Thursday, June 1, 2017
ကင်ဆာနဲ့ ပီလိုရီပိုး(Helicobacter pylori)၊ အသားသီး (Polpy)
ကင်ဆာနဲ့ ပီလိုရီပိုး(Helicobacter pylori)၊ အသားသီး (Polpy)
"ဟဲ့သား ရီပြုံးရီပြုံးနဲ့ ဘာတွေ သဘောကျနေတာလဲကွ"
"ကိုယ်ဘာသာကိုယ်ပြန်ပြီး သဘောကျလို့ပါဖေဖေ။ ကြီးမှ မိုက်ရင်
ပြင်လို့မလွဲဘူးဆိုတာကိုပါ"
"ဘာတွေဖြစ်ပြန်ပြီလဲကွဲ့"
"ဒီလိုပါဖေဖေ။
အသက် ၃၀လောက် အလုပ်ဝင်တော့ ကိုယ်လုပ်ရတာက ကွန်ပြူတာ အင်ဂျင်နီယာအလုပ်။
ဒါပေမဲ့ လုပ်ငန်းနယ်ပယ်က ကျမ်းမာရေးထဲက နှလုံးနဲ့ သွေးတိုးဆိုင်ရာ ပညာရပ်နယ်ပယ်။
ဒီတော့ အဲ့သည့်နယ်ပယ်ထဲက စာတွေ၊ အကုန်ဖတ် အကုန်လေ့လာခဲ့တယ်"
"အေး အဲ့တာတော့ ဖေဖေသိတယ်။
ဖေဖေတောင် မင်းက ဆရာဝန်ရူး ရူးပြီး၊ ဆရာဝန်ဘွဲ့ယူဖို့ ဆေးကျောင်းများ
ဝင်ဖြေမလို့လားတောင် ထင်ခဲ့မိတယ်"
"ဟုတ်တယ်ဖေဖေ။
ဒါပေမဲ့ အသက်၄၀နားရောက်လာပြီး၊ နောက်အလုပ်တစ်ခု ပြောင်းပြီးတဲ့အခါမှာတော့
အဲ့သလို လေ့လာချင်စိတ်က နည်းသွားတယ်။
နောက်အလုပ်လဲ ဒီလိုပဲ ကျမ်းမာရေးလောက ထဲက အလုပ်ဖြစ်နေရဲ့နဲ့ ဆက်မလေ့လာမိတော့ဘူး။
မလေ့လာမိတာကို သတိယတဲ့အခါမှာလည်း၊ ကိုယ့်ကိုယ်ကို ဆင်ခြေတွေ ပေးနေခဲ့တယ်။
ငါသိပါတယ်။
ငါကြားဘူးပါတယ်လို့ ထင်နေတယ်"
"အေးသား။
ဒါကတော့ မင်းပြောတဲ့ ပညာရေးလို အရာသာမက၊ တရားကျင့်ကြံသူတွေကိုတောင် ဒီလို
အဖျက်မျိးတွေရှိတယ်။
အယူမှားသွားသူတွေ၊ လမ်းလွဲသွားသူတွေ အများကြီးရှိခဲ့တာပေါ့။
အဲ့သလိုအခါမျိုးမှာ ဘာမှမသိသေးတဲ့ သူတွေကို နားလည်အောင် တရားချရတာထက်၊
တစ်ကယ်တတ်သလားဆိုတော့ မတတ်။ ဘာမှမသိဘူးလားဆိုတော့ ကိုယ်ထက်ပိုသိနေပြန်
ဆိုသူတွေကို တရားချလို့မလွယ်။ လူကကြီးလာလေ ပြောရခက်လေ၊
ခေါင်းမာလေပဲသား၊အခက်ဆုံးက အဲ့သလိုဖြစ်တာ ကိုယ်ကိုတိုင်က မသိတာပဲ။
အခု သားက ကိုယ့်ကိုယ်ကို နည်းနည်း ရိပ်မိနေတော့ တော်သေးတာပေါ့။
ကဲဆိုစမ်းပါဦး ဘယ်ကနေ ဘယ်လိုဖြစ်တာလဲ"
"ဒီလိုဖေဖေရဲ့။ ဒီနေ့သားမိတ်ဆွေတစ်ယောက် ဆေးစစ်တော့ သူ့မှာ pylori ပိုးတွေ့သတဲ့။
ဒါနဲ့ပဲ ဘယ်လိုပိုးဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သားကိုမေးလာတယ်။
ဘာတွေဖြစ်နိုင်သလဲလို့ ဆက်မေးလာတယ်။
ဒါပေမဲ့ သားဘာမှ မဖြေနိုင်လို့ စာဖတ်လိုက်ဦးမယ်လို့ ပြောခဲ့ရတယ်"
"ဒါကတော့သားရယ်၊ မင်းက ဆရာဝန်မှ မဟုတ်တာပဲ"
"ဟုတ်တော့ဟုတ်ပါတယ်ဖေဖေ။
ဒါပေမဲ့သားက ကင်ဆာရောဂါရှာဖွေရေးစက်တွေကို အရောင်းအဝယ်လုပ်နေတာကြောင့်
ဒါတွေကို တော့ ယေဘူယျလောက်တော့ သိကို သိထားသင့်ပါတယ်။
ဒါမှ ဆရာဝန်ကြီးတွေကို စက်တွေ မိတ်ဆက်တဲ့အခါ၊
ဆေးစစ်နိုင်တဲ့ အရာတွေကို မိတ်ဆက်တဲ့ အခါမှာ ဒိုးဒိုးဒေါက်ဒေါက် ပြောနိုင်မှာပေါ့။
ဒါမှလည်း ကိုယ်စက်တွေကို သုံးတဲ့ ဆရာဝန်ကြီးတွေက ကိုယ့်ကို ယုံကြည်လာမယ်။
ကိုယ်ရောင်းတဲ့စက်ကို စိတ်ဝင်စားလာမှာလေ။
ကျမ်းမာရေးဆိုင်ရာ ပစ္စည်းတွေကို ၀ယ်တယ်ဆိုတယက လမ်းဘေးမှာရောင်းတဲ့
မုန်ထုပ်ဝယ်စားတာမှ မဟုတ်တာ။
ဒီတော့ ဈေးရောင်းသူက ကိုယ့်ထုပ်ကုန်နဲ့ ပါတ်သက်တာတော့ သိထားရမယ်လို့ သားထင်ပါတယ်"
"အေး ဟုတ်ပါတယ်ကွာ။
လူတိုင်းလူတိုင်း၊ ကိုယ်ပစ္စည်းကိုယ်ရောင်းသူတိုင်း ဒီလို စိတ်ထားလေးတွေ
၇ှိနိုင်၇င်တော့ ကောင်းတာပေါ့ကွာ။ ဒါပေမဲ့ လောလောဆယ်တော့ မင်းပြောတဲ့
pylori ပိုးဆိုတာ ဘာလဲကွ"
"ဘာပိုးလဲဆိုတာတော့ သားသေသေချာချာမသိပေမဲ့၊ မကြာသေးခင် ၁၉၉၄
ခုနှစ်လောက်ကမှ ဒီပိုးဟာ၊ ဆေးလိပ်၊ ကျေက်ဂွမ်းမှူ့န့်တွေလိုပဲ
ကင်ဆာရောဂါကို ဖြစ်စေတဲ့ အချက်တစ်ခုအနေနဲ့ သပ်မှတ်လိုက်ကြတယ်။
ကင်ဆာရောဂါနဲ့ တော်တော်လေး ဆက်နွယ်နေတယ်ဆိုတဲ့ သဘောပေါ့"
"ဟ...သားစကားကလည်း ဖွင့်ဖွင့်ခြင်း ကြောက်စရာကြီးက စနေပါလား။
ဒါပေမဲ့ ဘယ်လို ဆက်နွယ်နေသလဲဆိုတာတော့ သိချင်တယ်ကွာ"
"ဒီလိုဖေဖေရေ၊ အဲ့သည့်ပိုးက အကြာကြီး ကိုယ်ထဲမှာ ကူးဆက်ဝင်ရောက်နေရင်၊
တဖြေးဖြေးနဲ့ အစာအိမ် အမှေးပါးလေးတွေကို ပါးလွှာလာစေတယ်။
တစ်စိတ်တစ်ပိုင်းက အစာအိမ် အပေါ်ယံအရေပြားကို ပြောင်းလဲစေပြီးအစာအိမ်ကင်ဆာ
ဖြစ်လွယ်အောင် လုပ်တယ်လို့ ဆိုပါတယ်။
အစာအိမ်ရောင်တာတို့၊ အူနာ၊ အစာအိမ်နာရှိတဲ့သူတွေက 10နှစ်အတွင်း
အစာအိမ်ကင်ဆာ ဖြစ်လာတဲ့ လူနာအယောက်ပေါင်း 280ကို ရှာဖွေကြည့်တော့
လူနာအားလုံးလိုလိုမှာ အဲ့သည့်ပိုးကို တွေ့ရသတဲ့"
"ဒီအတိုင်းဆိုရင်တော့ ဒီပိုးနဲ့ ကင်ဆာက တော်တော်လေး ပါတ်သက်နေလောက်တယ်နော်"
"ဒါပေါ့ဖေဖေရဲ့။ အစာအိမ်ကင်ဆာ ဖြစ်ဖြစ်ခြင်းလူနာတွေကို ကုသပြီးတဲ့အခါ
ဒီပိုးကို ဖယ်ရှားနိုင်ခဲ့ရင် 3နှစ်အတွင်း
နောက်တစ်ခါအစာအိမ်ကင်ဆာဖြစ်ပွားမှူ့ကို 3ပုံ1ပုံလောက်ထိမ်းသိမ်းနိုင်တယ်
ဆိုသတဲ့"
"ဒီကြောက်စရာ ပိုးမကူးဆက်ရအောင်၊ မရှိရလေအောင် ဘယ်လိုလုပ်ရမယ်၊
ဘယ်လိုစားသောက်ရမယ်လို့ ပြောကြသလဲ"
"ခံတွင်းကတစ်ဆင့် ကူးဆက်နိုင်တယ်လို့ပြောပေမဲ့ ချက်ခြင်း လက်ငင်းကြီး
ခုစား၊ ခုကူးတာမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကာလရှည်ကြာစွာ
နေထိုင်စားသောက်တဲ့ အပေါ်မှာမူတည်သလို မသန့်ရှင်းတဲ့ ရေဟာလည်း ဒီပိုးကို
ကူဆက်စေနိုင်တယ်လို့လည်း ယူဆကြပါတယ်။
ပိုးရှိတဲ့ ပိုးဟတ်ရဲ့ သွားရာလမ်းကြောင်းဟာ ရောဂါပျံ့ပွားမှု
ဖြစ်နိုင်ရန် အများဆုံးလို့လည်း ဆိုပါတယ်။ ခံတွင်း၊ပါးစပ်ကနေ
တစ်ဆင့်ကူးတတ်တယ်ဆိုပေမဲ့ လင်နဲ့မယား၊ သားသမီးနဲ့ မိဘ၊
အတူစားသောက် နမ်းရှုံ့ရာက ကူးဆက်တယ်လို့ မပြောနိုင်ပါဘူး။
ဒါ့ကြောင့် သိပ်ပြီးကြောက်လန့်စရာ မလိုပါဘူးဖေဖေ။
တစ်ခုတော့ရှိတာပေါ့၊ အစာအိမ်ရည်က အားပျော့နေသေးတဲ့ ကလေးတွေကိုတော့
ပိုးရှိတဲ့ လူကြီးက ဝါးပြီး ကျွေးတာ၊ အသားတုံးတွေ ကိုက်ဖြတ်ကျွေးတာကတော့
သိပ်မလုပ်စေလိုဘူးလို့ပြောပါတယ်။
ထမင်းကို ၀ါးကြွေးတာတို့၊ ကွမ်းဝါးကြွေးပြီး ခွံ့တာတို့ဟာ
ဒီပိုးတစ်ခုထဲသာဆိုင်တာ မဟုတ်ပါ။
ကျန်ကူးဆက်ရောဂါတွေ အတွက်လည်း ရောင်ရှားသင့်တဲ့ ကိစ္စတစ်ခုပါ။
ပြီးတော့ ကင်ဆာအာလုံးလိုလိုမှာ ပြောနိုင်တာကတော့ ဓါတုဗေဒနဲ့
ပါတ်သက်တဲ့အစားအစာ၊ အဆီတွေကို ရှောင်နိုင်တာကတော့ အကောင်းဆုံးပါ။
ဆက်ပြီး ဒီပိုးအကြောင်း ပြောရရင်တော့ ဒီပိုးက အငံတွေကို
သိပ်မစားသင့်ဘူးလို့ပြောပါတယ်။
ပြီးတော့ အသီးအရွက်တွေကို များများစားပေးနိုင်တာ အကောင်းဆုံးလို့
တိုက်တွန်းကြပါတယ်။ အထူးသဖြင့် မြန်မာလိုတော့ ဘယ်လိုခေါ်မှန်း မသိပေမဲ့
ပန်းဂေါ်ဖီလို အစိမ်းရောင် ဘလို့ကော်ရီ ဆိုတာမျိုးကတော့
များများစားသင့်တယ်လို့ ပြောပါတယ်"
"အေး..တို့အဖိုးအဖွားတွေကတော့ အငံ၊ အစပ်၊ အပူတွေဆိုတာ မစားသင့်ဘူးလို့
အမြဲတန်းပြောတယ်။ လျှာကတောင့်တပြီး၊ ပူပူလောင်လောင်တွေ၊ အစပ်တွေ စားပေမဲ့
အရသာခံလိုက်တာက တစ်ခဏ၊ အစာအိမ်ကြီးခဗျာ ပူပူလောင်လောင်
ကြီးကို မရှောင်မလွယ်နဲ့ လွယ်ထားရရှာတယ်ကွယ်"
Thu Kha Bsc
Thu Kha
"ဟုတ်တယ်နော်..ဒါ့ကြောင့်လည်း
ရှေးလူကြီးတွေကပြောကြတာ...အစားကလေးတစ်လုပ်အတွက်နဲ့လို့....။
တစ်လက်စတည်း ပြောရရင်တော့၊ ကင်ဆာ (အထူးသဖြင့်တော့ အူမကြီးအစာအိမ်)နဲ့
ပါတ်သက်နေတဲ့ အကြောင်းကလေးကို ဆက်ပြောပါ့မယ်။
ဒါကတော့ အထူးသဖြင့် အူမကြီး ထဲမှာ တွေ့ရတတ်တဲ့ အသားပိုကလေး အကြောင်းပါ။
အခုနောက်ပိုင်း ဆေးပညာတွေက သိပ်တိုးတက်လာတော့ အရင်ကလို မခွဲမစိတ်ရပေမဲ့
အစာအိမ်ထဲ အူလမ်းကြောင်းထဲကို မှန်ပြောင်းထိုးထဲ့ပြီး၊ ကြည့်နိုင်ပါတယ်။
အခုနောက်ပိုင်းမှာတော့ အဲ့သလို မှန်ပြောင်းကို ထိုးကြည့်နိုင်ရုံသာမက
လိုအပ်ပါက မခွဲမစိတ်ပဲ အဲ့သည့် အသားပိုလေးတွေကို
ဆွဲထုပ်ဖြတ်နိုင်တဲ့အထိရှိလာပါပြီ"
"အဲ့သည့် အသားပိုကလေးတွေရှိတော့ ဘာတွေဖြစ်နိုင်လို့လဲကွ"
"အဲ့သည့်အသားပိုလေးတွေက ရှိသင့်ရှိထိုက်တဲ့ အရွယ်အစားကို
ကျော်လွန်သွားတဲ့အခါ ကင်ဆာလို ရောဂါဆိုးကြီးတွေကို ဖြစ်လာနိုင်တယ် သတဲ့။
သူက ကာယကံရှင်က ဘာမှ ထူးထူးထွေထွေ သတိမထားမိပေမဲ့ အူထဲမှာ ရှိနေတတ်တယ်၊
ဖြစ်နေတတ်လို့ တတ်နိုင်သလောက် ဆေးစစ်ကြဖို့ လိုပါတယ်"
"ဒါဆိုရင်တော့ ခွဲစိတ်ထုပ်လိုက်တာ အကောင်းဆုံးပေါ့သားရယ်"
"ဒီလိုတော့ တစ်ထစ်ချ မတွေးတဲ့၊ မယူဆတဲ့ ဆရာန်ကြီးတွေလည်း ရှိပါတယ်။
ပြီးတော့ အဲ့သလို အသားပို အဖြစ်ပဲ တစ်ခါထဲ တန်းပြီး ဖြစ်တဲ့ ကင်ဆာတွေလည်း ရှိပါတယ်"
"ဝေခွဲရ ခက်ပါလားကွယ်"
"ဟုတ်ပါတယ် ဖေဖေ။ တစ်ချို့ကတော့ ဒီလို အသားပိုတွေ၊ ပီလိုရီပိုးတွေ
တွေ့ရင် သိပ်ကြောက်ကြတယ်"
"အေးပေါ့ကွယ်။
ကင်ဆာရောဂါဆိုတာကလည်း သေဆုံးနိုင်တဲ့ အထိ ဖြစ်နိုင်တာကိုး"
"စစ်ဆေးပြီး မရှိရင်တော့၊ မတွေ့ရင်တော့ အကောင်းဆုံးပေါ့ဖေဖေရယ်။
ဒါပေမဲ့ ကားလမ်းမကြီးဖြတ်ကူးလို့ ကားတိုက်ခံရတယ် ဆိုပေမဲ့
ကားလမ်းဖြတ်ကူးသူတိုင်းတော့ ကားအတိုက်မခံရပါဘူး။
ဒီလိုပဲ အစာအိမ်ကင်စာ၊ အူမကြီး ကင်ဆာသမားတွေမှာ ဒီလို အသားပိုတွေ၊
ပီလိုရီပိုး တွေ တွေ့ရတယ်လို့ ဆိုပေမဲ့၊ အဲ့သလို ပီလိုရီပိုးတွေ၊
အသားပိုတွေရှိတိုင်းလည်း ကင်ဆာဖြစ်ပြီလို့ မဆိုနိုင်ပါဘူး။
ပြီးတော့ မိဘက ဒီလိုအူမကြီး ကင်ဆာရှိရင် သားသမီးတွေလည်း ဖြစ်တတ်လို့
စောစောစီးစီး ဆေးမှန်မှန် စစ်တာကတော့ အကောင်းဆုံးလို့ ပြောကြပါတယ်။
ဒါ့ကြောင့် ဒီလို စောသောစီးစီး တွေ့တာကတောင် အသက်ရှည်ဆေး ရလိုက်သလိုပဲ
လို့ သားကတော့ အောက်မေ့မိတယ်။
"ဘာကွ၊ အသက်ရှည်ဆေး"
"ဒီလိုလေ ဖေဖေ။
လူဆိုတာ ကျမ်းမာနေရင် ကျမ်းမာရေးကို သတိမေ့နေတတ်တယ်။
ဆေးတွေဘာတွေလည်း ပုံမှန် မစစ်ဆေးကြဘူး။
ဒီခေတ်ကြီးက ကင်ဆာရောဂါဟာ စောစောတွေ့ရင် ကုလို့ရနေပြီ။
ဒါ့ကြောင့် စောစောတွေ့၊ စောစောကုသနိုင်ဖို့ကသာ အရေးကြီးပါတယ်။
အခုလို ကိုယ့်မှာ ပိုးရှိတယ်၊ အသားပိုရှိတယ်လို့ သိထားတဲ့သူကြတော့
သားတို့ထက်တောင် ပိုပြီး ဆေးစစ်တာတွေ လုပ်ကြလို့ စောစောစီးစီး
ကင်ဆာရောဂါတွေ့ဖို့ အခွင့်တွေများသွားပြီ။
ဒီတော့ အသက်ရှည်ဖို့ လမ်းများလာပြီ၊ အသက်ရှည်ဆေး ရသွားပြီလို့ သားက ပြောတာပါ"
"ဟားဟားဟား...မင်းစကားက ကြားရတာ တစ်မျိုးကြီးပေမဲ့ မှန်တော့မှန်နေပါလားကွ"
သုခ(သား)
ကင်ဆာနဲ့ ပီလိုရီပိုး(Helicobacter pylori)၊ အသားသီး (Polpy)
Reviewed by timeayeyar
on
9:25 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment