Latest News

Thursday, June 8, 2017

melocanna baccifera ခေါ်သည့်ဝါးပင် အပွင့်ပွင့်၊ အသီးသီး ခြင်းနှင့် ကြွက်ဝမ်းဖြူများကိစ္စ


ဧရာဝတီ ငပုတောဖက်မှာသောင်းနဲ့ချီတဲ့ ကြွက်ဝမ်းဖြူတွေ
ဖြတ်နေတယ်ဆိုတဲ့ သတင်းတွေ့ပါတယ်။

အဲဒီလောက်များတဲ့ ကြွက်တွေ အုပ်လိုက်ရွှေ့တာ ၂၀၀၆-၂၀၀၈ ခုနှစ်မှာ အိန္ဒိယ မီဇိုရမ်ပြည်နယ်မှာ
ဖြစ်သွားခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ ကြွက်တွေကြောင့်အငတ်ဘေး ကျရောက်ခဲ့ပါတယ်။

-အကြောင်းရင်း -

"melocanna baccifera" လို့ခေါ်တဲ့အမြင့် (၃၃) ပေကနေ (၇၅) ပေရှိတဲ့
ဝါးပင်တစ်မျိုး အပွင့်ပွင့်၊ အသီးသီးတဲ့အတွက်ပါ။
အသီးသီးပြီးရင် ဝါးပင်တွေ သေပါတယ်။
ဒီဝါးဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ထိုင်း ဒေသမျိုးဖြစ်ပါတယ်။

ဒီအဖြစ်မျိုး နှစ် ၄၈-၅၀ မှာ တစ်ကြိမ်ဖြစ်တတ်ပါတယ်။
ဒီ ဝါးသီးတွေဟာ အဆီဓါတ်ပြည့်ဝပါတယ်။
ရခိုင်ရိုးမလို ဝါးတောတွေလွှမ်းနေတဲ့နေရာမှာဆိုရင်
စားလို့မကုန်နိုင်အောင် အသီးသီးနိုင်မှာဖြစ်ပါတယ်။

ကြွက်တွေဟာ (၁) ညကို၁ ကီလိုမီတာလောက် ချီတက်နိုင်ပါတယ်။
ဝါးသီးတွေ သီးမယ့်နေရာကိုပါ။

ဝါးအသီးစသီးတာနဲ့ ကြွက်မတွေဟာအချိန်ကိုက် အကြီးအကျယ်သားပေါက်ပါတယ်။
အသီးတွေကို မရပ်မနား စားပြီးရင်ကြွက်တွေ ဆက်ပြီး အကြီးအကျယ် ပေါက်ဖွားပါတယ်။
ကြွက်မ တစ်ကောင်ဟာ တစ်လတစ်ကြိမ် သားပေါက်နိုင်ပါတယ်၊
တစ်ကြိမ်ကို ၁၂ ကောင် မွေးနိုင်ပါတယ်။

ကြွက်မဟာ မွေးမွေးပြီးခြင်း မိတ်လိုက်နိုင်ပါတယ်။

မွေးပြီးတဲ့ ကြွက်တွေဟာ (၇) ပတ်အကြာမှာသားပေါက်၊ မျိုးပွားနိုင်ပါပြီ။
ကိုယ်ဝန်ဆောင်ချိန် (၂၁) ရက်ပဲ ကြာပါတယ်။

ဆိုလိုတာ ကြွက်မတစ်ကောင်တည်းကနေ၃-၄ လအတွင်းမှာ ကြွက်ကောင်ရေ
၁၂၀ လောက် ပေါက်ပွားနိုင်ပါတယ်။
၃-၄လအတွင်းမှာ အဆ ၁၂၀ ပွားတာပါ။
ကြွက်အုပ်ကြီး သန်းနဲ့ချီပြီး မျိုးပွားသွားနိုင်ပါတယ်။

ပြဿနာက ဝါးသီးတွေစားစရာ ကုန်သွားတဲ့အချိန်မှာ
ဒီသန်းနဲ့ချီတဲ့ ကြွက်အုပ်ဟာသီးနှံစိုက်ခင်းတွေကို ဝင်ရောက်ဖျက်စီးတော့တာပါပဲ။

- ထိန်းချုပ်နိုင်မယ့်နည်းလမ်း -

** ဝါးသီးတွေကို သွားစားမယ့်ကြွက်တွေကို ရနိုင်သလောက် ဖမ်းဆီးနှိမ်နင်းရပါမယ်။ **

** ဝါးသီးနေတုန်းမှာ မနှိမ်နင်းနိုင်ဘူးဆိုရင်ဝါးအသီးသီးပြီးချိန် ကြွက်တွေ သန်းနဲ့ ချီဖြစ်နေတဲ့
အချိန်ကြမှ နှိမ်နင်းလို့ မလွယ်တော့ပါဘူး။ **

Reference: National Geographic, IRRI
IRRI, Ko Than Htike
credit ~~ Cho_Zaw_Win

No comments:

Post a Comment