တပ်မတော်က ကလေးစစ်သား ၆၇ ယောက် နှုတ်ထွက်ခွင့်ပေး
အရွယ်မရောက်သေးဘဲ စစ်မှုထမ်းနေရတဲ့ ကလေးစစ်သား ၆၇ ယောက်ကို မြန်မာ့တပ်မတော်က ဒီကနေ့ နှုတ်ထွက်ခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။
အရင် စစ်အစိုးရလက်ထက်က ကုလသမဂ္ဂနဲ့ သဘောတူဆောင်ရွက်ခဲ့တဲ့ ကလေးစစ်သားပပျောက်ရေး အစီအစဉ်အရ အခုနှစ်အတွက် ပထမဆုံးအသုတ်အဖြစ် တပ်ကနေ ပြန်လွှတ်ပေးလိုက်တာလို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
မြန်မာ့တပ်မတော်မှာ ကလေးစစ်သားအရေအတွက် ဘယ်လောက်ရှိနေတယ်ဆိုတာ အတိအကျ မသိရပေမယ့်၊ တပ်သားသစ် စုဆောင်းရာမှာ အသက်အရွယ်စစ်ဆေးတာနဲ့ ဗဟိုက ချုပ်ကိုင်လာတာတွေကြောင့် ကလေးသူငယ် စစ်မှုထမ်းတာတွေ အခုချိန်မှာ နည်းပါးလာတယ်လို့ UNICEF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ်က ပြောပါတယ်။
ကုလသမဂ္ဂနဲ့ မြန်မာစစ်အစိုးရအကြား ၂ဝ၁၂ ခုနှစ်က စတင်ခဲ့တဲ့ သဘောတူညီချက်ကြောင့် မြန်မာစစ်တပ် စစ်မှုထမ်းအဖြစ်က နှုတ်ထွက်ခွင့်ပေးခဲ့တဲ့ ကလေးစစ်သား အရေအတွက်ဟာ ၈၅ဝ နီးပါး ရှိသွားပြီလို့လည်း သိရပါတယ်။
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment