Latest News

Monday, June 12, 2017

Facebook က ဦးဝီရသူကို တစ်လပိတ်

Facebook က ဦးဝီရသူကို တစ်လပိတ်

 ဖေ့စ်ဘွတ်ခ်က ဦးဝီရသူကို တစ်လပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ဦးဝီရသူရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ဟာ  Follower သုံးသိန်းခြောက်သောင်းကျော်ရှိတာဖြစ်ပြီး ဇွန်လ ၁ ရက်က စကာ ပို့စ်တင်လို့ မရတော့တာ ဖြစ်ပါတယ်။

ရက်ပေါင်း ၃၀ အပိတ် ခံခဲ့ရတာကြောင့် ဖေ့စ်ဘွတ်ခ်ကို အားကိုးတော့မှာမဟုတ်ကြောင်း ဦးဝီရသူဟာ အခြားအကောင့်တစ်ခုမှ ဗီဒီယိုဖိုင်တင် မိန့်ကြားခဲ့ပေမယ့် အဆိုပါ ဗီဒီယိုဖိုင်တင်တဲ့အကောင့်သစ်ဟာလည်း ရက်ပိုင်းအတွင်း ဖျက်ချခံခဲ့ရတာ ဖြစ်ပါတယ်။

‘‘မေလ ၃၁ ရက်မှာ အရေး ယူခံထားရပါတယ်။တစ်လတိတိပိတ်မယ်လို့ သူတို့အမိန့်စာမှာပါပါတယ်’’ လို့ ဦးဝီရသူက မိန့်ကြားခဲ့ပါတယ်။

‘‘အရေးယူတဲ့ပုံစံကို ကြည့်ရင် အကြောင်းပြချက်မည်မည်ရရ မရှိပါဘူး။ ပုဂ္ဂိုလ်ရေးမပါ၊ အမည်နာမ တိုက်ရိုက်မထည့်၊ အဲဒီလို လွတ်လွတ်ကင်းကင်း ရေးသားတာတွေကိုလည်း ၀ိုင်းပြီး Report ထုလို့ Page တစ်ခုလုံး ဖျက်တာလည်းပါတယ်။ တစ်လပြည့်လို့ ဖေ့စ်ဘွတ်ခ်ပြန်ပွင့်ရင်လည်း မသေချာပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖေ့စ်ဘွတ်ခ် Team တစ်ခုလုံး မွတ်စလင်လက်အောက်ကျရောက်သွားလို့ပါပဲ။ ဖေ့စ်ဘွတ်ခ်ကို မွတ်စလင်တွေ စီးမိသွားပါပြီ’’ လို့လည်း မိန့်ကြားခဲ့ပါတယ်။


ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ဟာ လူမှုစံနှုန်းလမ်းညွှန်ချက်တွေ ချမှတ်ထားပြီးဖြစ်ကြောင်း၊ စံနှုန်းနဲ့ကိုက်ညီမှုမရှိတာကို တွေ့ရှိပါက မည်သူမဆို Report အနေနဲ့ တိုင်တန်းမှုပြုလုပ်နိုင်ကြောင်း ဖေ့စ်ဘွတ်ခ်မူဝါဒနဲ့ ပတ်သက်လို့ နည်းပညာဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့  MIDO မှ မထိုက်ထိုက်အောင်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

 ‘ကုလား’ လို့ စာသား  ရေးသားတာကြောင့် Lock ကျခဲ့တဲ့ အကောင့်တွေ မေလတွင်း ရှိခဲ့ပေမယ့် အချို့အကောင့်တွေကတော့  ထိုကဲ့သို့ရေးသားပေမယ့် သက်ရောက်ခြင်းမရှိခဲ့ပါဘူး။  ‘‘ဖေ့စ်ဘွတ်ခ်ပေါ်လစီကို ကျွန်တော်သေချာမသိတော့ မပြောတတ်ဘူးဗျ။ ကုလားလို့ရေးရင် ဘန်းတာတွေက ရှိသေးတယ်။ ကျွန်တော် ကုလားကားဆိုတာကို ရေးတာ Lock တစ်ရက်ကျသွားတယ်။ အမှန်တော့ ဒီလောက်လေးပြောတာ မပိတ်သင့်ပါဘူး’’ လို့ Myanmar Links မှ ကိုစိုးသီဟနောင်က ပြောထားကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

Source: 7Day Daily
Photos: Myanmar Time

Duwun

No comments:

Post a Comment