Latest News

Wednesday, June 14, 2017

Morning Star လက်ဖက်ရည်ဆိုင်နေရာကို ဟိုတယ်ခရီးဝန်ကြီးဌာနသို့ လွှဲပြောင်းမည်

Morning Star လက်ဖက်ရည်ဆိုင်နေရာကို ဟိုတယ်ခရီးဝန်ကြီးဌာနသို့ လွှဲပြောင်းမည်

ရန်ကုန်တိရစ္ဆာန်ဝင်းအတွင်း ဇွန်လ ၁၁ ရက်က ဖယ်ရှားခံ ရသည့် Morning Star လက်ဖက်ရည်ဆိုင် မြေနေရာကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းမည်ဟု သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။

အဆိုပါ မြေနေရာကို ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးရမည်ဟု ယခင်အစိုးရလက်ထက် ၂၀၁၂ က အမိန့်စာ ထွက်ရှိခဲ့သဖြင့် မူလ ငှားရမ်းသူကို ဖယ်ရှားပေးရန် ညွှန်ကြားခဲ့သည်ဟု ဦးသိန်းတိုးက ပြောသည်။

‘‘ဒီမြေနေရာကို ဟိုတယ်ခရီး ကို လွှဲပေးရမယ်လို့ အမိန့်စာ ထွက်ပြီးကတည်းက သစ်တော က ဒီမြေကို မူလငှားရမ်းတဲ့သူတွေ ကို မငှားတော့ပါပဲ ဖယ်ရှားခိုင်း ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ကတည်း က မြေငှားရမ်းခတွေ မယူတော့ တာ အခု ဖယ်ရှားခိုင်းတဲ့အထိပါ ပဲ’’ဟု ၎င်းက ဆိုသည်။

၂၀၁၂ ကတည်းက ဟိုတယ် ခရီးဝန်ကြီးဌာနပိုင်မြေဖြစ်သော် လည်း မူလငှားရမ်းသူများက ဖယ်ရှားခြင်းမရှိ၍ မြေနေရာလွှဲ ပြောင်းခြင်းများမရှိသေးကြောင်း ၎င်းက ပြောသည်။

‘‘ဒီမြေက ၂၀၁၂ လောက် ကတည်းက ဟိုတယ်ခရီးပိုင်မြေ ဖြစ်သွားပေမယ့် မြေမအပ်သေးတော့ တရားဝင်မယူရသေးပါဘူး။ မြေအပ်ရင် လက်ခံလိုက်ပေမယ့် အပ်ထားတဲ့မြေ ဘာလုပ်မယ်ဆိုတာတော့ မသိရသေးပါဘူး’’ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောသည်။

အဆိုပါစားသောက်ဆိုင်နှင့် ကပ်လျက်တွင် Rose Garden Hotel ရှိရာ ယင်းဟိုတယ်၏ ကားပါကင်နေရာအတွက် ၎င်းတို့ နေရာကို ပြောင်းလွှဲပေးရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်စိုးမိုးက သမ္မတဦးထင်ကျော်ထံသို့ အိတ်ဖွင့်ပေးစာပေးပို့ထားသည်။

၂၀၀၂ ကတည်းက ငှားရမ်း ခဲ့သူနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေး ခြင်းမရှိဘဲ နိုင်ငံသားအခွင့်အရေး နှင့် ရပိုင်ခွင့် ချိုးဖောက်ကာ စား သောက်ဆိုင်နှင့် ကပ်လျက် Rose Garden Hotel ကို ငှားရမ်းမည် ဖြစ်၍ ဖယ်ရှားခံရခြင်း ဖြစ်သည် ဟု ဦးကျော်စိုးမိုးက သမ္မတထံ ပေးပို့သည့် တိုင်ကြားစာတွင် ရေး သားထားသည်။

လခပေး၍ ဆိုင်ငှားရမ်းလုပ်ကိုင်ခဲ့သဖြင့် ၎င်းတို့သည် ကျူးကျော်သူများ မဟုတ်ကြောင်း၊လခပေးငှားရမ်းသည့် ငွေသည် ကျပ်သိန်းတစ်ထောင်ကျော်ရှိခဲ့ ကြောင်း၊ နိုင်ငံပိုင်ပစ္စည်း ငှားရမ်း ပိုင်ခွင့်သည် နိုင်ငံသားတိုင်း တန်း တူအခွင့်အရေးရသင့်သော်လည်း ဆိုင်ငှားရမ်းခနှင့်ပတ်သက်၍ မူလပိုင်ရှင်ကို ညှိနှိုင်းခြင်းမရှိဘဲ အခြားသူတစ်ဦးကို ငှားရမ်းခြင်း သည် မျှတမှုမရှိကြောင်း၊ နိုင်ငံ သားအခွင့်အရေးကို လေးစား လိုက်နာခြင်းမဟုတ်ကြောင်း စား သောက်ဆိုင်ပိုင်ရှင်၏ဇနီး ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။

‘‘နိုင်ငံသားတိုင်း တန်းတူ အ ခွင့်အရေးရှိသင့်တယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီကိစ္စမှာ တန်းတူအခွင့်ရေးမရခဲ့ပါဘူး။ သူ တို့ငှားမယ်ဆိုရင် ဘယ်လောက်နဲ့ ငှားမယ်။ ကျွန်မတို့လည်း ငှားနိုင် ပါတယ်။ လခလည်းပေးခဲ့ပါ တယ်။ သူတို့ဘက်က ဖယ်ရှားရုံ သက်သက်ပဲဖြစ်တဲ့အတွက် ဘယ်လိုမှ ညှိနှိုင်းလို့မရခဲ့ပါဘူး။ ဒါ လူသားတိုင်း ကိုယ့်အခွင့်အရေး ကိုယ် ကာကွယ်ပိုင်ခွင့်အရ ပြော နေတာပါ။ ဥပဒေအတိုင်း လုပ် သွားမှာပါ’’ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။

၂၀၁၃ တွင် ယင်းမြေနေရာ ကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးရ မည်ဖြစ်၍ ယင်းနှစ် သြဂုတ်လနောက်ဆုံးထားဖယ်ရှားပေးရန် ကြေညာခဲ့ပြီး မတ်လကစ၍ ငှား ရမ်းခမယူဘဲ ခြောက်လတိတိ အခမဲ့ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ ကြောင်း သစ်တောဦးစီးဌာနက ပြောကြားထားသည်။

အဆိုပါနေရာ ဖယ်ရှားနိုင် ရေး ၀န်ကြီးဌာနနှင့် ငှားရမ်းသူ အကြား အငြင်းပွားမှုများ ဖြစ်ပေါ် ခဲ့၍ ၂၀၁၇ နှစ်ဆန်းက အင်အား သုံးဖယ်ရှားမည့် အစီအစဉ် ဖျက် သိမ်းကာ ရန်ကုန်တိုင်း အစိုးရ၏ညွှန်ကြားချက်ဖြင့် ဧပြီကုန်အထိ ဆိုင်ဖွင့်လှစ်ရောင်းချခဲ့သည်။

သို့သော် ဥပဒေနှင့်အညီ ဖယ်ရှားရန် ရန်ကုန်တိုင်းအစိုးရ အဖွဲ့က မေလ ၅ ရက်တွင် ပြန် လည်ခွင့်ပြုခဲ့၍ ဇွန်လ ၁၁ ရက်တွင် လူအင်အား ၂၇၀ ဖြင့် အင်အားသုံး ဖယ်ရှားခဲ့ပြီး ဇွန်လ ၁၂ ရက် မွန်းတည့် ၁၂ နာရီ၌ အပြီးသတ် ဆောင်ရွက်ခဲ့သည်။

7Day News

No comments:

Post a Comment