Latest News

Monday, June 12, 2017

၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ WY ဆေးပြားတွေ စစ်တွေမှာ ဖမ်းမိ

၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ WY ဆေးပြားတွေ စစ်တွေမှာ ဖမ်းမိ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ WY မူးယစ်ဆေးပြားအရေအတွက် ၃၄ သိန်းကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့ကနေ မောင်တောနယ်စပ်ကိုပို့ဆောင်ဖို့အတွက် ကားနဲ့သယ်ယူရာမှာ စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့တာလို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင် က ပြောပါတယ်။

ရေချမ်းပြင်ဆိပ်ကမ်းကနေ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်း၊ အဲဒီကနေတစ်ဆင့် ကုန်းလမ်းခရီးနဲ့ မောင်တောမြို့နယ်ကို ပို့ဆောင်ဖို့ ပြင်ဆင်နေစဉ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ ပိုင်ရှင်ဖြစ်သူက ပုဏ္ဏားကျွန်းမြို့မှာနေထိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် လိုက်လံစုံစမ်းနေတယ်လို့လည်း ပြောပါတယ်။

WY မူးယစ်ဆေးပြားတွေဟာ မြန်မာပြည်အလယ်ပိုင်းကနေ ကုန်းလမ်းရေလမ်းတွေကနေတစ်ဆင့် ရခိုင်ပြည်နယ်ထဲကို ရောက်ရှိလာကြတာဖြစ်ပြီး ရခိုင်ပြည်နယ်ကတစ်ဆင့် တစ်ဘက်ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အဓိကပို့ဆောင်တာဖြစ်တယ်လို့ ဒေသခံရဲအရာရှိတွေက ဆိုပါတယ်။

RFA

No comments:

Post a Comment