Latest News

Monday, June 5, 2017

လန်ဒန်တံတား အကြမ်းဖက်တိုက်ခိုက်မှု ၇ ဦးသေ၊ ၅၀နီးပါးဒဏ်ရာရ

လန်ဒန်တံတား အကြမ်းဖက်တိုက်ခိုက်မှု ၇ ဦးသေ၊ ၅၀နီးပါးဒဏ်ရာရ

ပြီးခဲ့တဲ့စနေနေ့ညက အကြမ်းဖက်သမားသုံးဦးဟာ လန်ဒန်တံတားပေါ်မှာ လူတွေကို ကားနဲ့လိုက်တိုက်၊ ဓါးနဲ့လိုက်ထိုးခဲ့ကြတဲ့အတွက် လူ ၇ ဦး သေဆုံးပြီး ၅ဝ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ ဒဏ်ရရသူတွေထဲက ၂၁ ဦး လောက်ဟာ စိုးရိမ်ဖွယ်အခြေအနေရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကလည်း အင်္ဂလန်မြောက်ပိုင်း မန်ချက်စတာမှာကျင်းပတဲ့ တေးဂီတပွဲတပွဲမှာ အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့လို့ ကလေးတွေအပါအဝင် လူ၂၂ ယောက် သေဆုံးခဲ့ရပါတယ်။ မတ်လအတွင်းကလည်း ဝက်စမင်စတာ တံတားပေါ်မှာ အကြမ်းဖက်သမားတဦးက လူတွေကို ကားနဲ့လိုက်တိုက်ခဲ့လို့ ၆ ဦးသေဆုံးခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံမှာလည်း ၂၀၁၅ ခုနှစ်ကနေ ဒီနေ့အထိ အစွန်းရောက်အစ္စလာမ်မစ်တွေရဲ့တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၃၈ ယောက်သေဆုံးခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တနေ့ထဲမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ အဆိုးဝါးဆုံးဖြစ်ပြီး ကပွဲရုံတွေ၊ အရက်ဆိုင်၊ စားသောက်ဆိုင်နဲ့ အားကစားရုံတွေမှာ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လူ ၁၃၀ သေဆုံးပြီး ၃၅၀ လောက် ဒဏ်ရာရခဲ့တဲ့ အဲဒီတိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အဖွဲ့က ကြေညာခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ ရက်၊ ပြင်သစ်နိုင်ငံရဲ့အမျိုးသားနေ့မှာလည်း အကြမ်းဖက်သမားတယောက်က လူအုပ်ထဲကို ထရပ်ကားကို အရှိန်ပြင်းပြင်းနဲ့မောင်းဝင်တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၈၆ ယောက် သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကနေ ဒီကနေ့အထိ အစ္စလာမ်မစ်အစွန်းရောက်တွေဟာ ဗြိတိန်နဲ့ပြင်သစ်တွင်သာမက ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၊ ဂျာမဏီနိုင်ငံ ဘာလင်မြို့၊ ဆွီဒင်နိုင်ငံတို့မှာလည်း အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့အတွက် လူအမြောက်အများ သေဆုံးခဲ့ရပါတယ်။

RFA

No comments:

Post a Comment