တစ်ရှူးငှက်ပျောလုပ်ငန်းကနေ အခွန်ငွေကျပ်သိန်း ၃ထောင်ကျော် ရရှိ
ကချင်ပြည်နယ်မှာ အန္တရာယ်ရှိစေနိုင်တဲ့ အလုပ်အကိုင်နဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေကနေ အခွန်ကောက်ခံရာ တစ်ရှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းရှင်တွေထံက အခွန်ငွေကျပ် သိန်းပေါင်း ၃ ထောင်ကျော်ကို ကောက်ခံရရှိခဲ့ပါတယ်။
အဲဒီအခွန်ခေါင်းစဉ်အောက်ကနေ တစ်ရှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းရှင်တွေဆီက ပထမဆုံးကောက်ခံရရှိတာဖြစ်တယ်လို့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းက ပြောပါတယ်။
အစိုးရက အမှန်တကယ်ကောက်ခံရမယ့်နှုန်းထားဟာ တစ်ရှူးငှက်ပျော ၁ တန်ကို ကျပ် တစ်သောင်းခွဲနှုန်းဖြစ်တာကြောင့် တစ်ရှူးငှက်ပျောကား ၁ စီးကို အခွန်ငွေ ၃ သိန်းကျော် ရရှိမှာဖြစ်ပေမယ့် အစိုးရအဖွဲ့က ကား ၁ စီး ကို ကနဦးအနေနဲ့ ကျပ် ၆ သောင်းသာ ကောက်ခံဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အခုရရှိတဲ့ အခွန်ငွေကျပ်သိန်းပေါင်း ၃ ထောင်ကျော်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ မေလကုန်အထိ ကောက်ခံရရှိတာလို့ သိရပါတယ်။
မကြာမီ ဖားကန့်ဒေသ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေကနေ အမှန်တကယ်လုပ်ကိုင်တဲ့ လုပ်ကွက်မြေ ၁ ဧက ကို ကျပ် ၅ သိန်းနှုန်းနဲ့ အန္တရာယ်ရှိစေနိုင်တဲ့ သို့မဟုတ် စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတဲ့ အလုပ်အကိုင်နဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းအခွန်အဖြစ် ကောက်ခံဖို့ စီစဉ်နေပါတယ်။
ဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းနဲ့ အခြားကောက်ပဲသီးနှံရောင်းဝယ်ရေး၊ စက်သုံးဆီလုပ်ငန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းစတဲ့ လုပ်ငန်း ၃ဝ ကျော်မှာ အဲဒီအခွန်ခေါင်းစဉ်အောက်ကနေ အခွန်ငွေတွေ ကောက်ခံနိုင်တယ်လို့ သိရပါတယ်။
Photo: Kyaw Myo Min/RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment