YBS အထူးယာဉ်မောင်းသင်တန်း ဖွင့်မည်
YBS ယာဉ်အသစ်များ မောင်းနှင်ရန် ‘ခ’လိုင်စင်ရှိ ယာဉ်မောင်းများအား သင်တန်းများပေး၍ အများပိုင်ဘတ်စ်ကားကုမ္ပဏီများတွင် ခန့်အပ်မည်ဟု YRTA က သတင်းထုတ်ပြန်သည်။
YBS ယာဉ်အသစ်များ မောင်းနှင်ရန် ယာဉ်မောင်းလုပ် သားလိုအပ်ချက်ရှိနေ၍ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနတို့ ပူးပေါင်းကာအထူး ယာဉ်မောင်းသင်တန်းဖွင့်လှစ် မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ သည်။ အထူးယာဉ်မောင်းသင်တန်းကို ဇူလိုင်အတွင်း ဖွင့်လှစ်မည်ဖြစ် ပြီး ဇွန်လ ၂၂ ရက်မှ ဇူလိုင် ၆ ရက် အထိ YRTA ရုံးချုပ်သို့ လျှောက် ထားနိုင်ကြောင်း ကြေညာထား သည်။ သင်တန်းသို့တက်ရောက်လို သူများသည် ‘ခ’လိုင်စင်သက်တမ်း အနည်းဆုံးသုံးနှစ်ရှိရမည်ဖြစ်ပြီး ‘င’လိုင်စင်ရှိသူများလည်း လျှောက် ထားနိုင်သည်။
သင်တန်းတက်မည့် သူများ သည် (၂၅) နှစ်မှ (၅၅)နှစ်အတွင်း ရှိရမည်ဖြစ်ပြီး အခြေခံပညာ အလယ်တန်းအဆင့်ရှိကာ ယာဉ် ကြီးမောင်းနှင်သည့် အတွေ့အ ကြုံရှိရန်လိုအပ်သည်ဟု ဆိုသည်။
‘‘အခမဲ့သင်ကြားပေးမှာပါ။ လူဦးရေကိုတော့ ကန့်သတ်ထား ခြင်းမရှိသေးပါဘူး’’ ဟု YRTA ရုံး အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြော သည်။ အဆိုပါယာဉ်မောင်း သင် တန်းသို့ သုံးပတ်တက်ရောက်ရ မည်ဖြစ်ပြီး သင်တန်းအောင်မြင်ပါ က YBS ဘတ်စ်ကားကုမ္ပဏီများ တွင် အနည်းဆုံးသုံးနှစ်မောင်းနှင် ရမည်ဟု ထုတ်ပြန်ထားသည်။
ယင်းသင်တန်းဆင်းပါက YBS ယာဉ်များ၌ မောင်းနှင်ခွင့်ရ မည့်ကတ်ပြား ထုတ်ပေးမည်ဖြစ် ပြီး တစ်ဆက်တည်း ၂ နှစ် မောင်း နှင်ပြီးပါက ‘င’လိုင်စင်စိစစ်ထုတ် ပေးမည်ဟုလည်း ဆိုသည်။
လက်ရှိတွင် YBS ယာဉ်လိုင်းများ၌ ထည့်သွင်းပြေးဆွဲရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ နှင့် ပုဂ္ဂလိကဘတ်စ်ကား အများပိုင်ကုမ္ပဏီများက ပြည်ပမှဘတ်စ်ကားအသစ် ၂,၆၀၀ ခန့် ၀ယ်ယူထားကြောင်း YRTA က သတင်းထုတ်ပြန်ထားသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment