Latest News

Thursday, June 1, 2017

နိုင်ငံကျော် တေးသံရှင် ကိုတူးတူး ( TU TU ) ရဲ့  အမြင်(သတိ သည်းခံ ရှေ့ဆက်ရန်)

နိုင်ငံကျော် တေးသံရှင် ကိုတူးတူး ( TU TU ) ရဲ့ 
အမြင်လေး ၊ ရေးထားတာလေး ဖတ်ကြည့်ပေးပါ ။

" သတိ သည်းခံ ရှေ့ဆက်ရန် "
ကျွန်တော်တို့နည်းနည်းတော့အရေးကြီးတဲ့အချိန်ရောက်နေပြီလို့ထင်ပါတယ်
ကျွန်တော်နိုင်ငံရေးကိုသိပ်နားလည်လို့တော့မဟုတ်ပါဘူး။မြင်တာလေးတွေ စဉ်းစားမိတာလေးတွေပြောကြည့်တာပါ

ကိုယ့်အတွက်ပဲကြည့်ပြီး နိုင်ငံအတွက် ပြည်သူတွေအတွက်ဘာမှ မစဉ်းစား ဘာမှမလုပ်ခဲ့တဲ့ယုတ်မာကောက်ကျစ်သူတွေက အစိုးရသစ် ကိုဒုက္ခပေးဖို့လုပ်ရပ်တွေအရှိန်မြှင့်လာတယ်လို့ထင်ပါတယ်
ခုလတ်တလော မီးတွေပြောစရာဖြစ်အောင်ပျက်နေတာတွေမီးအားတွေအရမ်းကျလိုက်တက်လိုက်ဖြစ်နေတာတွေကလုံးဝမရိုးသားဘူးလို့မြင်ပါတယ် (ခုဒီစာကိုရိုက်နေတဲ့အချိန်မှာကို မီးအားက70/80 လောက်ဖြစ်လိုက် တက်လိုက်ကျလိုက်နဲ့ဖြစ်နေပါတယ်) 
မီးချောင်းတွေဆိုလင်းလိုက်မှိတ်လိုက်နဲ့ပါ
စဉ်းစားကြည့်ရင်ရှင်းရှင်းလေးပါ ဒါဟာ အစိုးရသစ်ကို ပြည်သူတွေဆဲအောင်လုပ်နေတာပါ 
EPC (YESC) မှာရော တခြားဌာနဆိုင်ရာတွေမှာရော ဒီသတ္တဝါတွေရဲ့သပ်ရှိုသွင်းခဲ့တဲ့သူ့လူကိုယ့်ဖက်သားတွေလည်းရှိမှာပါ သူတို့တွေဟာ ဒီလျှပ်စစ်မီးကိစ္စလိုပဲတခြားဌာနဆိုင်ရာတွေ (ဥပမာ
စည်ပင်)မှာ ပြည်သူ့အစိုးရသစ် အခက်တွေ့အောင် ပြဿနာတွေရှာပါလိမ့်မယ်
ပြည်သူ့အစိုးရသစ်က အဲဒီလိုသပ်ရှိုခဲ့တဲ့သတ္တဝါတွေကို အမြန်ဆုံးဖော်ထုတ်ပြီးအရေးယူဖို့အရေးကြီးပါတယ် (ရေးနေတုန်းမီးကပြတ်သွားပြန်ပါပြီ)
ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်း
အစိုးရသစ်ကိုအချိန်ပေးရပါမယ်
ခုပဲမွေး နောက်တစ်ပါတ် ဘွဲ့ယူတာမြင်ချင်လို့မရပါဘူး
မြန်မာ့သမိုင်းထဲကပုဂံပြည်ကြီး ကိုလည်း တစ်ရက်ထဲနဲ့တည်ဆောက်ခဲ့တာမဟုတ်ပါဘူး 
ကျွန်တော်တို့တွေအားလုံးမျှော်မှန်းထားကြတဲ့ ဒီမိုကရေစီပန်းတိုင်ရောက်ဖို့အတွက် သူတို့ဘေးကနေလမ်းချော်သွားအောင် သွေးထိုးတာတွေ ဆွပေးနေတာတွေကို နားမယောင်ဂရုမစိုက်ပဲ ကိုယ်ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရသစ် ဦးဆောင်မှုအောက်မှာမမှိတ်မသုန်လိုက်ပါဝန်းရံရင်း ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာမှာအုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကြရအောင်ပါ 
(အရာရာသတိရှိကြ၊သည်းငြီးခံကြရင်းအမေဦးဆောင်တဲ့ပြည်သူ့အစိုးရနဲ့အတူပန်းတိုင်ကိုရောက်အောင်ရှေ့ဆက်ကြပါစို့)

( TU TU )

No comments:

Post a Comment