YBS ဘတ်စ်ကားစနစ်အပြောင်းအလဲ ဆက်လက်စောင့်ကြည့်ရန် တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးပြော
YBS ဘတ်စ်ကားစနစ် အပြောင်းအလဲကို ဆက်လက် စောင့်ကြည့်ပေးရန်နှင့် အချိန်က အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဒေါ်နီလာကျော် က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့၏ တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ဇွန်လ ၉ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ YBS စနစ်အဆင့်မြှင့်တင်ရန် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ကို 7 Day Daily သတင်းစာက မေးမြန်းခဲ့ခြင်းအပေါ် ၎င်းက ဖြေကြားခြင်းဖြစ်သည်။
‘‘ဒီလ ၁၆ ရက်ဆိုရင် ငါးလ ပြည့်ပါမယ်။ ကားသစ်တွေဝင် လာပြီးတော့ ယာဉ်လိုင်းတွေမှာ လည်း စတင်ပြေးဆွဲနေပြီဖြစ်ပါ တယ်။ ဆက်လက်ပြီးတော့စောင့်ကြည့်ပါ’’ ဟု ၎င်းကပြောသည်။
ယင်းစနစ်ကို စတင်ပြောင်း လဲစဉ်က လုပ်ငန်းစတင်သည့် ဒု တိယသုံးလတွင် ဘတ်စ်ကားအ သစ်များ အစားထိုးခြင်း၊ ဘတ်စ် ကားမှတ်တိုင်များအဆင့်မြှင့်တင် ခြင်း၊ ဘတ်စ်ကားများတွင် GPS စနစ်တပ်ဆင်၍ ထိန်းချုပ်ရေးစင် တာမှ စောင့်ကြည့်ခြင်းစသည့် လုပ်ငန်းများလုပ်ဆောင်မည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။
YBS ဘတ်စ်ကားစနစ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့က ၂၀၁၇ ဇန်န၀ါရီက စတင် ပြောင်းလဲခြင်းဖြစ်သည်။
ထို့ကြောင့် မူလကြေညာ ထားသည့် ဒုတိယသုံးလပြည့်ရန် တစ်လခန့်သာ ကျန်ရှိတော့သော် လည်း ဘတ်စ်ကားအသစ်အချို့ အစားထိုးပြေးဆွဲခြင်းများသာရှိ သေးကြောင်း တွေ့ရသည်။
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က လက်ရှိ YBS စနစ်တွင် အစား ထိုးပြေးဆွဲရန် အစိုးရနှင့် ပုဂ္ဂလိ ကကုမ္ပဏီများ ၀ယ်ယူတင်သွင်းထားသည့် ဘတ်စ်ကားစီးရေ ၂,၆၀၀ ခန့်ရှိနေပြီး အချို့ဘတ်စ် ကားများကို စတင်ပြေးဆွဲနေပြီဟု ဖြည့်စွက်ဖြေကြားသည်။
ထို့အပြင် YBS စနစ်တွင် ဘတ်စ်ကားစီးရေ သုံးထောင် ကျော်ရှိသည့်အနက် သုံးထောင် ခန့်၌ GPS စနစ်တပ်ဆင်ထား ကြောင်း ၎င်းကဆိုသည်။
ယခင်ကြေညာထားသည့် လုပ်ငန်းများကို သတ်မှတ်ကာလ တွင် အပြီးလုပ်ဆောင်နိုင်ရန် ရှိ၊ မရှိနှင့်ပတ်သက်၍ မေးမြန်းချက် ကို ၎င်းတို့က ဖြေကြားခြင်းမရှိပေ။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment