Latest News

Tuesday, June 27, 2017

Y-8 လေယာဉ်ဖြစ်စဉ်၏ ကျန်ရစ်သူမိသားစုများအတွက် အလှူငွေများပေးအပ်လှူဒါန်း

Y-8 လေယာဉ်ဖြစ်စဉ်၏ ကျန်ရစ်သူမိသားစုများအတွက် အလှူငွေများပေးအပ်လှူဒါန်း


နေပြည်တော် ဇွန် ၂၆

ဇွန် ၇ ရက် မွန်းလွဲပိုင်းတွင်ပျက်ကျသွားသော တပ်မတော်ပို့ဆောင်ရေး Y-8  လေယာဉ်တွင်ပါဝင်သွားခဲ့သည့် အရာရှိ၊ စစ်သည်၊မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်းများ၏ကျန်ရစ်သူမိသားစုများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်သည်။

အလှူငွေပေးအပ်ပွဲတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးမိသားစုက ငွေကျပ် ၁၅ သိန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ငွေကျပ်သိန်း ၃၀ တို့ကို ပေးအပ် လှူဒါန်းကြရာ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။

အလားတူ Y-8 လေယာဉ်ဖြစ်စဉ်၏ ကျန်ရစ်သူမိသားစုများအတွက် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇၂)မှ ကျောင်းဆင်းအရာရှိများက ငွေကျပ် ၁၀ သိန်းကို ယနေ့နံနက်ပိုင်းတွင်နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ပေးအပ် လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment