Latest News

Sunday, June 25, 2017

ကမ္ဘာ့ထိပ်တန်းရေပန်းအစားဆုံးစမတ်ဖုန်းဆမ်ဆောင်းGalaxy S8

ကမ္ဘာ့ထိပ်တန်းရေပန်းအစားဆုံးစမတ်ဖုန်းဆမ်ဆောင်းGalaxy S8

၂၀၁၇ မှာ ကမ္ဘာ့ရေပန်းအစားဆုံးစမတ်ဖုန်းအဖြစ် Galaxy  S8 က ရပ်တည်နေတာဖြစ်ပါတယ်။

ရန်ကုန်၊ ဇွန် ၂၁ - ကမ္ဘာ့ထိပ်တန်းရောင်းအားအကောင်းဆုံးနဲ့ ရေ ပန်းအစားဆုံးစမတ်ဖုန်းအနေနဲ့ ဆမ်ဆောင်းရဲ့ Galaxy S8 က နံပါတ်တစ်နေရာပြန်ယူထားပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ဆမ်ဆောင်း Note 7 ဘက်ထရီ ပေါက်ကွဲမှုကြောင့် ရောင်းအားတွေကျဆင်းခဲ့ပေမဲ့ သည်နှစ် ၂၀၁၇ မှာထုတ်လုပ်လိုက်တဲ့ Galaxy S8 က ကမ္ဘာ့နံပါတ်တစ်နေရာရောက် ဖို့ ပြန်ကယ်တင်ခဲ့တာဖြစ်ပါတယ်။

ဆမ်ဆောင်း note 7 ပေါက်ကွဲမှုမှာတုန်းက အိုင်ဖုန်းကနံပါတ် တစ်နေရာရောက်ခဲ့ပါတယ်။ အခုဆိုရင်တော့ ဆမ်ဆောင်းရဲ့အောက် မှာ အိုင်ဖုန်းဆဲဗင်းက နံပါတ်နှစ်နေရာရောက်သွားကြောင်း မိုဘိုင်းလ်ဘလော့ဂ်တွေရဲ့ စစ်တမ်း မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လတွေက အိုင်ဖုန်းဆဲဗင်မှာဘက်ထရီလောင်တဲ့ဗီဒီယိုတွေက လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။သည်သတင်းက အစစ်ဟုတ်မဟုတ်ဆိုတာ အတည်မပြုကြပေ မဲ့သုံးစွဲသူအများစုကပေါက်ကွဲမှာစိုးရိမ်တာကြောင့် အိုင်ဖုန်း ဆဲဗင်း ဘက်ကိုမရွေးချယ်ကြတာကိုလည်းတွေ့ရပါတယ်။

ဆွဲဆောင်နိုင်ခဲ့
ဆမ်ဆောင်းရဲ့ကမ္ဘာ့ထိပ်တန်းဖြစ်ရတဲ့အချက်ကတော့ သူ့ရဲ့မျက်ဝန်း စကန်နာ၊ လက်ဗွေရာစနစ်တွေ၊ ဖုန်းကိုယ်ထည်ရဲ့စခရင်ဆိုက် အပြည့်ကြောင့် သုံးစွဲသူတွေကိုဆွဲဆောင်နိုင်စေခဲ့တာဖြစ်ပါတယ်။နောက်ပြီး Samsung Dex (Samsung Desktop Exper-ience) လို့ခေါ်တဲ့နည်းပညာလည်း ပါဝင်လာတာက အိုင်ဖုန်းဆဲဗင်းထက် သာနေတာဖြစ်ပါတယ်။ Samsung Dex က မိုဘိုင်းလ်ကနေ ကွန်ပျူတာပီစီမှာ ကူးပြောင်းချိတ်ဆက်နိုင်တာကြောင့် S8 ဖုန်းကို desktop ပေါ်မှာတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်ကွန်ပျူတာလက်ပ်တော့တွေမှာတွဲပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ဆမ်ဆောင်းရဲ့ကျောဘက်ကင်မရာမှာ ကင်မရာနှစ်စုံပါဝင်ပြီး တစ်စုံကို 12 mp နဲ့ပါဝင်တာဖြစ်တဲ့အပြင် ကင်မရာပိုင်းကို dual pixel ca-mera ဖီးချားပါဝင်တာဖြစ်တယ်။အိုင်ဖုန်းကင်မရာထက် ပိုပြီး pixel ကောင်းတာကို တွေ့ရမယ့်အပြင် ပုံရဲ့အရောင်အနေအထား ရုပ်ထွက်အရည်အသွေးတွေကလည်း ပိုသာတာကိုတွေ့ရမှာဖြစ်ပါတယ်။

ကင်မရာကောင်းလွန်း
S8 ရဲ့ကင်မရာကြည်လင်ချက်က ဥပမာပေါင်မုန့်တစ်လုံးကို focus ထားပြီး ဓာတ်ပုံရိုက်လိုက်ရင် ပေါင်မုန့်ရဲ့အမျှင်အတန်းတွေကို zoom ချဲ့ကြည့်ရင်ကြည်လင်ပြီး အသေးစိတ်ပြတ်သားလောက်အောင်မြင် ရတဲ့အထိကို ကင်မရာ ကောင်းလွန်းတာဖြစ်ပါတယ်။

Dual pixel camera နည်းပညာဟာဆိုရင်ပရော်ဖက်ရှင်နယ်ကင်မရာ DSLR လို စနစ်ပုံစံဖြစ်တာကြောင့် ဓာတ်ပုံရိုက်လိုက်တိုင်း zoom ဆွဲပြီးရိုက်မယ်ဆိုရင်တောင် focus မဝါးတဲ့အပြင် auto focus ချိန်နိုင်မှာဖြစ်ပါတယ်။
နောက်တစ်ချက်က The Ga-laxy S8 နဲ့ S8+ sport 12- meg-apixel dual pixel technology with ပုံရဲ့မြင်ကွင်းကို အငြိမ်ပိုင်း စနစ်ဖြစ်တဲ့ OIS (Optical Image Stabilisation) ပါဝင်တာကြောင့် ဓာတ်ပုံရိုက်နေရင်း လက်မငြိမ်တဲ့အခါတွေ၊ ရွေ့နေတဲ့အခါတွေမှာ ရိုက်ကူးနေရင်တောင် ရုပ်ပုံထွက်လာရင် ပုံထွက်မဝါးသွားအောင်ထိန်းညှိပေးတာဖြစ်ပါတယ်။

ကျောဘက်ကင်မရာမှာ f/1.7 aperture နဲ့ ရှေ့ဆယ်ဖီကင်မရာမှာ 8- megapixel ပါဝင်ပြီး autofocus စင်တာနဲ့ အရှေ့ဘက်မှာ f/1.7 aperture ပါဝင်တာဖြစ်ပါတယ်။ နောက်ပြီးလက်ရှိအချိန်အထိ S8 မှာဘက်ထရီပြဿနာ တက်တာမျိုး မရှိသေးပါဘူး။ တခြားကြီးကြီးမားမား error မျိုးလည်းမတွေ့ရ သေးပါဘူး။
သည်အချက်တွေကြောင့် သုံးစွဲသူအများစုကဆမ်ဆောင်းကို ဝယ်ယူသုံးစွဲရင်းရောင်းအားတက်လာကာ လက်ရှိ ၂၀၁၇ မှာ ကမ္ဘာ့ရေပန်းအစားဆုံးစမတ်ဖုန်းအဖြစ် Samsung Galaxy S8 က ရပ်တည်နေတာဖြစ်ပါတယ်။
မေဘယ်လ်/Kumudra

No comments:

Post a Comment