Latest News

Thursday, June 1, 2017

အမျိုးသားရေးသမားတွေကို အကာအကွယ်မပေးလို့  မျိုးချစ်အဖွဲ့ တွေက အစိုးရကို ပိုးစုန်းကြူးနဲ့  ခိုင်းနှိုင်း

အမျိုးသားရေးသမားတွေကို အကာအကွယ်မပေးလို့  မျိုးချစ်အဖွဲ့ တွေက အစိုးရကို ပိုးစုန်းကြူးနဲ့  ခိုင်းနှိုင်း

ရန်ကုန်-အမျိုးသားရေးလှုပ်ရှားနေတဲ့ ခေါင်းဆောင်တွေကို မတရားတဲ့ ပုဒ်မတွေနဲ့  ဖမ်းဆီးတရားစွဲဆိုခံထား ရတာကြောင့် မျိုးချစ်အဖွဲ့ တွေက အစိုးရကို ပိုးစုန်းကြူးနဲ့  ခိုင်းနှိုင်းပြောဆို လိုက်ပါတယ်။
” ပိုးစုန်းကြူး စုန်းမီးဆိုတာက အလင်းရောင်မပေးဘူး။ အဝေးကနေ ကြည့်တဲ့ အခါလင်းနေတယ်။ ပတ်ဝန်းကျင်မှာ ဘာအလင်းရောင်မှ မရှိဘူး။အလင်းရောင်မရှိတာကို အနားကို ဝေဒနာတွေပေးတယ်၊ ရောဂါတွေပေးတယ်။ ဘေးပေါင်းစုံပေးတယ်။ အမေရိကန်က ကြည့်ရင် လင်းတယ်။လူမျိုးကွဲ၊ ဘာသာခြား၊ ဘင်္ဂလီတွေအတွက်တော့ အလင်းရောင်ဖြစ်ချင်ဖြစ်မယ်။ ကျုပ်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် စုန်းမီးမဖြစ်ပါစေနဲ့  လို့  ဆန္ဒပြုဆုတောင်းပါတယ်။ ” လို့  မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင် ဆရာတော် ဘန္ဒန္တဇနိတက မိန် ပါတယ်။
ဆရာတော်က ဆက်ပြီး –
” တကယ်အလင်းရောင်အစစ်ဖြစ်ဖို့  အတွက် ဦးဇင်းတို့  မျိုးချစ်တွေက ဆန္ဒထုတ်ဖော်တာပါ။ ” လို့  ဆက်လက်မိန့် ကြားသွားပါတယ်။

သည်ကနေ့  နေ့ လည်ပိုင်းမှာ ကမာရွတ်မြို့ နယ် တရားရုံးမှာ အမျိုးသားရေးညွှန့် ပေါင်းအဖွဲ့ မှ ကိုဝင်းကိုကိုလတ်အပါအ၀င် လူလေးဦးကို ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
အဲသည်လူလေးဦး ရုံးထုတ်စစ်ဆေးတာမပြုလုပ်ခင်မှာ အမျိုးသားရေးသမားတွေလို့ ခံယူထားကြတဲ့ မျိုးချစ်အဖွဲ့ မှ ရဟန်း၊သံဃာ ၃၀ နီးပါးက ကိုဝင်းကိုကိုလတ်တို့ ကို ဖမ်းဆီးတရားစွဲဆိုထားတဲ့ ပုဒ်မ၅၀၅(ခ)ဖျက်သိမ်းပေးရေးနဲ့  ပြန်လွှတ်ပေးရေးအတွက် အမျိုးသားရေးလှုပ်ရှားသူတွေလို့ ခံယူထားတဲ့ မျိုးချစ်အဖွဲ့ တွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

”ခေတ်အဆက်ဆက်အစိုးရကလည်း လက်ခံထားခြင်းမရှိသလို အခုရော၊ နောင်ရော လက်ခံမှာ မဟုတ်ဘူး” လို့  မျိုးချစ်အဖွဲ့ မှ ဦးကျော်စွာဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဘင်္ဂလီလူမျိုးကို ရိုဟင်ဂျာလို့  အသက်သွင်းနေတဲ့ ဘယ်ပုဂ္ဂိုလ်၊ အဖွဲ့ အစည်းကိုမဆို မြန်မာနိုင်ငံရဲ့  အချုပ်အခြာအာဏာကို ထိပါးစော်ကားနေတာဖြစ်တဲ့ အတွက် တိုင်းပြည်ရဲ့  ဘုံရန်သူ၊သစ္စာဖောက်တွေအဖြစ် မျိုးချစ်အဖွဲ့ တွေက သတ်မှတ်တယ်လို့  ဆိုပါတယ်။

” မြန်မာနိုင်ငံအတွင်း ဘယ်တုန်းကမှ မရှိခဲ့တဲ့ ဘင်္ဂလီကို ရိုဟင်ဂျာလို့  အသတ်သွင်းနေသမျှကာပတ်လုံး ရဟန်းရှင်လူပြည်သူတွေက မရှိတဲ့ လူမျိုးကို မရှိဘူးလို့  တုန့် ပြန်တဲ့ အပေါ်မှာ မတရားတဲ့ ဥပဒေတွေနဲ့  အရေးယူ ဆောင်ရွက်လာမယ်ဆိုပါက ဥပဒေနဲ့ အညီဆက်လက်တွန်းလှန်တိုက်ပွဲဝင်သွားမယ်” လို့  ဦးကျော်စွာဦးက ပြောပါတယ်။

အမျိုးသားရေးသမားတွေဟာ ခေတ်အဆက်ဆက်အစိုးရတွေရဲ့  ဖိနှိပ်ချုပ်ခြယ်မှု အနိုင်ကျင့်မှုကို ခံနေရတဲ့ သူတွေဖြစ်သလို လက်ရှိအစိုးရလက်ထက်မှာလည်း ဖိနှိပ်ခံနေရဆဲဖြစ်တယ်လို့  မျိုးချစ်အဖွဲ့ တွေက ဆိုပါတယ်။
မကွေးကျောင်းဆရာတော် ဦးပါမောက္ခ၊ မျိုးချစ်မြန်မာရဟန်းပျိုများသမဂ္ဂ ဥက္ကဌ ဆရာတော် ဦးဥာဏဓမ္မ၊ အတွင်းရေးမှူး ဦးသုစိတ္တ၊ ကိုဝင်းကိုကိုလတ် အပါအ၀င် စုစုပေါင်း ၇ ဦးဟာ ၂၀၁၆ ခုနှစ် ဧပြီလက အမေရိကန်သံရုံးရဲ့  ထုတ်ပြန်ချက်ထဲမှာ ရိုဟင်ဂျာလို့ သုံးစွဲထားတာကြောင့် သံရုံးရှေ့ မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ ခွင့်ပြုချက်မယူခဲ့တာကြောင့် ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ပုဒ်မ(၁၉)နဲ့  နိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)နဲ့  တရားစွဲဆိုခံထားရပါတယ်။

အဲသည်ပုဒ် ၂ခုနဲ့  ကိုဝင်းကိုကိုလတ်နဲ့  လူပုဂ္ဂိုလ် လေးဦးကိုတော့ ဖမ်းဆီးထားပေမယ့် ဆရာတော်သုံးပါးကိုတော့ ဖမ်းမိခြင်းမရှိသေးပါဘူး။
ဖမ်းမိထားတဲ့ လူလေးဦးကို သည်ကနေ့ ရုံးထုတ်စစ်ဆေးရာမှာတော့ တရားစွဲဆိုခံထားရတဲ သံဃာတော်တွေ မလာလို့  ဆိုကာ ကမာရွတ်မြို့ နယ် တရားသူကြီးက ဇွန်လ ၈ ရက်နေ့ ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။
” ပြောရမယ်ဆိုရင် သံဃာတော်တွေက ကျောင်းမှာပဲ သီတင်းသုံးနေတာပါ။ဖမ်းချင်ရင် ကျောင်းမှာ သွားဖမ်းပေါ့။ တရားရုံးကို လာပါဆိုတော့ တရားရုံးက သံဃာတော်တွေကို သီတင်းသုံးတဲ့နေရာမဟုတ်ပါဘူး” လို့  မျိုးချစ်မြန်မာရဟန်းပျိုများသမဂ္ဂ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင် အရှင်တေဇ၀န္တသက ပြောပါတယ်။

ချမ်းသာ(Kumudra)

No comments:

Post a Comment