Latest News

Friday, June 23, 2017

တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ် ပျက်ကျရာတွင် ပါဝင်ခဲ့သော အရာရှိ/ စစ်သည်များ၊ မိသားစုဝင်များနှင့် လေယာဉ် အမှုထမ်းများ အတွက် ထောက်ပံ့ငွေ ပေးအပ်

တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ် ပျက်ကျရာတွင် ပါဝင်ခဲ့သော အရာရှိ/ စစ်သည်များ၊ မိသားစုဝင်များနှင့် လေယာဉ် အမှုထမ်းများ အတွက် ထောက်ပံ့ငွေ ပေးအပ်



နေပြည်တော် ဇွန် ၂၃

ပျက်ကျခဲ့သော တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါဝင်သွားခဲ့သည့် အရာရှိ/ စစ်သည်၊ မိသားစုများနှင့် လေယာဉ် အမှုထမ်းများ အတွက် ထောက်ပံ့ငွေကျပ် (၂၅၅) သိန်းကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယနေ့မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ လာရောက် ပေးအပ် လှူဒါန်းရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက လက်ခံသည်။

အလားတူ ပျက်ကျခဲ့သော လေယာဉ်တွင် ပါဝင်သွားသူများ အတွက် ထောက်ပံ့ ငွေကျပ်သိန်း (၃၀) ကို ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက လည်းကောင်း၊ ထောက်ပံ့ငွေ ကျပ် (၁၀) သိန်းကို ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၀၁) ကျောင်းဆင်း အရာရှိများကိုယ်စား ဒုတိယရဲမှူးကြီး ဝင်းမြင့်ကလည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံးသို့ လာရောက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက လက်ခံခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment