လိုင်းပေါ်မှာဒီလိုရေးတာနဲ့ ကျောင်းထုတ်ခံရတယ်ဆိုတော့ စိတ်မကောင်းတော့ဖြစ်မိ တယ်၊ သူများတွေပြောပြောနေတဲ့ ဒီမိုကရေစီဆိုတာ ဒါလုံးဝမဟုတ်ဘူး ဒါတကယ့်အာဏာရှင်စနစ်ပဲ” ဟု ဆလိုင်းနိန်ထွန်း ကပြောသည်။

ယခုကဲ့သို့ ချင်းကျောင်းသားတစ်ဦး ကျောင်းထုတ်ခံရသည့်အပေါ် ဘယ်လိုမှလက်ခံနိုင်စရာမရှိပဲ၊ အဓိပ္ပါယ်မရှိသည့်လုပ်ရပ်ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာချင်းကျောင်းသားများသမဂ္ဂအဖွဲ့ အထွေထွေအတွင်းရေးမှူးဆလိုင်းထန်းလွန်းကပြောသည်။

“ ကျနော့်အနေနဲ့လုံးဝကိုစဉ်းစားလို့မရတဲ့အခါကျတော့ လက်မခံဘူး ဘာလို့လက်မခံနိုင်လဲဆိုတော့ နိုင်ငံသားတစ်ယောက် မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ပြီး ကျောင်းတက်နေတဲ့ ဘယ်လူမျိုးမဆို ကျောင်းသားတစ်ယောက်ကို ဒီလိုမျိုးထုတ်ပယ်တာက လုံးဝကိုအဓိပ္ပါယ်မရှိဘူး နိုင်ငံသားတစ်ယောက်မှာနိုင်ငံရေးလုပ်ပိုင်ခွင့်အပြည့်အ၀ရှိတယ်၊ နိုင်ငံသားတစ်ယောက်ဟာ သူနေမကောင်းတာလည်း နိုင်ငံရေးကြောင်းပဲ။ ထမင်းစားတာလည်းနိုင်ငံရေးကြောင့်ပဲ၊ ဒါကြောင့် ဒီလိုထုတ်ပယ်တာကို လုံးဝလက်မခံဘူး’’ ဟု ဆလိုင်းထန်းလွန်းကပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာချင်းကျောင်းသားများသမဂ္ဂအဖွဲ့အနေဖြင့် အဆိုပါကောလိပ်မှ တာဝန်ရှိသူများကိုလည်း သွားရောက်တွေ့ဆုံသွားရန် စီစဉ်နေကြသည်ဟုလည်း သိရသည်။

ယခုကိစ္စအပေါ် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ် ရီရီညွန့်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိခဲ့ပေ။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese

တိုင်းနဲ့ ပြည်နယ် ၄ ခု ရေဖုံးလွှမ်းနိုင်


ဧရာဝတီမြစ်ရေတက်သဖြင့် မကွေးတိုင်းက ရွာတရွာမှာ ရေကြီးနေပုံ။ Photo: Prof Win Myat Aye/ FB
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဧရာဝတီတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ရေဖုံးလွှမ်းနိုင်တဲ့အခြေအနေ ရှိနေတယ်လို့ မိုးလေ၀သပညာ ရှင် ဒေါက်တာထွန်းလွင် က ပြောပါတယ်။

မိုးရွာသွန်းမှုကြောင့် ရေဖုံးလွှမ်းနိုင်တဲ့ ဧရိယာတွေကို အမေရိကန်အမျိုးသား အာကာသနဲ့ လေကြောင်းဦးစီးဌာန NASA က ဒီကနေ့ ထုတ်ပြန်ပေးတာဖြစ်တယ် လို့ ဒေါက်တာထွန်းလွင် က ပြောပါတယ်။

"ဒီနေ့မနက် ၆ နာရီခွဲ၊ နာဆာဂြိုလ်တုပေါ့နော်။ အဲ့ဒီဂြိုလ်တုကနေ တိုင်းပေးထားတာ။ ရေကြီးတာတွေပြောတာမဟုတ်ဘူး။ အနိမ့်ပိုင်းတွေ ရေဖုံး တာကို ပြောတာ။ ရေဖုံးတဲ့ ဧရိယာက ရခိုင်ရှိတယ်။ မြောက်ပိုင်းမှာပေါ့။ ဧရာဝတီ၊ နောက် ရန်ကုန်၊ ပဲခူးတောင်ပိုင်း၊ တိုင်း ၃ ခု ပြည်နယ် ၁ ခုပေါ့။ရခိုင်ရယ်၊ ဧရာဝတီရယ်၊ ရန်ကုန်ရယ်၊ ပဲခူးတောင်ပိုင်းရယ်ပေါ့နော်။ မိုးရွာလို့ပါ"

စစ်တွေ၊ မအူပင်၊ မြိတ်၊ ပဲခူးနဲ့ မင်္ဂလာဒုံ စတဲ့ မြို့နယ်တွေမှာ ရေဖုံးလွှမ်းနိုင်တဲ့ အလားလာတွေ ပိုများနေတယ်လို့လည်း ပြောပါတယ်။

ရန်ကုန် ၊ ဧရာဝတီ ၊ တနင်္သာရီ ၊ ကရင်၊ မွန် စတဲ့တိုင်းနဲ့ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့နယ်မှာ ၊ င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့နယ်တွေမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေ တာကြောင့် မြေနိမ့်ပိုင်းမှာနေတဲ့ သူတွေအနေနဲ့ သတိထားကြဖို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

H1N1 သမိုင်းတစ်စ လူထုတာဝန်နှင့် လူထုအားဖြင့် တွန်းလှန်နိုင် မည့် နည်းလမ်းကောင်းများ

H1N1 သမိုင်းတစ်စ လူထုတာဝန်နှင့် လူထုအားဖြင့် တွန်းလှန်နိုင်
မည့် နည်းလမ်းကောင်းများ


ကျော်စိုးဦး(မန္တလေး)

ဘယ်နေရာသွားသွား မလုံခြုံ စိတ်မချရဘူးလို့ ခံစား နေရတဲ့ ကျွန်တော်တို့သောကတွေအတွက် ဘယ်သူ့ကိုမှ အပြစ်မမြင်ကြဖို့ပါပဲ စာချစ်သူ။ ဘာလို့လဲ။ လူသား သတ္တဝါ ပတ်ဝန်းကျင်ရှိနေသမျှ ကပ်ရောဂါဆိုတာ ရှိနေ မှာပါပဲ။ သတင်းမှားတွေလွှင့်၊ တစ်ဦးနဲ့တစ်ဦး အပြစ်မြင် နေမည့်အစား စည်းလုံးမှုနဲ့ ဒီကပ်ရောဂါဆိုးကို တာဝန်ရှိ သူတွေနဲ့အတူ လက်တွဲကာကွယ်ပြီး ဖြစ်လာလျှင်လည်း အတူရင်ဆိုင်ကာ ကျွန်တော်တို့ကူညီနိုင်တာ ကူညီရင်း ဝိုင်းဝန်းလုပ်ဆောင်ကြဖို့သာ နိုင်ငံသားကောင်း တစ်ယောက်တာဝန်မဟုတ်ပါလား။

အခုကျွန်တော်တို့တစ်တွေ ပြောပြောနေကြတဲ့ H1N1 (Hacmagglutinin Neuraminidase)ဟာ အခုမှစတင် အခြေတည်ခဲ့တာမဟုတ်ပါဘူး။ H1N1 ကို ကမ္ဘာ့ပျံ့နှံ့ ကူးစက်လွယ်ရောဂါဆိုး၊ ကမ္ဘာအနှံ့ဖြစ်ပွားတတ်တဲ့ ရောဂါတစ်ခုလို့ ၁၉၁၈ ခုနှစ်ကတည်းက သုတေသနတွေ ပြုလုပ်ကာ အသိအမှတ်ပြုနိုင်ခဲ့တာပါ။ ၂ဝဝ၉ ခုနှစ်မှာ ဒီရောဂါဆိုးကြောင့် အခြေအနေဆိုးရွားလာတဲ့အတွက် သူ့ကို ပညာရှင်တွေအသိုင်းအဝိုင်း၊ လူမှုအသိုင်းအဝိုင်းမှာ H1N1 2009၊ တစ်နည်းအားဖြင့် Seasonal Influenza A(H1N1)2009)လို့ အမည်ပေးခဲ့ကြပါတယ်။Influenza A(H1N1) ဗိုင်းရပ်(စ်)ဟာ စပိန်ငှက်ဖျားရောဂါပိုး တစ်မျိုးလို ၁၉၁၈ ခုနှစ်မှာ လူသိများခဲ့တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးနဲ့ နှီးနွှယ်နေပြန်ပါတယ်။

အချို့သောH1N1ဗိုင်းရပ်(စ်)က သွေးဆဲလ်များမှ တစ်ဆင့် ရောဂါရှိသော တစ်သျှူးဆဲလ်များမှာ အတူ ချည်နှောင်ကာ ခန္ဓာကိုယ်မှလက်ခံထားတဲ့ တစ်သျှူးဆဲလ် များမှတစ်ဆင့်ကူးစက်ကာ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အဖုအပိန့်လေးတွေ ထွက်လာတတ်ပါတယ်။ တချို့သောH1N1ဗိုင်းရပ်(စ်)တွေကျတော့ လူစုလူဝေးများ အတွင်းမှသည် ဖြစ်လာတတ်ပါတယ်။ လူစုလူဝေးများ တင်လား၊ ဒီလိုလည်းမဟုတ်သေးဘဲ ၂ဝဝ၄-၂ဝဝ၅ ခုနှစ် မှာ ငှက်တွေ၊ ဝက်တွေ၊ ကြက်တွေအချို့မှာပါ ကူးစက်လာ ပါတယ်။ အဓိကကတော့ ကိုယ်ခံအားမကောင်းသူတွေ၊ အာဟာရမျှတစွာမစားသူတွေ၊ တစ်ကိုယ်ရေနဲ့ ပတ်ဝန်း ကျင်မကောင်းတဲ့နေရာ၊ လူ၊ တိရစ္ဆာန်တွေအားလုံးမှာ ကူးစက်တတ်ပါတယ်။

ဒီ H1N1 ရောဂါဆိုးကို ကမ္ဘာအနှံ့မှာ ဖြစ်ပွားတတ် တဲ့ ကူးစက်ရောဂါတစ်မျိုးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ၂ဝဝ၉ ခုနှစ်မှာ ထပ်မံကြေညာကာ ကာကွယ် တုံ့ပြန်မှုတွေလုပ်ခဲ့ပါတယ်။ ဒီ H1N1 ကြောင့် ၂ဝ၁ဝ ခုနှစ် မှစတင်ပြီး ကမ္ဘာပေါ်မှာ လူပေါင်း ၁၇ဝဝဝ ခန့် သေဆုံးခဲ့ တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုခဲ့ပါတယ်။

၂ဝ၁ဝ ခုနှစ် သြဂုတ်လမှစတင်ကာH1N1 ကို ကမ္ဘာအနှံ့ဖြစ်တတ်သော ရာသီတုပ်ကွေးရောဂါအဖြစ် အသိအမှတ်ပြုပြီး ကြိုတင်ကာကွယ်မည့်နည်းလမ်းတွေ၊ တုံ့ပြန်ဆောင်ရွက်နိုင်မည့်အစီအစဉ်တွေ၊ လှုပ်ရှားမှုတွေ ကို ဆောင်ရွက်ခဲ့ဖူးပါတယ်။

ကမ္ဘာအနှံ့ဖြစ်တတ်တဲ့ 2009 A(H1N1)ဟာ ၂ဝ၁၅ ခုနှစ် မတ်လမှာ အိန္ဒိယနိုင်ငံGujarat နဲ့ Rajasthan တွေမှာ အဆိုးရွားဆုံးသက်ရောက်ခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ တုပ်ကွေးပြဿနာကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာပေါင်း၊ တစ်နည်း အမှုပေါင်း ၉၃၇ ခုမှာ သေဆုံးသူ ၂၁၈ ဦးအထိရှိကြောင်း ၂ဝ၁၅ ခုနှစ် အိန္ဒိယ အစီရင်ခံစာတစ်စောင်အရ ဖော်ပြထားပြန်ပါတယ်။ ၂ဝ၁၅ ခုနှစ်နောက်ပိုင်းမှာတော့ လူဦးရေ ၂ဝဝဝ ကျော် နီးပါး ဒီရောဂါကြောင့် သေဆုံးနိုင်တယ်လို့ဆိုပါတယ်။

H1N1 ဗိုင်းရပ်(စ်)ဟာ ၂ဝဝ၉ ခုနှစ်မှာ အိန္ဒိယမှာ ဖြစ်ပွားပြီး ကမ္ဘာအနှံ့ဖြစ်ပွားတတ်တဲ့ ရာသီတုပ်ကွေး ဖြစ်ပြီး ၂ဝဝ၉ ခုနှစ်မှာ ၉၈၁ ဦး၊ ၂ဝ၁ဝ ခုနှစ်မှာ ၁၇၆၃ ဦး၊ ၂ဝ၁၁ ခုနှစ်မှာ လျော့နည်းလာပြီး ၇၅ ဦးအထိ သေဆုံးခဲ့ရပါတယ်။ ၂ဝ၁၂ ခုနှစ်မှာ ၄ဝ၅ ဦးကိုလည်း ကောင်း ၂ဝ၁၃ ခုနှစ်မှာ ၆၉၉ ဦးကိုလည်းကောင်း အသက် ဆက်လက်ရှင်သန်စေခဲ့ပြန်ပါတယ်။

ဒီ H1N1 ဗိုင်းရပ်(စ်)ဟာ တစ်ကိုယ်ရေသန့်ရှင်းရေး မကောင်းသူတွေ၊ ခုခံအားကျဆင်းသူတွေ၊ အစာအာဟာရ မမျှတသူတွေ၊ အိပ်ရေးပျက်များလွန်းသူတွေတင်မက ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကူးစက်ခံရမှုအလွယ်ဆုံးနဲ့ အမြန်ဆုံးလို့လည်း နိုင်ငံတကာပညာရှင်တို့က online စာမျက်နှာတွေမှာ ရေးသားထားပြန်ပါတယ်။ ကိုယ်ဝန် ဆောင်မိခင်တွေဟာ သူတို့ရဲ့ hormonal changes (ဟော်မုန်းဓာတ်)တွေ ပြောင်းလဲမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ သူတို့ရဲ့ကိုယ်ခံအားစနစ်ပြောင်းလဲမှုတွေ ကြောင့် အဲဒီအခြေအနေတွေမှာ ကူးစက်ခံရနိုင်ပြီး ဒါဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ဒီစိန်ခေါ် မှုတွေကိုသိပြီး စိတ်ညစ်နေ၊ စိုးရိမ်နေဖို့မဟုတ်၊ ရင်ဆိုင်နိုင် မယ့်နည်းလမ်းကို ရှာဖွေနိုင်ဖို့ပဲလို့လည်း ဆိုပါတယ်။ မိုးရာသီ၊ မိုးအကုန် ဆောင်းအကူးကာလတွေမှာဖြစ်တတ်တဲ့ H1N1 ဟာ လေထဲမှတစ်ဆင့် ကူးစက်လွယ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးကြောင့်ဖြစ်ပြီး ကလေးငယ်၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါသည်တွေနဲ့ ကိုယ်ခံ အားကျနေသူတွေ၊ အလွန်အမင်းအိပ်ရေးပျက်သူတွေမှာ ကူးစက်တတ်လေ့ရှိပြီး ကူးစက်ခံရပြီဆိုတာနဲ့ ကိုယ်လက် ကိုက်ခဲ မအီမသာဖြစ်ကာ ဖျားမယ်၊ ချောင်းဆိုးမယ်၊ နှာချေမယ်၊ နုံးနေပြီး ချွေးပျံနေတတ်ပါတယ်။ H1N1 ရဲ့ သမိုင်းတစ်စကို ကျွန်တော်ဒီမှာတင် ခဏထားခဲ့ချင်ပါ တယ်။ လိုအပ်မယ်ထင်ရင် နောက်ထပ်ရှာဖွေကာ ဆက်လက်ဘာသာပြန်ဆိုပေးပါ့မယ် စာချစ်သူ။ တုံ့ပြန်ဖို့ နည်းလမ်းတွေကို ပြောချင်လို့ပါ။

ဒါဆို ကျွန်တော်တို့ ဘာကိုစိုးရိမ်ကြမှာလဲ။ ရင်ဆိုင်ဖို့ နည်းလမ်းကို လူထုအားလုံး ပူးပေါင်းပါဝင်ခြင်းဖြင့် တွန်းလှန်နိုင်ရုံသာရှိတော့သည်။ နိုင်ငံတကာဝက်ဘ်ဆိုက် အသီးသီးမှာဖော်ပြထားတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့နည်းလမ်းကောင်းလေးတွေရယ်၊ ကျွန်တော်တို့ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ဒီ H1N1 ဗိုင်းရပ်(စ်)ကို ခုခံတွန်းလှန်နိုင်မည့်နည်းလမ်းတွေကို အနှစ်ချုပ်ကြည့်ကြမည်ဆိုလျှင်
(၁) တစ်ကိုယ်ရေသန့်ရှင်းမှုတွေ ပိုမိုဂရုပြုဖို့၊
(၂) ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးပြုဖို့၊
(၃) Mask(နှာခေါင်းစည်းတွေ စနစ်တကျသုံးဖို့)၊ ဒီအချက်သုံးချက်ကိုသာ တွေ့ကြရမှာပါ။ ဒီအချက်သုံးချက် ကိုသာ လူထုအားလုံး ပူးပေါင်းပြီး ကိုယ်စီတာဝန်ယူကြရင် ဒီH1N1
 ဗိုင်းရပ်(စ်)ကြောင့်ဖြစ်မယ့် ရာသီတုပ်ကွေး ရောဂါဆိုးကြီး ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ကမ္ဘာကနေ
 လွင့်ပျောက်သွားမှာပါ။

(၁) တစ်ကိုယ်ရေသန့်ရှင်းရေး(Personal Cleaning)
ကူးစက်ရောဂါတော်တော်များများဟာ၊ ကူးစက်ခံရသူ တော်တော်များများဟာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်း သူတွေ သို့တည်းမဟုတ် တစ်ခါတစ်ရံ မေ့လျော့သွားသူ တွေမှာ အဖြစ်များပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးဝက်ဘ်ဆိုက် အသီးသီးမှာဖော်ပြထားပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု ဆိုတာ ကိုယ်ကိုယ်တိုင်စနစ်တကျ သန့်ရှင်းနေဖို့လိုအပ်ပြီး မသန့်ရှင်းတဲ့အရာကိုလည်း ကိုယ်ကိုယ်တိုင်သတိဖြင့် ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ ဥပမာ မိမိကတော့ အမြဲ သန့်ရှင်းတယ်။ ဒါပေမယ့် မိမိအသုံးပြုမည့် အရာဝတ္ထု တစ်ခုခုကို နမော်နမဲ့ကိုင်တွယ်မိလိုက်တယ်။ အဲဒီပစ္စည်း မှာ ညစ်ပတ်နေတဲ့ အရာတစ်ခု သို့မဟုတ် ဗိုင်းရပ်(စ်)တွေ ကပ်နေမယ်ဆိုရင် သင့်အရေပြားမှတစ်ဆင့် ကူးနိုင်ပါ ပြီ။ တစ်နည်း ပျံ့နှံ့လွယ်တဲ့ ဗိုင်းရပ်(စ်)ဆိုလျှင်လည်း လေထဲမှ ကူးနိုင်ပါပြီ။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုသာ မိမိ မျိုးဆက်၊ မိမိကိုယ်တိုင်၊ ပတ်ဝန်းကျင် ထိုမှအားလုံး ပိုမိုဂရုပြုကြမည်ဆိုလျှင် ဒီရောဂါဆိုးမှကင်းလွတ်မည်ပင်။Influenza A(H1N1) ဘယ်လိုကာကွယ်မလဲလို့ ညွှန်ကြား ချက်ကို လေ့လာမိရင် (က) နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်၊ နှာခေါင်းတို့အား အုပ်၍ဆိုးပါ။ (ခ) သုံးပြီးသား တစ်သျှူးများကို စနစ်တကျစွန့်ပါ။ (ဂ) လက်ကို မကြာခဏ
စနစ်တကျဆေးကြောပါ။

(ဃ) မသန့်ရှင်းသောလက်ဖြင့် နှာခေါင်း၊ ပါးစပ်တို့အား မကိုင်ပါနှင့် စတဲ့ဒီအချက်တွေ အားလုံးကို အနှစ်ချုပ်ကြည့်ရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဆိုလိုခြင်းပါပဲ စာချစ်သူ။

(၂) ပတ်ဝန်းကျင်သန့်ရှင်းရေး(Surrounding Cleaning)
ကူးစက်စေနိုင်တဲ့ ပျံ့နှံ့စေတဲ့ရောဂါတွေ လျင်မြန်စွာ ကူးစက်ခြင်းရဲ့ ဒုတိယတရားခံဟာ ပတ်ဝန်းကျင်သန့်ရှင်း ရေးမကောင်းမှုကြောင့်ပါပဲလို့လည်း နိုင်ငံတကာပညာ ရှင်တို့က ဆိုကြပြန်ပါတယ် စာချစ်သူ။ ပတ်ဝန်းကျင် မသန့်ရှင်းလျှင် ခြင်၊ ယင် ပေါမယ်။ ခြင်၊ ယင်တွေဟာ ရောဂါတွေကို သယ်ဆောင်ပေးသူလို့ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာသင်ရိုးညွှန်းတမ်းမှာဆိုထားပါတယ်။ ခြင်၊ ယင် တွေကမှတစ်ဆင့် အစားအစာတွေနားမယ်၊ ထိုမှ လူကို ခြင်၊ ယင်နဲ့ပတ်သက်တဲ့ ရောဂါတွေ ကူးမယ်။ ဒါတွေက အချိန်အတိုင်းအတာ ဖြစ်စဉ်တစ်ခုအထိ စောင့်ဆိုင်း နိုင်ပါတယ်။ အခုH1N1 ဗိုင်းရပ်(စ်)ကတော့ အချိန်တို အတွင်း ရောက်လာနိုင်ပါတယ်။ ဗိုင်းရပ်(စ်)ဆိုတာ အညစ် အကြေး၊ ညစ်ညမ်းနေရာမှာ ပျော်တာများပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်တစ်ခုလုံးသာ သန့်ရှင်းနေမယ်ဆိုရင် ဗိုင်းရပ်(စ်)ဆိုတာ နေစရာရှိမည် မထင်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို စနစ်တကျဝိုင်းဝန်း သန့်ရှင်းကြမယ်ဆိုရင် ဒီရောဂါဘေးမှ လွတ်မြောက်သွား မှာပါ စာချစ်သူ။Influenza A(H1N1) ဘယ်လိုကာကွယ် မလဲ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားလွှာလေးကို ဆက်လက်လေ့လာကြည့်လျှင် (က) တုပ်ကွေးဖြစ်ပွားပါက အိမ်တွင်နေပါတဲ့၊ ဘာလို့လဲ၊ သူအပြင်သွားရင် အခြားသူ တွေအတွက် ရောဂါပိုးပျံ့နှံ့မှုအများဆုံးမို့ အိမ်မှာ အနားယူ ခိုင်းတာပါ။

(ခ) တုပ်ကွေးရောဂါဖြစ်ပေါ်ပါက အခြားသူ များနှင့် တစ်မီတာခန့်အကွာတွင် နေပါ။ (ဂ) ပွေ့ဖက် နမ်းရှုံ့ခြင်းကိုမပြုရ၊ အနေနီးရင် ကူးတတ်လို့ပါ။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)ရဲ့ Influenza A(H1N1) ဘယ်လိုကာကွယ်မလဲ နည်းလမ်းကောင်းလေးတွေကို အနှစ်ချုပ်ကြည့်လိုက်မည်ဆိုပါလျှင် အခုကျွန်တော် ဆွေးနွေးခဲ့တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုဟာ အဓိကဆိုတာ လူထုနားလည်နိုင်ပြီ ဖြစ်ပါတယ်။
(၃) Maskနှာခေါင်းစည်းတွေစနစ်တကျတပ်ဆင်ပါ။ကိုယ်ခံအားမကျအောင်နေပါ။

အထက်က အချက်နှစ်ချက်သာ လူထုအားလုံး လိုက်နာကြရင် ရောဂါရှိတဲ့၊ ကုသနေတဲ့ပတ်ဝန်းကျင် နေရာမှလွဲပြီး ဒီ Mask တွေမတပ်လည်း စိုးရိမ်ဖို့မလိုပါဘူး။ ဘာလို့လဲ၊ သွားလေရာ ဒီ (Mask) နှာခေါင်းစည်းတွေနဲ့ တပ်နေကြမှာလား၊ တပ်တော့ရော မဖြစ်တော့ဘူးလား၊N95 Mask နှာခေါင်းစည်းက အကောင်းဆုံးဆိုပါလျှင် ဒီနှာခေါင်းစည်းကို သင် အမြဲတပ်ထားနိုင်ပါ့မလား။ N95 နှာခေါင်းစည်းကို ကူးစက်ပိုးပြင်းထန်တဲ့လူနာတွေ ကုသတဲ့အချိန်မှာ နိုင်ငံတကာမှာရှိတဲ့ အထူးကုဆရာဝန် ကြီးတွေ တပ်လေ့ရှိပါတယ်။ ဘာလို့လဲ။ ဒီ Maskကို မတပ်ခင် သူတို့ တစ်ကိုယ်ရေသန့်ရှင်းရေးသန့်စင်ခန်းမှာ အရင်လုပ်ကြပါတယ်။ ပြီးမှN95 ကိုတပ်ဆင်ကာ အဆင်သင့်ဖြစ်မှ ခွဲစိတ်ခန်း၊ လူနာအခန်းတွေဆီ ဝင်ကြ ပါတယ်။ ဒီနှာခေါင်းစည်းဟာ အချိန် ၁၅ မိနစ်နေရင် တစ်ခါဖြုတ်ရပါတယ်။ ဘာလို့လဲ။ ပူလာတတ်ပါတယ်။တစ်ရက်ကို သုံးကြိမ်ပြန်သုံးပြီး အသစ်လဲကြပါတယ်။ ကဲ ကျွန်တော်တို့ အဲဒီလိုလိုက်နာနိုင်ပါ့မလား။ လိုက်နာမယ် ဆိုဦးတော့N95 ရဲ့ဈေးနှုန်းနဲ့ သာမန်လူတွေတပ်ဖို့ မလွယ်ပါဘူး။ ဒါမြို့ပြအနေနဲ့ စဉ်းစားတာပါ။ ကျေးလက် မှာဆိုရင်ကော။ လူတော်တော်များများက ယူဆကြပါ တယ်။ သွားလေရာ Mask တပ်မှH1N1 လွတ်မြောက် နိုင်မှာလိုလို။ ပြီးတော့N 95 ကို ကိုင်တွယ်ဖို့ နည်းစနစ် ကော သိပြီးပြီလား။

ရန်ကုန်နဲ့ တချို့မြို့တွေမှာ ဒီရောဂါကာကွယ်ဖို့ဆိုပြီးMask တွေ ဝေတာတွေ့ရတော့ ကိုင်တွယ်မှုစနစ်ကို ပြောပြချင်မိတယ်။ံ H1N1 ဆိုတာ လေထဲကနေ ပျံ့နှံ့နေ တဲ့ရောဂါပိုးမို့ စာချစ်သူကကုသိုလ်လုပ်ဖို့Maskတစ်ခုကို ထုတ်လိုက်ပြီ၊ လူတစ်ယောက်ကလည်း ယူလိုက်ပြီ၊ ပေးချိန် ယူချိန်ဟာ နှစ်မိနစ်ခန့်ကြာနိုင်ပါတယ်။ ဗိုင်းရပ်(စ်)သုတေ သနတစ်ခုအရ လေထဲမှာ တစ်စက္ကန့်အတွင်းမှာပင် ဗိုင်းရပ်(စ်) ငါးသန်းခန့်ပျံ့နှံ့နိုင်တယ်လို့ဆိုကြတယ်။ ကဲ ဝေနေတဲ့ ကြာချိန်လေးမှာ စဉ်းစားကြည့်။ ဝေတဲ့ပုံ တချို့ ကြည့်တော့ Plane ပဲနော် စာချစ်သူ။ ဆိုလိုတာက တန်ဖိုး နည်း Maskပါကင်ကိုဖြဲပြီး အိတ်ကိုပစ်လိုက်တယ်။ ပြီးမှ လက်တစ်ဖက်က တစ်ခုချင်းခွာပေးတယ်။ ဒါဆို လက်ခံ သူက ထားပါဦး၊ ဖြန့်ဝေကုသိုလ်ယူသူရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး(Personal Cleaning) ဟာ အရေးကြီးလာ ပြန်ပါပြီ။ နေပူမိုးရွာထဲ သူ့ရဲ့ခန္ဓာကိုယ်က အညစ်အကြေး သို့မဟုတ် ပိုးမွှား၊ ဝေလိုက်တဲ့ Mask မှာ ကပ်ငြိမသွားနိုင် ဘူးလို့ ဘယ်သူပြောနိုင်ပါ့မလဲ။ ဖြစ်သင့်သည်က ပါကင် လိုက်အိတ်ကို ဟရုံဟထား၊ မိမိပေးချင်တဲ့သူအနီးဆုံး ရောက်အောင်သွား၊ လက်ခံသူကိုလည်း အသင့်ပြင်ခိုင်း၊ နှစ်ဖက်အသင့်ဖြစ်မှ Mask ရဲ့ ကြိုးသားတစ်နေရာ သို့မဟုတ် ထောင့်စွန်းတစ်နေရာကနေ သေချာကိုင်ပြီး ဖြန့်ဝေ၊ လက်ခံသူကလည်း ထောင့်စွန်းတစ်နေရာမှာပဲ ကိုင်၊Mask ရဲ့မျက်နှာပြင်ကို လက်နဲ့ ယောင်လို့တောင် မထိနဲ့ပေါ့ဗျာ။ ဒါက သိပ်ကို အသေးစိတ်တဲ့Distribution Plan တွေပါပဲ။ ဒါကြောင့် သိထား၊ ကာကွယ်ထားဖို့ လိုအပ်လှပြီး နေရာတကာ Mask တွေတပ်ဖို့တော့ မလိုလောက်ဘူးလို့တော့ထင်ပါတယ်။ ဒါက ကျွန်တော်နဲ့ နိုင်ငံတကာက မိတ်ဆွေအချို့ရဲံ့၁ြ၁ အကြောင်း ဆွေးနွေးခဲ့တဲ့အယူအဆပါ။ တပ်မယ်ဆိုရင်လည်း စနစ်တကျ လိုအပ်တဲ့နေရာဒေသတွေမှာ တပ်ကြဖို့ပါပဲ။ကိုယ်ခံအားမကျအောင်နေပါ။ အချိန်မှန်မှန်စားပါ။ အချိန်မှန်မှန်အိပ်ပါ။ အစားအသောက် အနေအထိုင် ဂရုပြုပါ။ အားကစားလိုက်စားကြမယ်ဆိုရင် ကူးစက်ခံရမှု မှ ကင်းဝေးနိုင်ပါတယ်။

ကျွန်တော် online မှာH1N1 အကြောင်း နိုင်ငံ တကာပညာရှင်အချို့နဲ့ဆွေးနွေးနေတုန်း မိတ်ဆွေတစ်ဦး ရောက်လာတယ်။ ဆရာကျော်စိုးဦးတဲ့ ချင်းပြည်နယ်မှာ ၁ဝ ဦး၊ ရန်ကုန်မှာ ၁၁ ဦး၊ ပဲခူးမှာ တစ်ဦးH1N1 ဖြစ်ပြီဗျ။ မန္တလေးလာရင်တော့ ကလေးတွေ ဒုက္ခပါပဲတဲ့။ ကျွန်တော် ပြန်ပြောလိုက်တယ်။ ဒါတွေဟာ သတင်းမို့ သိသင့်ပါ တယ်။ ဒါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က လိုက်နာရမယ့်ညွှန်ကြားချက် တွေရှိတယ်။ ခင်ဗျားသိလားဆိုတော့ မသိဘူးတဲ့။ စိုးရိမ်နေမည့်အစား ညွှန်ကြားချက်တွေလိုက်နာကြဖို့ လိုအပ်မည်မဟုတ်ပါလား။ ညွှန်ကြားချက်တွေထဲက သင်ဘယ်လောက်ပြင်ဆင်ပြီးပြီဆိုတာပါပဲ။

အနှစ်ချုပ်ပြန်ပြောရပါလျှင် ကူးစက်ရောဂါမှန်သမျှ ဟာ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့အပေါ်တွင် အလွန်တည်မှီနေသည်ဖြစ်ရာ အဆိုပါကိစ္စ နှစ်ရပ်ကို ဌာနဆိုင်ရာများနှင့်အတူပူးပေါင်းကာ ပိုမို အလေးထား၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့၏ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာကာN1H1 တွန်းလှန်ကာကွယ်ရန်မှာ လူထုအားလုံးတွင် တာဝန်ရှိသည်ဖြစ်ရာ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ကြပါစို့ဟု N1H1 ကို လူထုအားအားဖြင့် တွန်းလှန်နိုင်မည့် နည်း လမ်းကောင်းလေးကို ရေးသားလိုက်ရပါတယ် စာချစ်သူ။ အားလုံး ကူးစက်ရောဂါဆိုးများမှ ကင်းလွတ်ကြပါစေ။ ။

MOI