Latest News

Monday, June 5, 2017

အကြမ်းဖက်မှု ဆန့် ကျင်ရေးအသိုင်းအဝိုင်းတစ်ခု ဖော်ဆောင်သွားချင်တဲ့ Facebook

အကြမ်းဖက်မှု ဆန့် ကျင်ရေးအသိုင်းအဝိုင်းတစ်ခု ဖော်ဆောင်သွားချင်တဲ့ Facebook

Facebook ရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဆိုင်မွန်မီလ်နာရဲ့အဆိုအရ Facebook ဟာ အကြမ်းဖက်သမားတွေ တင်သမျှ အကြောင်းအရာတိုင်းကို ပယ်ဖျက်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ Facebook အနေနဲ့ လူတွေ ကို လုံခြုံဘေးကင်းစေမယ့် ဝန်ဆောင်မှုတစ်ခု ပေးသွားချင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီဝန်ဆောင်မှုထဲမှာ အကြမ်းဖက် လှုပ်ရှားမှုများနဲ့ ဆက်စပ်တဲ့ လူတစ်ဦးချင်းဖြစ်စေ ၊ လူအုပ်စုလိုက်ဖြစ်စေ ခွင့်ပြုသွားမှာ မဟုတ်ဘဲ အကြမ်းဖက်ဝါဒကို ထောက်ခံတဲ့ ဘယ်ပို့စ်ကို မဆို ဖြုတ်ချသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လူမှုကွန်ယက်များဟာ အကြမ်းဖက်မှုများနဲ့ ပတ်သတ်ပြီး ဝေဖန်မှု ခံနေရပါတယ်။ ဝေဖန်သူတစ်ချို့ ရဲ့အဆိုအရ Facebook ဟာ အကြမ်းဖက်ဝါဒနဲ့ အမုန်းစကားဖြန့် ဖြူးသူများအပြင် သတင်းတုများ ချပြနေတဲ့အပေါ် ဘာဖြေရှင်းမှုမှ မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့်ပဲ Facebook CEO မတ်ခ်ဇူကာဘတ်ခ်ဟာ ပြီးခဲ့တဲ့လက အကြမ်းဖက်မှု စောင့်ကြည့်ဖို့ လူပေါင်း ၃၀၀၀ ထပ်ခန့် သွားမယ်လို့ ကြေငြာထားပါတယ်။

လက်ရှိမှာ Facebook ဟာ သူ့ ပလက်ဖောင်းပေါ်မှ အကြမ်းဖက်မှုများကို စောင့်ကြည့်လေ့လာဖို့ ဝန်ထမ်းပေါင်း ၄၅၀၀ ကို ခန့် ထားတာ ဖြစ်ပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းက အနည်းဆုံး လူ ၁၉ ဦးသေဆုံးခဲ့တဲ့ Manchester Arena ဗုံးပေါက်ကွဲမှုမှာ ဘေးကင်းမကင်း သိရအောင် Safety check feature ကို activate လုပ်ပေးထားပါတယ်။ အခုလည်း Facebook ဟာ အကြမ်းဖက်မယ့် အကြောင်းအရာ တစ်ခုခု သိတာနဲ့ တစ်ခါတည်း ဖယ်ရှားသွားမယ်လို့ ကတိပြုထားပေမယ့် နိုင်ငံ့ခေါင်းဆောင်များကတော့ Facebook အပါအဝင် လူမှုကွန်ယက်များအတွက် တင်းကြပ်တဲ့ အင်တာနက်စည်းမျဉ်းများ ထုတ်ပြန်သွားဖို့ ကြိုးပမ်းနေကြပါတယ်။

Duwun

No comments:

Post a Comment